ထမင္းပန္းကန္ထဲ ဆံပင္ေမြးပါလာလို႔ဆိုၿပီး ဇနီးသည္ကိုေခါင္းတံုးရိတ္ပစ္ခဲ့တဲ့လုပ္ရပ္ေၾကာင့္ မ႐ႈမလွဒုကၡေရာက္ခဲ့တဲ့ခင္ပြန္း

စားေသာက္ဆိုင္ေတြမွာ သြားစားေသာက္လို႔ ထမင္းပန္းကန္ထဲဆံပင္ေမြးပါလာခဲ့မယ္ဆိုရင္ လံုးဝဆက္မစားႏိုင္ေတာ့ဘဲ ဆိုင္ပိုင္႐ွင္ကိုေခၚၿပီးဆူပူမိေလာက္တဲ့အထိပဲအဆိုးဆံုး ျဖစ္မိၾကမွာပါ ။ သို႔ေပမဲ့ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက အမ်ိဳးသားတစ္ဦးကေတာ့ လံုးဝေမ့ေပ်ာက္ၿပီးခြင့္လႊတ္ေပးလို႔မရတဲ့ပံုစံမ်ိဳးနဲ႔ အဆိုပါကိစၥကိုေျဖ႐ွင္းခဲ့ပါတယ္ ။ အဲဒါကေတာ့ အဆိုပါအသက္ 35ႏွစ္အရြယ္အမ်ိဳးသားဟာ ၿပီးခဲ့တဲ့ေန႔ကဇနီးျဖစ္သူျပင္ဆင္ထားေပးခဲ့တဲ့ မနက္စာမွာဆံပင္ေမြးတစ္ေမြးေတြ႔႐ွိခဲ့တဲ့အတြက္ ဇနီးျဖစ္သူ၏ေခါင္းတစ္ခုလံုးကို ကတံုးတံုးပစ္ခဲ့ပါေတာ့တယ္ ။ ေဒသခံရဲအရာ႐ွိတစ္ေယာက္ရဲ႕ေျပာဆိုခ်က္အရ ခင္ပြန္းျဖစ္သူဟာဇနီးသည္ျပင္ဆင္ေပးခဲ့တဲ့ ထမင္းနဲ႔ႏြားႏို႔အေပၚမွာ ဆံပင္ေမြးတစ္ေမြးေတြ႔ခဲ့တဲ့အတြက္ ခ်က္ခ်င္းပဲပန္းကန္ေတြကို ပစ္ေပါက္ခဲ့ပါတယ္ ။

ခင္ပြန္းျဖစ္သူဟာ ဇနီးသည္ရဲ႕ဆံပင္ေမြးကိုျမင္ၿပီးေနာက္ စိတ္ဆိုးေဒါသထြက္ကာ ၊ အျပစ္တင္ေဝဖန္ခဲ့ပါတယ္ ။ ထို႔ေနာက္ ဓားကိုဆြဲယူၿပီး ဇနီးသည္ကိုအတင္းအဓမၼေခါင္းတံုးရိတ္ပစ္ခဲ့ပါေတာ့တယ္ ။ Bablu Mondal အမည္႐ွိတဲ့အဆိုပါခင္ပြန္းျဖစ္သူဟာ သူ၏အသက္ 23ႏွစ္အရြယ္ဇနီးျဖစ္သူကို ” ဆႏၵအေလ်ာက္မေက်နပ္တဲ့အခ်က္ေတြနဲ႔ ထိခိုက္နာက်င္ေစမႈ ” ႏွင့္ ” ကၠေျႏၵပ်က္ေအာင္ ေႏွာင့္ယွက္ေစာ္ကားမႈတို႔ေၾကာင့္ ” ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါျပစ္မႈေတြေၾကာင့္ Bablu Mondal ကိုေထာင္ဒဏ္အျမင့္ဆံုး 14ႏွစ္ခ်မွတ္ခဲ့ပါတယ္ ။ အဆိုပါျပစ္မႈအတြက္ခ်မွတ္လိုက္ေသာ ေထာင္ဒဏ္ေတြေၾကာင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွာေၾကာက္လြန္႔စြာေနထိုင္ေနရတဲ့အမ်ိဳးသမီးမ်ားအတြက္ စိတ္သက္သာရာရ႐ွိေစခဲ့ပါတယ္ ။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွ လူ႔အခြင့္အေရးအတြက္ ႀကိဳးစားလႈပ္ေဆာင္းေနၾကတဲ့အဖြဲ႔ဝင္မ်ားက အမ်ိဳးသမီးမ်ားကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈမ်ား ၊ ညႇင္းပန္းႏွိပ္စက္မႈမ်ားအတြက္ ဥပေဒမ်ားစြာပိုထား႐ွိဖို႔ ႀကိဳးစားၿပီးတြန္းအားေပးေနလ်က္ ႐ွိၾကပါတယ္ ။ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဟာ 2019 ခုႏွစ္ရဲ႕ပထမႏွစ္ဝက္မွာတင္ပဲ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈမ်ားဟာတစ္ရက္ကို 3ေယာက္ဝန္းက်င္ခန္႔ျဖစ္ပြားေနလ်က္႐ွိၿပီး ၊ 6လအတြင္းပို အမ်ိဳးသမီးအေယာက္ေပါင္း 630 ခန္႔လိင္ပိုင္းဆိုင္ရာေစာ္ကားမႈခံေနရၿပီး ၎တို႔ထဲမွ 37 ေယာက္ခန္႔ဟာ ေစာ္ကားမႈခံရၿပီးေနာက္အသတ္ခံခဲ့ရတဲ့သူမ်ားျဖစ္ၾကၿပီး က်န္7ေယာက္မွာေတာ့ ကိုယ့္ကိုသတ္ေသခဲ့ၾကေၾကာင္း ေလ့လာစမ္းစစ္မႈေတြအရ သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စားသောက်ဆိုင်တွေမှာ သွားစားသောက်လို့ ထမင်းပန်းကန်ထဲဆံပင်မွေးပါလာခဲ့မယ်ဆိုရင် လုံးဝဆက်မစားနိုင်တော့ဘဲ ဆိုင်ပိုင်ရှင်ကိုခေါ်ပြီးဆူပူမိလောက်တဲ့အထိပဲအဆိုးဆုံး ဖြစ်မိကြမှာပါ ။ သို့ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမျိုးသားတစ်ဦးကတော့ လုံးဝမေ့ပျောက်ပြီးခွင့်လွှတ်ပေးလို့မရတဲ့ပုံစံမျိုးနဲ့ အဆိုပါကိစ္စကိုဖြေရှင်းခဲ့ပါတယ် ။ အဲဒါကတော့ အဆိုပါအသက် 35နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့နေ့ကဇနီးဖြစ်သူပြင်ဆင်ထားပေးခဲ့တဲ့ မနက်စာမှာဆံပင်မွေးတစ်မွေးတွေ့ရှိခဲ့တဲ့အတွက် ဇနီးဖြစ်သူ၏ခေါင်းတစ်ခုလုံးကို ကတုံးတုံးပစ်ခဲ့ပါတော့တယ် ။ ဒေသခံရဲအရာရှိတစ်ယောက်ရဲ့ပြောဆိုချက်အရ ခင်ပွန်းဖြစ်သူဟာဇနီးသည်ပြင်ဆင်ပေးခဲ့တဲ့ ထမင်းနဲ့နွားနို့အပေါ်မှာ ဆံပင်မွေးတစ်မွေးတွေ့ခဲ့တဲ့အတွက် ချက်ချင်းပဲပန်းကန်တွေကို ပစ်ပေါက်ခဲ့ပါတယ် ။

