စားေသာက္ဆိုင္အထဲထိဝင္ၿပီး လက္ထဲမွပိုက္ဆံအိတ္ကိုဆြဲၿပီးလုယူခဲ့တဲ့ ရဲတင္းလြန္းလွတဲ့ သူခိုး (႐ုပ္/သံ)

မ်ားေသာအားျဖင့္ သူခိုးေတြ ၊ လုယက္သမားေတြဟာ အမ်ိဳးသမီးမ်ားကိုသာအဓိက ပစ္မွတ္ထားၿပီးလုယူေလ့႐ွိၾကပါတယ္ ။ အထူးသျဖင့္ေတာ့ ပိုက္ဆံအိတ္ေတြကိဳင္ျပီး လမ္းသြားလမ္းလာလုပ္ေနတုန္း ဘာကိုမွသိပ္ၿပီး ဂ႐ုတစိုက္မ႐ွိဘဲ ၊ ေပါ့ဆမိတဲ့အခ်ိန္ေတြမွာျဖစ္ေလ့႐ွိေပမဲ့ ဒီတစ္ေခါက္မွာေတာ့ ကိုယ္ေတြေတြးျမင္မိတဲ့အဆင့္ထိေက်ာ္လြန္ၿပီး သူခိုးတစ္ေယာက္ရဲ႕လုပ္ရပ္ဟာ အေတာ္ေလးရဲတင္းလြန္းလွပါတယ္ ။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 7ရက္ေန႔က အမ်ိဳးသမီးတစ္ေယာက္ဟာ သူမ၏သား ႏွင့္ ခင္ပြန္းတို႔ႏွင့္အတူ မေလး႐ွားႏိုင္ငံ Kuala Lumpur ၿမိဳ႕မွာ႐ွိတဲ့ ေကာ္ဖီဆိုင္မွာေအးေအးလူလူထိုင္ေနတုန္း သူခိုးတစ္ေယာက္ရဲ႕ ဆြဲယူလုယက္မႈခံခဲ့ရပံုကို CCTV ကင္မရာကေနတစ္ဆင့္႐ိုက္ယူထားႏိုင္ခဲ့ၿပီး အဆိုပါ Video ကို Facebook ေပၚတြင္ျပန္လည္ေဝမ်ွထားခဲ့ပါတယ္ ။

၎တို႔ရဲ႕စားပြဲဝိုင္းဟာ ဆိုင္ရဲ႕အျပင္ဖက္မွာ႐ွိေနခဲ့ၿပီး ၊ သူတို႔ေတြကေတာ့ တစ္ဦးနဲ႔တစ္ဦး ေအးေအးလူလူစကားေျပာဆိုေနခဲ့ၾကတာပါ ။ ထိုအခ်ိန္မွာပဲ အမဲေရာင္ဝတ္စံုႏွင့္အမ်ိဳးသားတစ္ဦးဟာ ဆိုင္ရဲ႕အျပင္ဘက္ဝရံတာဖက္သို႔ေရာက္႐ွိလာခဲ့ၿပီး ဖုန္းေျပာေနသလိုျဖင့္ အဆိုပါမိသားစုဝင္မ်ားထိုင္ေနတဲ့စားပြဲဝိုင္းဖက္သို႔ လမ္းေလ်ွာက္လာခဲ့ပါတယ္ ။ ဖုန္းေျပာသလိုဆက္ၿပီး ဟန္ေဆာင္ေနခဲ့ၿပီးေနာက္ အဆိုပါအမ်ိဳးသမီး၏အနီးနားသို႔ေရာက္႐ွိလာသည္ႏွင့္တစ္ၿပိဳင္နက္ သူမ၏ေပါင္ေပၚမွပိုက္ဆံအိတ္ကိုဆြဲယူကာေနာက္လွည့္မၾကည့္တန္း ထြက္ေျပးခဲ့ပါေတာ့တယ္ ။

အဆိုပါမိသားစုဝင္ေတြက အေတာ္ေလးကိုအံ့ျသထိတ္လန္႔သြားခဲ့ၾကၿပီး ခင္ပြန္းျဖစ္သူမွာေတာ့ သူခိုးေနာက္အမွီလိုက္ဖမ္းကာ သားႏွင့္ဇနီးျဖစ္သူမွာေတာ့ ေနာက္ကေနလိုက္ေျပးခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ မေလး႐ွားႏိုင္ငံမွာျဖစ္ပ်က္ခဲ့တာဆိုေပမဲ့လည္း ကိုယ္ေတြရဲ႕ႏိုင္ငံမွာလည္း အလားတူျဖစ္ရပ္မ်ိဳးမၾကာခဏၾကားဖူး ျမင္ဖူးၾကမွာပါ ။ ေခတ္ကာလအရ လူေတြဟာအေတာ္ေလးကိုပ်က္ဆီးေနၾကၿပီး အလြယ္တကူပိုက္ဆံရဖို႔ ရသလိုၾကံၿပီး အိတ္ေတြကိုင္ဆြဲေလ့႐ွိတဲ့အမ်ိဳးသမီးမ်ားကို အဓိကပစ္မွတ္အေနနဲ႔ ၾကံစည္ေလ့႐ွိေသာေၾကာင့္ ပိုၿပီးသတိဝီရိယနဲ႔ေနထိုင္ျခင္းက မမွာပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

များသောအားဖြင့် သူခိုးတွေ ၊ လုယက်သမားတွေဟာ အမျိုးသမီးများကိုသာအဓိက ပစ်မှတ်ထားပြီးလုယူလေ့ရှိကြပါတယ် ။ အထူးသဖြင့်တော့ ပိုက်ဆံအိတ်တွေကိုင်ပြီး လမ်းသွားလမ်းလာလုပ်နေတုန်း ဘာကိုမှသိပ်ပြီး ဂရုတစိုက်မရှိဘဲ ၊ ပေါ့ဆမိတဲ့အချိန်တွေမှာဖြစ်လေ့ရှိပေမဲ့ ဒီတစ်ခေါက်မှာတော့ ကိုယ်တွေတွေးမြင်မိတဲ့အဆင့်ထိကျော်လွန်ပြီး သူခိုးတစ်ယောက်ရဲ့လုပ်ရပ်ဟာ အတော်လေးရဲတင်းလွန်းလှပါတယ် ။ ပြီးခဲ့တဲ့ အောက်တိုဘာလ 7ရက်နေ့က အမျိုးသမီးတစ်ယောက်ဟာ သူမ၏သား နှင့် ခင်ပွန်းတို့နှင့်အတူ မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာရှိတဲ့ ကော်ဖီဆိုင်မှာအေးအေးလူလူထိုင်နေတုန်း သူခိုးတစ်ယောက်ရဲ့ ဆွဲယူလုယက်မှုခံခဲ့ရပုံကို CCTV ကင်မရာကနေတစ်ဆင့်ရိုက်ယူထားနိုင်ခဲ့ပြီး အဆိုပါ Video ကို Facebook ပေါ်တွင်ပြန်လည်ဝေမျှထားခဲ့ပါတယ် ။

၎င်းတို့ရဲ့စားပွဲဝိုင်းဟာ ဆိုင်ရဲ့အပြင်ဖက်မှာရှိနေခဲ့ပြီး ၊ သူတို့တွေကတော့ တစ်ဦးနဲ့တစ်ဦး အေးအေးလူလူစကားပြောဆိုနေခဲ့ကြတာပါ ။ ထိုအချိန်မှာပဲ အမဲရောင်ဝတ်စုံနှင့်အမျိုးသားတစ်ဦးဟာ ဆိုင်ရဲ့အပြင်ဘက်ဝရံတာဖက်သို့ရောက်ရှိလာခဲ့ပြီး ဖုန်းပြောနေသလိုဖြင့် အဆိုပါမိသားစုဝင်များထိုင်နေတဲ့စားပွဲဝိုင်းဖက်သို့ လမ်းလျှောက်လာခဲ့ပါတယ် ။ ဖုန်းပြောသလိုဆက်ပြီး ဟန်ဆောင်နေခဲ့ပြီးနောက် အဆိုပါအမျိုးသမီး၏အနီးနားသို့ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူမ၏ပေါင်ပေါ်မှပိုက်ဆံအိတ်ကိုဆွဲယူကာနောက်လှည့်မကြည့်တန်း ထွက်ပြေးခဲ့ပါတော့တယ် ။

အဆိုပါမိသားစုဝင်တွေက အတော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ကြပြီး ခင်ပွန်းဖြစ်သူမှာတော့ သူခိုးနောက်အမှီလိုက်ဖမ်းကာ သားနှင့်ဇနီးဖြစ်သူမှာတော့ နောက်ကနေလိုက်ပြေးခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံမှာဖြစ်ပျက်ခဲ့တာဆိုပေမဲ့လည်း ကိုယ်တွေရဲ့နိုင်ငံမှာလည်း အလားတူဖြစ်ရပ်မျိုးမကြာခဏကြားဖူး မြင်ဖူးကြမှာပါ ။ ခေတ်ကာလအရ လူတွေဟာအတော်လေးကိုပျက်ဆီးနေကြပြီး အလွယ်တကူပိုက်ဆံရဖို့ ရသလိုကြံပြီး အိတ်တွေကိုင်ဆွဲလေ့ရှိတဲ့အမျိုးသမီးများကို အဓိကပစ်မှတ်အနေနဲ့ ကြံစည်လေ့ရှိသောကြောင့် ပိုပြီးသတိဝီရိယနဲ့နေထိုင်ခြင်းက မမှာပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "စားေသာက္ဆိုင္အထဲထိဝင္ၿပီး လက္ထဲမွပိုက္ဆံအိတ္ကိုဆြဲၿပီးလုယူခဲ့တဲ့ ရဲတင္းလြန္းလွတဲ့ သူခိုး (႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*