ငါးရိုးတွေကို ကျွေးခဲ့လို့ အာခေါင်မှာခံနေပြီး ဒုက္ခရောက်ခဲ့ရတဲ့ ကြောင်လေး




Mia (Mckzone Daily)

Source : worldofbuzz

Unicode

ကြောင်တွေဟာ ငါးအရိုးကြိုက်နှစ်သက်တဲ့ဒဏ္ဍာရီတစ်ပိုဒ်အကြောင်း ယုံကြည်ခြင်းကို ကျွန်တော်တို့ အခုဘဲရပ်တန့်သင့်ပါပြီ။ကျွန်တော်တို့က ဆာလောင်မွတ်သိပ်နေတဲ့ကြောင်လေးတွေကို အစာကျွေးလိုတဲ့ရည်ရွယ်ချက်နဲ့ ငါးရိုးတွေကျွေးလိုက်ပေမဲ့ အဆိုပါငါးရိုးတွေဟာ သူတို့ရဲ့အတွင်းပိုင်းအင်္ဂါကို ပျက်စီးစေပါတယ်။မကြာသေးမီက ကြောင်တစ်ကောင်ရဲ့အာခေါင်မှာခံနေတဲ့ငါးရိုးကြောင့် ကြောင်လေးအား တိရိစ္ဆာန်ဆေးကုဆရာဝန်သို့ အမြန်ခေါ်ဆောင်သွားခဲ့ရပါတယ်။

Twitter အသုံးပြုသူ @hudialfarich ကမျှဝေထားတဲ့ဓာတ်ပုံတွေထဲမှာအဆိုပါကြောင်လေးရဲ့ အဆင်မပြေမှုတွေကိုတွေ့မြင်နိုင်ပါတယ်။ကံကောင်းထောက်မစွာနဲ့ တိရိစ္ဆာန်ဆေးကုဆရာဝန်က သနားစရာကောင်းတဲ့ကြောင်လေး ထပ်ပြီး မနာကျင်ရစေဖို့ ငါးရိုးကို ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့စားကြွင်းစားကျန်တွေကိုကျွေးနိုင်ပေမဲ့လည်း အရိုးတွေကိုတော့ ဖယ်ရှားပေးပြီးမှကျွေးကြပါ။

အရိုးတစ်ချောင်းကို မတော်တဆမျိုချမိရင် ကြောင်ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကြောင်တစ်ကောင်ဖြတ်သန်းသွားရမဲ့ ဆင်းရဲဒုက္ခတွေကို စိတ်ကူးကြည့်ရင်တော့ ကြောင်ချစ်သူတွေအတွက် အတော်လေးရင်နာစရာကောင်းနေမှာပါ။ဒါကြောင့် သင် ကြိုက်တဲ့ဘယ်လိုအစားအစာကိုမဆို သင်အချစ်တော်လေးတွေကို ကျွေးလိုပါက အထူး သတိထားကြပါ။

Mia (Mckzone Daily)

  • Leave a Comment