CT Scan စစ္ေဆးမႈျပဳလုပ္ခါမွ ဦးေႏွာက္ထဲအတြင္း အပ္ႏွစ္ေခ်ာင္းစိုက္ဝင္ေနမွန္း သိခဲ့ရတဲ့ မိန္းကေလး

တ႐ုတ္နိုင္ငံရွိ အသက္၂၉ ႏွစ္အရြယ္ Zhengzhouအမည္ရွိတဲ့အမ်ိဳးသမီးတစ္ဦးဟာ အေသးစားယာဥ္တိုက္မွုတစ္ခု မေတာ္တဆျဖစ္ပြါးခဲ့ၿပီးေနာက္ သူမရဲ့ ဦးေခါင္းပ်က္စီးမွုရွိမရွိသိရွိေစဖို့ CT Scan စစ္ေဆးမွုျပဳလုပ္ခဲ့ပါတယ္။CT Scan စစ္ေဆးခ်က္မွာ ယာဥ္တိုက္မွုႏွင့္ပတ္သက္တဲ့ဒဏ္ရာဒဏ္ခ်က္မရွိခဲ့ေပမဲ့ ခန႔္မွန္းေျခအရသူမရဲ့ဦးေႏွာက္အတြင္း အရွည္ ၅ စင္တီမီတာႏွင့္အခ်င္း ၄.၉ မီလီမီတာရွိတဲ့ သတၱဳအပ္ႏွစ္ေခ်ာင္းကိုေတြ႕ရွိခဲ့ရပါတယ္။ဦးေႏွာက္အတြင္းရွိအပ္ႏွစ္ေခ်ာင္းက ယာဥ္တိုက္မွုေၾကာင့္ ျဖစ္ပြါးခဲ့တာမဟုတ္ဘဲ ပိုထူးဆန္းတာက သူမဘဝတစ္ေလၽွာက္လုံးမွာ ဦးေခါင္းႏွင့္ပတ္သက္ၿပီးျပင္းထန္တဲ့နာက်င္မွုကို သူမ မခံစားခဲ့ရဖူးတာပါဘဲ။ဆရာဝန္ေတြက အဆိုပါအပ္ေတြဟာ သူမငယ္ငယ္ေလးကတည္းက သူမဦးေခါင္းထဲကို တမင္တကာ သို့မဟုတ္ မေတာ္တဆ ထည့္မိျခင္းျဖစ္နိုင္တယ္လို့ယုံၾကည္ေနၾကပါတယ္။

သူမဟာ ဦးေခါင္းႏွင့္ပတ္သက္တဲ့နာက်င္မွု သို့မဟုတ္ မရွင္းျပနိုင္တဲ့ေခါင္းကိုက္ျခင္းကို တစ္ခါမွမခံစားခဲ့ရေၾကာင္းႏွင့္ အဆိုပါအပ္ေတြဟာ အလြန္ပါးလႊာၿပီး ဦးေႏွာက္ထဲကလိုအပ္တဲ့ဧရိယာမွာ ျဖည့္သြင္းထားသလိုျဖစ္ေနတာေၾကာင့္ ဘာျပႆနာမွမရွိေၾကာင္း Zhengzhouက ေျပာၾကားခဲ့ပါတယ္။Zhengဟာ သူမရဲ့CT Scan စစ္ေဆးေတြ႕ရွိခ်က္ေတြကို ေဒသခံရဲတပ္ဖြဲ႕သို့တင္ျပခဲ့ၿပီး သူမရဲ့ဦးေႏွာက္အတြင္းရွိ အပ္ေတြက ဘယ္လိုေနရာကေနေရာက္လာၿပီး ဦးေႏွာက္ထဲ ဘယ္လိုေရာက္ရွိသြားရျခင္းကို သူမသံသယရွိေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Mia (Mckzone Daily)

Source : siakapkeli

Unicode

တရုတ်နိုင်ငံရှိ အသက်၂၉ နှစ်အရွယ် Zhengzhouအမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ အသေးစားယာဉ်တိုက်မှုတစ်ခု မတော်တဆဖြစ်ပွါးခဲ့ပြီးနောက် သူမရဲ့ ဦးခေါင်းပျက်စီးမှုရှိမရှိသိရှိစေဖို့ CT Scan စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။CT Scan စစ်ဆေးချက်မှာ ယာဉ်တိုက်မှုနှင့်ပတ်သက်တဲ့ဒဏ်ရာဒဏ်ချက်မရှိခဲ့ပေမဲ့ ခန့်မှန်းခြေအရသူမရဲ့ဦးနှောက်အတွင်း အရှည် ၅ စင်တီမီတာနှင့်အချင်း ၄.၉ မီလီမီတာရှိတဲ့ သတ္တုအပ်နှစ်ချောင်းကိုတွေ့ရှိခဲ့ရပါတယ်။ဦးနှောက်အတွင်းရှိအပ်နှစ်ချောင်းက ယာဉ်တိုက်မှုကြောင့် ဖြစ်ပွါးခဲ့တာမဟုတ်ဘဲ ပိုထူးဆန်းတာက သူမဘဝတစ်လျှောက်လုံးမှာ ဦးခေါင်းနှင့်ပတ်သက်ပြီးပြင်းထန်တဲ့နာကျင်မှုကို သူမ မခံစားခဲ့ရဖူးတာပါဘဲ။ဆရာဝန်တွေက အဆိုပါအပ်တွေဟာ သူမငယ်ငယ်လေးကတည်းက သူမဦးခေါင်းထဲကို တမင်တကာ သို့မဟုတ် မတော်တဆ ထည့်မိခြင်းဖြစ်နိုင်တယ်လို့ယုံကြည်နေကြပါတယ်။

သူမဟာ ဦးခေါင်းနှင့်ပတ်သက်တဲ့နာကျင်မှု သို့မဟုတ် မရှင်းပြနိုင်တဲ့ခေါင်းကိုက်ခြင်းကို တစ်ခါမှမခံစားခဲ့ရကြောင်းနှင့် အဆိုပါအပ်တွေဟာ အလွန်ပါးလွှာပြီး ဦးနှောက်ထဲကလိုအပ်တဲ့ဧရိယာမှာ ဖြည့်သွင်းထားသလိုဖြစ်နေတာကြောင့် ဘာပြဿနာမှမရှိကြောင်း Zhengzhouက ပြောကြားခဲ့ပါတယ်။Zhengဟာ သူမရဲ့CT Scan စစ်ဆေးတွေ့ရှိချက်တွေကို ဒေသခံရဲတပ်ဖွဲ့သို့တင်ပြခဲ့ပြီး သူမရဲ့ဦးနှောက်အတွင်းရှိ အပ်တွေက ဘယ်လိုနေရာကနေရောက်လာပြီး ဦးနှောက်ထဲ ဘယ်လိုရောက်ရှိသွားရခြင်းကို သူမသံသယရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment