သခၤ်ာပုဒ္စာေျဖရွင္းနိုင္ဖို႔ ယေန႔ေခတ္နည္းပညာကို ပညာသားပါပါအသုံးခ်ၿပီး အလြယ္လိုက္ေနခဲ့တဲ့ ေကာင္ေလး (႐ုပ္သံ)

ကၽြန္ေတာ္တို့ငယ္ငယ္တုန္းက ေက်ာင္းအိမ္စာ ခက္ခက္ခဲခဲလုပ္ခဲ့ရတဲ့အခ်ိန္ကို မွတ္မိၾကပါသလား။အရင္ေခတ္တုန္းက အခုလို အင္တာနက္ သို့မဟုတ္ စမတ္ဖုန္းေတြမရွိတာေၾကာင့္ အိမ္စာလုပ္ဖို့ ရပ္ကြက္စာၾကည့္တိုက္ကစာအုပ္ေတြကိုသာ မွီခိုခဲ့ရတာပါ။နည္းပညာတိုးတက္လာတာနဲ႔အမၽွ အရာအားလုံးေျပာင္းလဲလာၿပီး ယေန႔ေခတ္ကေလးေတြအတြက္ ပိုမိုလြယ္ကူလာပါတယ္။ဥပမာ Google ေခါက္ၿပီး ကိုယ္လိုခ်င္တဲ့သတင္းအခ်က္အလက္ေတြကို စကၠန္႔ပိုင္းအတြင္း အလြယ္တကူ ရွာေဖြနိုင္ၿပီး သခၤ်ာအိမ္စာကို ျမန္ျမန္ဆန္ဆန္ေျဖရွင္းနိုင္ဖို့ ေခတ္မီနည္းပညာကို အခြင့္ေကာင္းယူတဲ့ ဒီေကာင္ေလးလိုေပါ့။

Scotlandနိုင္ငံ Ayrshireျပည္နယ္ Dalmellingtonၿမိဳ့က အသက္၉ႏွစ္အရြယ္ Bryce Gormanleyအမည္ရွိတဲ့ဒီေကာင္ေလးအား ဧည့္ခံခန္းထဲမွာ အလိုအေလ်ာက္စနစ္ကိုခိုးသုံးၿပီး သူ႔ရဲ့သခၤ်ာအိမ္စာ ေပါင္းႏုတ္ေျမာက္စားျပႆနာကို ေျဖရွင္းေမးျမန္းေနတာကို အေမျဖစ္သူLeanneက ဖမ္းမိခဲ့တာပါ။4 x 3 ဆိုရင္ အလိုအေလ်ာက္စနစ္က သူ႔ကို 12လို့ အတိအက်ျပန္ေျဖေပးေနၿပီး အေမျဖစ္သူ Leanneက ဘာမွမတတ္နိုင္ေပမဲ့ သူ႔သားရဲ့လုပ္ရပ္ကို အေနာက္ကေန ေခါင္းခါရင္းသာၾကည့္ေနခဲ့ရပါတယ္။အဲ့တာနဲ႔ အေမျဖစ္သူကလည္း “ဒီမွာ ဘာေတြလုပ္ေနတာလဲ” လို့တမင္ေမးေတာ့ သူက ေနာက္လွည့္ကာ အိမ္စာလုပ္ေနတာလို့ ခန္႔တိတိနဲ႔ေျဖခဲ့ၿပီး အေမျဖစ္သူကလည္း အိမ္စာကို အဲ့နည္းနဲ႔လုပ္တာ မဟုတ္ေသးဘူးလို့ အျမန္ေခ်ေျပာခဲ့ပါတယ္။

ျပဳံးရယ္ေနတဲ့Bryceက Alexaကို ဆက္ေမးေနခဲ့ၿပီး အေမျဖစ္သူက”ဒါေတြကို ကိုယ္တိုင္ျပန္တြက္ၾကည့္ရမယ္”လို့သတိေပးခဲ့ရပါတယ္။ဒီဗီဒီယိုဟာ social media ေပၚ ပ်ံ႕ႏွံ့သြားခဲ့ၿပီး လူအမ်ားရဲ့မွတ္ခ်က္မ်ားစြာရရွိခဲ့ပါတယ္။အခ်ိဳ့က ဒီေကာင္ေလးဟာ သူ႔အက်ိဳးအတြက္ အဆင့္ျမင့္နည္းပညာကို ဘယ္လို အသုံးခ်ရမွာကို ေကာင္းေကာင္းသိတဲ့အတြက္ ဆုတံဆိပ္ရထိုက္တယ္ လို့လည္း ဆိုထားၾကပါေသးတယ္။ကၽြန္ေတာ္တို့ေခတ္တုန္းကမ်ား သခၤ်ာပိုဒ္စာတစ္ပိုဒ္ကို မိနစ္ပိုင္းနီးပါးေလာက္ ေျဖရွင္းခဲ့ရတယ္ ခုမ်ားကြာပါ့ဗ်ာ။