ခင်ပွန်းဖြစ်သူဟာ ဇနီးသည်ရဲ့ဆံပင်မွေးကိုမြင်ပြီးနောက် စိတ်ဆိုးဒေါသထွက်ကာ ၊ အပြစ်တင်ဝေဖန်ခဲ့ပါတယ် ။ ထို့နောက် ဓားကိုဆွဲယူပြီး ဇနီးသည်ကိုအတင်းအဓမ္မခေါင်းတုံးရိတ်ပစ်ခဲ့ပါတော့တယ် ။ Bablu Mondal အမည်ရှိတဲ့အဆိုပါခင်ပွန်းဖြစ်သူဟာ သူ၏အသက် 23နှစ်အရွယ်ဇနီးဖြစ်သူကို ” ဆန္ဒအလျောက်မကျေနပ်တဲ့အချက်တွေနဲ့ ထိခိုက်နာကျင်စေမှု ” နှင့် ” က္ကန္ဒြေပျက်အောင် နှောင့်ယှက်စော်ကားမှုတို့ကြောင့် ” ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရပါတယ် ။ အဆိုပါပြစ်မှုတွေကြောင့် Bablu Mondal ကိုထောင်ဒဏ်အမြင့်ဆုံး 14နှစ်ချမှတ်ခဲ့ပါတယ် ။ အဆိုပါပြစ်မှုအတွက်ချမှတ်လိုက်သော ထောင်ဒဏ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကြောက်လွန့်စွာနေထိုင်နေရတဲ့အမျိုးသမီးများအတွက် စိတ်သက်သာရာရရှိစေခဲ့ပါတယ် ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူ့အခွင့်အရေးအတွက် ကြိုးစားလှုပ်ဆောင်းနေကြတဲ့အဖွဲ့ဝင်များက အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ၊ ညှင်းပန်းနှိပ်စက်မှုများအတွက် ဥပဒေများစွာပိုထားရှိဖို့ ကြိုးစားပြီးတွန်းအားပေးနေလျက် ရှိကြပါတယ် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ 2019 ခုနှစ်ရဲ့ပထမနှစ်ဝက်မှာတင်ပဲ လိင်ပိုင်းဆိုင်ရာစော်ကားမှုများဟာတစ်ရက်ကို 3ယောက်ဝန်းကျင်ခန့်ဖြစ်ပွားနေလျက်ရှိပြီး ၊ 6လအတွင်းပို အမျိုးသမီးအယောက်ပေါင်း 630 ခန့်လိင်ပိုင်းဆိုင်ရာစော်ကားမှုခံနေရပြီး ၎င်းတို့ထဲမှ 37 ယောက်ခန့်ဟာ စော်ကားမှုခံရပြီးနောက်အသတ်ခံခဲ့ရတဲ့သူများဖြစ်ကြပြီး ကျန်7ယောက်မှာတော့ ကိုယ့်ကိုသတ်သေခဲ့ကြကြောင်း လေ့လာစမ်းစစ်မှုတွေအရ သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ထမင္းပန္းကန္ထဲ ဆံပင္ေမြးပါလာလို႔ဆိုၿပီး ဇနီးသည္ကိုေခါင္းတံုးရိတ္ပစ္ခဲ့တဲ့လုပ္ရပ္ေၾကာင့္ မ႐ႈမလွဒုကၡေရာက္ခဲ့တဲ့ခင္ပြန္း"

Leave a comment

Your email address will not be published.


*