FA အမ်ိဳးသားေတြကို ႏွစ္သိမ့္ႏိုင္ဖို႔ တီထြင္ဖန္တီးထားတဲ့ ‘ Girlfriend hand ‘ စက္႐ုပ္ခ်စ္သူလက္ကေလး ( ႐ုပ္သံ)

တစ္ေယာက္တည္းအထီးက်န္ေနၿပီး ဖမ္းဆုပ္ထားေပးနိုင္တဲ့လက္တစ္စုံကို လိုအပ္ေနတယ္လို့ သင္ခံစားေနရပါသလား။ဒါဆိုရင္ ဂ်ပန္သိပၸံပညာရွင္ေတြက သင္အလိုရွိတဲ့ဘယ္အခ်ိန္မဆို ဖမ္းဆုပ္ထားနိုင္ေအာင္ ဒီစက္႐ုပ္လက္ကို ဖန္တီးေပးလိုက္ပါတယ္။ဂ်ပန္နိုင္ငံရွိ Gifu တကၠသိုလ္မွ သိပၸံပညာရွင္ေတြတီထြင္ဖန္တီးခဲ့တဲ့ ဒီစက္႐ုပ္လက္ကို Osampo Kanojo ဘာသာျပန္အရ My Girlfriend in Walk လို့အမည္ေပးထားပါတယ္။ဒီစက္႐ုပ္လက္ဟာ တကယ့္လူ႔လက္လိုခံစားနိုင္ဖို့အတြက္ ဒီဇိုင္းထုတ္ထားတာပါ။သူ႔ရည္ရြယ္ခ်က္က အထီးက်န္သူေတြအတြက္ ႏွစ္သိမ့္မွု ႏွင့္ထိေတြ႕ဆက္ဆံမွုကိုေပးစြမ္းနိုင္ဖို့ျဖစ္ၿပီး အထူးသျဖင့္ ကူးစက္ေရာဂါဟာ လူအခ်င္းခ်င္းမ်က္ႏွာခ်င္းဆိုင္ဆက္သြယ္မွုကို ကန႔္သတ္ထားျခင္းေၾကာင့္ျဖစ္ပါတယ္။

ဒီစက္႐ုပ္လက္ဟာ လူတစ္ဦးရဲ့လက္ဖ်ံနဲ႔ထိန္းခ်ဴပ္ထားတဲ့အတြက္ေၾကာင့္ လူရဲ့လက္ကို လႊတ္ထားနိုင္ၿပီး အဆိုပါစက္႐ုပ္လက္ကလည္း ေျမေပၚကိုမျပဳတ္က်သြားနိုင္ပါဘူး။ဒါ့အျပင္ တစ္စုံတစ္ဦးရဲ့လက္ကိုအခ်ိန္ၾကာဆုပ္ကိုင္ထားျခင္းျဖင့္ လက္ေတြေခၽြးထြက္နိုင္တာေၾကာင့္ ဒီစက္႐ုပ္လက္ကိုလည္း လူ႔သဘာဝအတိုင္း သူ႔ရဲ့လက္ဖဝါးအျပင္ဘက္အလႊာရွိအေပါက္ေတြမွ အရည္ကိုထုတ္လႊတ္နိုင္တဲ့စနစ္တစ္ခုပါ ထည့္သြင္းဖန္တီးထားၿပီး စက္႐ုပ္လက္ႏွင့္အတူ သင္လမ္းေလၽွာက္ေနစဥ္အတြင္း အမ်ိဳးသမီးတစ္ဦးရဲ့ေခါင္းေလၽွာ္ရည္အနံ့ကိုထုတ္လႊတ္ေပးျခင္းႏွင့္ ေျခရာသံကိုထုတ္ေပးနိုင္တဲ့စပီကာေသးေသးေလးကိုလည္း တပ္ဆင္ထားပါေသးတယ္။

လူအခ်ိဳ့အတြက္ကေတာ့ ရည္းစားတစ္ေယာက္ရွာရတာအရမ္းခက္တယ္ ဒါေၾကာင့္ တစ္ကိုယ္တည္းအထီးက်န္တဲ့ေယာက်္ားေတြ လက္ေတြ႕အျပင္ တကယ္ခ်ိန္းေတြ႕တာထက္ အလြယ္တကူသူတို့ရဲ့ရည္းစားလက္ကိုကိုင္ၿပီး ေတြ႕ၾကဳံခံစားနိုင္ေအာင္ ဒီစက္႐ုပ္လက္ကို ဖန္တီးေပးခဲ့တယ္ လို့ သုေတသီမ်ားက ဆိုထားပါတယ္။ဒီစက္႐ုပ္လက္ကို အမ်ိဳးသားမ်ား သို့မဟုတ္ လိင္တူဆက္ဆံသူမ်ားအတြက္သာ ျပဳလုပ္ထားေပမဲ့လည္း အင္ဂ်င္နီယာေတြဟာ ဒီလက္ပုံစံကို ေနာက္ထပ္ေယာက်္ားေလးဗားရွင္းျဖင့္ ထုတ္လုပ္ဖို့လည္းစီစဥ္ေနၾကပါေသးတယ္။ကဲ အထီးက်န္ေနတဲ့သူေတာ္ေကာင္းအေပါင္းတို့အတြက္ အခြင့္အေရးတစ္ခုေရာက္လို့လာေနပါၿပီ။