Mia (Mckzone Daily)

Source : elitereaders

Unicode

ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းအိမ်စာ ခက်ခက်ခဲခဲလုပ်ခဲ့ရတဲ့အချိန်ကို မှတ်မိကြပါသလား။အရင်ခေတ်တုန်းက အခုလို အင်တာနက် သို့မဟုတ် စမတ်ဖုန်းတွေမရှိတာကြောင့် အိမ်စာလုပ်ဖို့ ရပ်ကွက်စာကြည့်တိုက်ကစာအုပ်တွေကိုသာ မှီခိုခဲ့ရတာပါ။နည်းပညာတိုးတက်လာတာနဲ့အမျှ အရာအားလုံးပြောင်းလဲလာပြီး ယနေ့ခေတ်ကလေးတွေအတွက် ပိုမိုလွယ်ကူလာပါတယ်။ဥပမာ Google ခေါက်ပြီး ကိုယ်လိုချင်တဲ့သတင်းအချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ ရှာဖွေနိုင်ပြီး သင်္ချာအိမ်စာကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့ ခေတ်မီနည်းပညာကို အခွင့်ကောင်းယူတဲ့ ဒီကောင်လေးလိုပေါ့။

Scotlandနိုင်ငံ Ayrshireပြည်နယ် Dalmellingtonမြို့က အသက်၉နှစ်အရွယ် Bryce Gormanleyအမည်ရှိတဲ့ဒီကောင်လေးအား ဧည့်ခံခန်းထဲမှာ အလိုအလျောက်စနစ်ကိုခိုးသုံးပြီး သူ့ရဲ့သင်္ချာအိမ်စာ ပေါင်းနုတ်မြောက်စားပြဿနာကို ဖြေရှင်းမေးမြန်းနေတာကို အမေဖြစ်သူLeanneက ဖမ်းမိခဲ့တာပါ။4 x 3 ဆိုရင် အလိုအလျောက်စနစ်က သူ့ကို 12လို့ အတိအကျပြန်ဖြေပေးနေပြီး အမေဖြစ်သူ Leanneက ဘာမှမတတ်နိုင်ပေမဲ့ သူ့သားရဲ့လုပ်ရပ်ကို အနောက်ကနေ ခေါင်းခါရင်းသာကြည့်နေခဲ့ရပါတယ်။အဲ့တာနဲ့ အမေဖြစ်သူကလည်း “ဒီမှာ ဘာတွေလုပ်နေတာလဲ” လို့တမင်မေးတော့ သူက နောက်လှည့်ကာ အိမ်စာလုပ်နေတာလို့ ခန့်တိတိနဲ့ဖြေခဲ့ပြီး အမေဖြစ်သူကလည်း အိမ်စာကို အဲ့နည်းနဲ့လုပ်တာ မဟုတ်သေးဘူးလို့ အမြန်ချေပြောခဲ့ပါတယ်။

ပြုံးရယ်နေတဲ့Bryceက Alexaကို ဆက်မေးနေခဲ့ပြီး အမေဖြစ်သူက”ဒါတွေကို ကိုယ်တိုင်ပြန်တွက်ကြည့်ရမယ်”လို့သတိပေးခဲ့ရပါတယ်။ဒီဗီဒီယိုဟာ social media ပေါ် ပျံ့နှံ့သွားခဲ့ပြီး လူအများရဲ့မှတ်ချက်များစွာရရှိခဲ့ပါတယ်။အချို့က ဒီကောင်လေးဟာ သူ့အကျိုးအတွက် အဆင့်မြင့်နည်းပညာကို ဘယ်လို အသုံးချရမှာကို ကောင်းကောင်းသိတဲ့အတွက် ဆုတံဆိပ်ရထိုက်တယ် လို့လည်း ဆိုထားကြပါသေးတယ်။ကျွန်တော်တို့ခေတ်တုန်းကများ သင်္ချာပိုဒ်စာတစ်ပိုဒ်ကို မိနစ်ပိုင်းနီးပါးလောက် ဖြေရှင်းခဲ့ရတယ် ခုများကွာပါ့ဗျာ။

Mia (Mckzone Daily)

  • Leave a Comment