ဝက္တုပ္ေကြးေရာဂါ ကာကြယ္ဖို့ ဝက္ေတြကို အထပ္ျမင့္အေဆာက္အဦးထဲ ေမြးထည့္ထားတဲ့ကုမၸဏီ (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ Yangxiang ပုဂၢလိကစိုက္ပ်ိဳးေမြးျမဴေရးကုမၸဏီတစ္ခုဟာ Guangxiေဒသေတာင္ပိုင္းရဲ့ Yaji ေတာင္ေစာင္းေတြမွာ ေမြးျမဴေရးဝက္ေတြအတြက္ အထူးအေဆာက္အဦးေတြကို ေဆာက္လုပ္ခဲ့ၿပီး ကမၻာေပၚမွာ အႀကီးဆုံးဝက္ၿခံတစ္ခုအျဖစ္ ခန္႔မွန္းရပါတယ္။တံခါးအလုံပိတ္အခန္းမ်ားပါဝင္တဲ့အဆိုပါအေဆာက္အဦးကို ၂၀၁၈ခုႏွစ္မွစၿပီး လူဦးေရ သန္းေပါင္း ၂၀၀ သို့မဟုတ္ ကမၻာ့လူဦးေရရဲ့ထက္ဝက္ကိုေသဆုံးေစခဲ့တဲ့ဝက္တုပ္ေကြးေရာဂါျဖစ္ပြါးမွုအႏၲရာယ္ကို ကာကြယ္နိုင္ဖို့ ရည္ရြယ္ခ်က္နဲ႔တည္ေဆာက္ခဲ့ၾကတာပါ။အဆိုပါဝက္ၿခံမွာ ႏွစ္စဥ္ ဝက္အေကာင္ေရေပါင္း ၈၄၀,၀၀၀ ထုတ္လုပ္ဖို့ ေမၽွာ္လင့္ထားၾကပါတယ္။အေဆာက္အဦးတစ္ခုစီမွာ အထပ္ေပါင္း ၁၃ထပ္ရွိၿပီး အဆိုပါအေဆာက္အဦးဟာ ကမၻာ့အျမင့္ဆုံးေမြးျမဴေရးဝက္ၿခံအျဖစ္ တည္ရွိေနပါတယ္။

“အထပ္ျမင့္ တိရိစၧာန္ေမြးျမဴေရးက အားသာခ်က္ေတြ အမ်ားႀကီးရွိတယ္၊ဒီအေဆာက္အဦးက စြမ္းအားနဲ႔အရင္းအျမစ္ေတြကို ေခၽြတာေပးတယ္၊ေျမဆီလႊာက နည္းေပမဲ့ ဝက္မ်ားစြာ ေမြးျမဴနိုင္တယ္”လို့ မန္ေနဂ်ာက ဆိုထားပါတယ္။ရိုးရာေမြးျမဴေရးဝက္ၿခံေတြက ဝက္တုပ္ေကြးေရာဂါတစ္မ်ိဳးတည္းအတြက္ဘဲ ထိန္းသိမ္းထားနိုင္တာေၾကာင့္ ယခင္က ေရာဂါကူးစက္မွုႏွုန္းျမင့္မားခဲ့ရတယ္၊အခု အထပ္ျမင့္ဝက္ၿခံေတြကိုေတာ့ အလြန္ထိန္းခ်ဳပ္ထားၿပီး သူ႔ရဲ့ဇီဝလုံျခဳံမွုစံႏွုန္းေတြက ရိုးရာဝက္ၿခံေတြထက္ သာလြန္ေၾကာင္း ေစ်းကြက္ေလ့လာဆန္းစစ္တဲ့ကုမၸဏီ Mecardoရဲ့အမွုေဆာင္အရာရွိခ်ဳပ္ Robert Herrmannက ေျပာၾကားခဲ့ပါတယ္။

Yangxiangကုမၸဏီဟာ အဆိုပါအႀကံဥာဏ္ရွိတဲ့တစ္ခုတည္းေသာ တ႐ုတ္စိုက္ပ်ိဳးေရးကုမၸဏီမဟုတ္ပါဘူး။ Shenzhen Jinxinnong Technology Co Ltdလည္း တ႐ုတ္ျပည္အေရွ႕ေတာင္ဘက္ Fujianျပည္နယ္မွာ ငါးထပ္ပါတဲ့ဝက္ၿခံႏွစ္ခုကို ေဆာက္လုပ္ဖို့ စီစဥ္ထားေၾကာင္း ရိုက္တာသတင္းဌာနက ေျပာၾကားထားပါေသးတယ္။

4

5

6

7

8

9

10

11

12

Mia (Mckzone Daily)

Source : siakapkeli

Unicode

တရုတ်နိုင်ငံရှိ Yangxiang ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးကုမ္ပဏီတစ်ခုဟာ Guangxiဒေသတောင်ပိုင်းရဲ့ Yaji တောင်စောင်းတွေမှာ မွေးမြူရေးဝက်တွေအတွက် အထူးအဆောက်အဦးတွေကို ဆောက်လုပ်ခဲ့ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးဝက်ခြံတစ်ခုအဖြစ် ခန့်မှန်းရပါတယ်။တံခါးအလုံပိတ်အခန်းများပါဝင်တဲ့အဆိုပါအဆောက်အဦးကို ၂၀၁၈ခုနှစ်မှစပြီး လူဦးရေ သန်းပေါင်း ၂၀၀ သို့မဟုတ် ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ကိုသေဆုံးစေခဲ့တဲ့ဝက်တုပ်ကွေးရောဂါဖြစ်ပွါးမှုအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့တည်ဆောက်ခဲ့ကြတာပါ။အဆိုပါဝက်ခြံမှာ နှစ်စဉ် ဝက်အကောင်ရေပေါင်း ၈၄၀,၀၀၀ ထုတ်လုပ်ဖို့ မျှော်လင့်ထားကြပါတယ်။အဆောက်အဦးတစ်ခုစီမှာ အထပ်ပေါင်း ၁၃ထပ်ရှိပြီး အဆိုပါအဆောက်အဦးဟာ ကမ္ဘာ့အမြင့်ဆုံးမွေးမြူရေးဝက်ခြံအဖြစ် တည်ရှိနေပါတယ်။

“အထပ်မြင့် တိရိစ္ဆာန်မွေးမြူရေးက အားသာချက်တွေ အများကြီးရှိတယ်၊ဒီအဆောက်အဦးက စွမ်းအားနဲ့အရင်းအမြစ်တွေကို ချွေတာပေးတယ်၊မြေဆီလွှာက နည်းပေမဲ့ ဝက်များစွာ မွေးမြူနိုင်တယ်”လို့ မန်နေဂျာက ဆိုထားပါတယ်။ရိုးရာမွေးမြူရေးဝက်ခြံတွေက ဝက်တုပ်ကွေးရောဂါတစ်မျိုးတည်းအတွက်ဘဲ ထိန်းသိမ်းထားနိုင်တာကြောင့် ယခင်က ရောဂါကူးစက်မှုနှုန်းမြင့်မားခဲ့ရတယ်၊အခု အထပ်မြင့်ဝက်ခြံတွေကိုတော့ အလွန်ထိန်းချုပ်ထားပြီး သူ့ရဲ့ဇီဝလုံခြုံမှုစံနှုန်းတွေက ရိုးရာဝက်ခြံတွေထက် သာလွန်ကြောင်း ဈေးကွက်လေ့လာဆန်းစစ်တဲ့ကုမ္ပဏီ Mecardoရဲ့အမှုဆောင်အရာရှိချုပ် Robert Herrmannက ပြောကြားခဲ့ပါတယ်။

Yangxiangကုမ္ပဏီဟာ အဆိုပါအကြံဉာဏ်ရှိတဲ့တစ်ခုတည်းသော တရုတ်စိုက်ပျိုးရေးကုမ္ပဏီမဟုတ်ပါဘူး။ Shenzhen Jinxinnong Technology Co Ltdလည်း တရုတ်ပြည်အရှေ့တောင်ဘက် Fujianပြည်နယ်မှာ ငါးထပ်ပါတဲ့ဝက်ခြံနှစ်ခုကို ဆောက်လုပ်ဖို့ စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနက ပြောကြားထားပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "ဝက္တုပ္ေကြးေရာဂါ ကာကြယ္ဖို့ ဝက္ေတြကို အထပ္ျမင့္အေဆာက္အဦးထဲ ေမြးထည့္ထားတဲ့ကုမၸဏီ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*