Mia (Mckzone Daily)

Source : elitereaders

Unicode

တစ်ယောက်တည်းအထီးကျန်နေပြီး ဖမ်းဆုပ်ထားပေးနိုင်တဲ့လက်တစ်စုံကို လိုအပ်နေတယ်လို့ သင်ခံစားနေရပါသလား။ဒါဆိုရင် ဂျပန်သိပ္ပံပညာရှင်တွေက သင်အလိုရှိတဲ့ဘယ်အချိန်မဆို ဖမ်းဆုပ်ထားနိုင်အောင် ဒီစက်ရုပ်လက်ကို ဖန်တီးပေးလိုက်ပါတယ်။ဂျပန်နိုင်ငံရှိ Gifu တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေတီထွင်ဖန်တီးခဲ့တဲ့ ဒီစက်ရုပ်လက်ကို Osampo Kanojo ဘာသာပြန်အရ My Girlfriend in Walk လို့အမည်ပေးထားပါတယ်။ဒီစက်ရုပ်လက်ဟာ တကယ့်လူ့လက်လိုခံစားနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာပါ။သူ့ရည်ရွယ်ချက်က အထီးကျန်သူတွေအတွက် နှစ်သိမ့်မှု နှင့်ထိတွေ့ဆက်ဆံမှုကိုပေးစွမ်းနိုင်ဖို့ဖြစ်ပြီး အထူးသဖြင့် ကူးစက်ရောဂါဟာ လူအချင်းချင်းမျက်နှာချင်းဆိုင်ဆက်သွယ်မှုကို ကန့်သတ်ထားခြင်းကြောင့်ဖြစ်ပါတယ်။

ဒီစက်ရုပ်လက်ဟာ လူတစ်ဦးရဲ့လက်ဖျံနဲ့ထိန်းချူပ်ထားတဲ့အတွက်ကြောင့် လူရဲ့လက်ကို လွှတ်ထားနိုင်ပြီး အဆိုပါစက်ရုပ်လက်ကလည်း မြေပေါ်ကိုမပြုတ်ကျသွားနိုင်ပါဘူး။ဒါ့အပြင် တစ်စုံတစ်ဦးရဲ့လက်ကိုအချိန်ကြာဆုပ်ကိုင်ထားခြင်းဖြင့် လက်တွေချွေးထွက်နိုင်တာကြောင့် ဒီစက်ရုပ်လက်ကိုလည်း လူ့သဘာဝအတိုင်း သူ့ရဲ့လက်ဖဝါးအပြင်ဘက်အလွှာရှိအပေါက်တွေမှ အရည်ကိုထုတ်လွှတ်နိုင်တဲ့စနစ်တစ်ခုပါ ထည့်သွင်းဖန်တီးထားပြီး စက်ရုပ်လက်နှင့်အတူ သင်လမ်းလျှောက်နေစဉ်အတွင်း အမျိုးသမီးတစ်ဦးရဲ့ခေါင်းလျှော်ရည်အနံ့ကိုထုတ်လွှတ်ပေးခြင်းနှင့် ခြေရာသံကိုထုတ်ပေးနိုင်တဲ့စပီကာသေးသေးလေးကိုလည်း တပ်ဆင်ထားပါသေးတယ်။

လူအချို့အတွက်ကတော့ ရည်းစားတစ်ယောက်ရှာရတာအရမ်းခက်တယ် ဒါကြောင့် တစ်ကိုယ်တည်းအထီးကျန်တဲ့ယောကျ်ားတွေ လက်တွေ့အပြင် တကယ်ချိန်းတွေ့တာထက် အလွယ်တကူသူတို့ရဲ့ရည်းစားလက်ကိုကိုင်ပြီး တွေ့ကြုံခံစားနိုင်အောင် ဒီစက်ရုပ်လက်ကို ဖန်တီးပေးခဲ့တယ် လို့ သုတေသီများက ဆိုထားပါတယ်။ဒီစက်ရုပ်လက်ကို အမျိုးသားများ သို့မဟုတ် လိင်တူဆက်ဆံသူများအတွက်သာ ပြုလုပ်ထားပေမဲ့လည်း အင်ဂျင်နီယာတွေဟာ ဒီလက်ပုံစံကို နောက်ထပ်ယောကျ်ားလေးဗားရှင်းဖြင့် ထုတ်လုပ်ဖို့လည်းစီစဉ်နေကြပါသေးတယ်။ကဲ အထီးကျန်နေတဲ့သူတော်ကောင်းအပေါင်းတို့အတွက် အခွင့်အရေးတစ်ခုရောက်လို့လာနေပါပြီ။

Mia (Mckzone Daily)

  • Leave a Comment