လူ႔အရပ္ေလာက္ ရွည္လ်ားတဲ့အာလူးေၾကာ္ဘူးအသစ္ကို မိတ္ဆက္လိုက္တဲ့ အာလူးေၾကာ္ကုမၸဏီ

Pringles တံဆိပ္နဲ႔အာလူးေၾကာ္ဘူးကို ေယာက္တိုင္းစားဖူးၾကမွာပါ။နိုဝင္ဘာလ ၁၁ရက္ေန႔က ဂ်ပန္နိုင္ငံရွိ Pringles Japan ဟာ သူတို့ရဲ့Twitter စာမ်က္ႏွာမွာ အဆိုပါေန႔ဟာ Pringles ေန႔အျဖစ္ ေၾကာျငာခဲ့ပါတယ္။အဆိုပါ အခမ္းအနားကို ဂုဏ္ျပဳဖို့ သူတို့ကုမၸဏီရဲ့ေျပာေရးဆိုခြင့္ရွိသူ Fuwa Chan ရဲ့အရပ္အျမင့္နဲ႔တူညီၿပီး လူ႔အျမင့္ေလာက္ရွိတဲ့ ၁၆၁ စင္တီမီတာ အာလူးေၾကာ္ဘူးကို ထုတ္လုပ္လိုက္ပါတယ္။လူ ၁၁ေယာက္ဟာ သူတို့ရဲ့အရပ္အလိုက္ Pringlesအာလူးေၾကာ္ဘူးကို ရရွိမွာျဖစ္ၿပီး အဆိုပါ လူ၁၁ေယာက္ဟာ သူတို့ရဲ့ Twitter giveaway ထီေပါက္မွ ရရွိနိုင္မွာပါ။

ဆုေပါက္ဖို့ အသုံးျပဳသူေတြက အသစ္ထုတ္လိုက္တဲ့ Pringlesအာလူးေၾကာ္စားၿပီး ဘယ္လိုခံစားရေၾကာင္းနဲ႔ ကိုယ့္ရဲ့အရပ္အျမင့္ကိုပါ သူတို့ရဲ့Twitter ေအာက္မွာ ေဖာ္ျပေပးဖို့ လိုအပ္ပါတယ္။Twitter အသုံးျပဳသူတစ္ဦးက အဆိုပါ အာလူးေၾကာ္ကို တစ္ခါမွမစားဖူးတဲ့ ပုံစံနဲ႔ ေဖာ္ျပေပးမယ္ျဖစ္ေၾကာင္း”ငါ့ထင္ျမင္ခ်က္ကေတာ့ chewy chewyျဖစ္ၿပီး အရမ္းေကာင္းတယ္ အဲ့တာက ေခ်ာေခ်ာေမြ႕ေမြ႕ေလး ပါးစပ္ထဲဝင္သြားတယ္”လို့ဆိုကာ ဘယ္လိုေတာင္ မျဖစ္နိုင္တဲ့ သူ႔အရပ္က ၇မီတာနဲ႔၄၈စင္တီမီတာရွိေၾကာင္း ေနာက္ေျပာင္ထားပါေသးတယ္။

Pringles Japanက SoraNews24 သတင္းရဲ့Ahiru Nekoအမည္ရွိတဲ့အမ်ိဳးသားတစ္ဦးအား အဆိုပါအာလူးေၾကာ္ဗူးကို ေပးပို့ခဲ့ၿပီး သူေၾကာ္ျငာေပးတဲ့ပုံေတြကလည္း အေတာ္ေလး ေပ်ာ္စရာေကာင္းေနပုံရပါတယ္။Pringles က လူ႔အရပ္ေလာက္ရွိတဲ့ အဲ့ဒီအာလူးေၾကာ္ဗူးေတြကို ျမန္မာမွာလည္း ေရာင္းခ်ေပးရင္ေတာ့ အာလူးေၾကာ္ခ်စ္သူေတြအတြက္ အေတာ္ေလး စိတ္ခ်မ္းသာစရာေကာင္းေနမွာပါ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

Pringles တံဆိပ်နဲ့အာလူးကြော်ဘူးကို ယောက်တိုင်းစားဖူးကြမှာပါ။နိုဝင်ဘာလ ၁၁ရက်နေ့က ဂျပန်နိုင်ငံရှိ Pringles Japan ဟာ သူတို့ရဲ့Twitter စာမျက်နှာမှာ အဆိုပါနေ့ဟာ Pringles နေ့အဖြစ် ကြောငြာခဲ့ပါတယ်။အဆိုပါ အခမ်းအနားကို ဂုဏ်ပြုဖို့ သူတို့ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူ Fuwa Chan ရဲ့အရပ်အမြင့်နဲ့တူညီပြီး လူ့အမြင့်လောက်ရှိတဲ့ ၁၆၁ စင်တီမီတာ အာလူးကြော်ဘူးကို ထုတ်လုပ်လိုက်ပါတယ်။လူ ၁၁ယောက်ဟာ သူတို့ရဲ့အရပ်အလိုက် Pringlesအာလူးကြော်ဘူးကို ရရှိမှာဖြစ်ပြီး အဆိုပါ လူ၁၁ယောက်ဟာ သူတို့ရဲ့ Twitter giveaway ထီပေါက်မှ ရရှိနိုင်မှာပါ။

ဆုပေါက်ဖို့ အသုံးပြုသူတွေက အသစ်ထုတ်လိုက်တဲ့ Pringlesအာလူးကြော်စားပြီး ဘယ်လိုခံစားရကြောင်းနဲ့ ကိုယ့်ရဲ့အရပ်အမြင့်ကိုပါ သူတို့ရဲ့Twitter အောက်မှာ ဖော်ပြပေးဖို့ လိုအပ်ပါတယ်။Twitter အသုံးပြုသူတစ်ဦးက အဆိုပါ အာလူးကြော်ကို တစ်ခါမှမစားဖူးတဲ့ ပုံစံနဲ့ ဖော်ပြပေးမယ်ဖြစ်ကြောင်း”ငါ့ထင်မြင်ချက်ကတော့ chewy chewyဖြစ်ပြီး အရမ်းကောင်းတယ် အဲ့တာက ချောချောမွေ့မွေ့လေး ပါးစပ်ထဲဝင်သွားတယ်”လို့ဆိုကာ ဘယ်လိုတောင် မဖြစ်နိုင်တဲ့ သူ့အရပ်က ၇မီတာနဲ့၄၈စင်တီမီတာရှိကြောင်း နောက်ပြောင်ထားပါသေးတယ်။

Pringles Japanက SoraNews24 သတင်းရဲ့Ahiru Nekoအမည်ရှိတဲ့အမျိုးသားတစ်ဦးအား အဆိုပါအာလူးကြော်ဗူးကို ပေးပို့ခဲ့ပြီး သူကြော်ငြာပေးတဲ့ပုံတွေကလည်း အတော်လေး ပျော်စရာကောင်းနေပုံရပါတယ်။Pringles က လူ့အရပ်လောက်ရှိတဲ့ အဲ့ဒီအာလူးကြော်ဗူးတွေကို မြန်မာမှာလည်း ရောင်းချပေးရင်တော့ အာလူးကြော်ချစ်သူတွေအတွက် အတော်လေး စိတ်ချမ်းသာစရာကောင်းနေမှာပါ။

Mia (Mckzone Daily)

  • Leave a Comment