လြန္ခဲ့တဲ့ ၈ႏွစ္ကတည္းက online ေပၚကေန မွာယူထားခဲ့တဲ့ပစၥည္းကို အခုမွလက္ခံရရွိခဲ့လို႔ ေခါင္း႐ႈပ္ခဲ့ရတဲ့ အမ်ိဳးသား

Onlineကေန ပစၥည္းတစ္ခုခုမွာၿပီး ကိုယ္ေမၽွာ္လင့္ထားတဲ့အခ်ိန္ထက္ပိုၾကာေနရင္ လူတိုင္းဟာ စိတ္ပ်က္သြားတတ္ၾကပါလိမ့္မယ္။ဒါေပမဲ့ ဒီကေနဒါအမ်ိဳးသားတစ္ဦးအတြက္ သူ႔ရဲ့ေႏွာင့္ေႏွးတဲ့ပို့ေဆာင္ေရးဝန္ေဆာင္မွုကေတာ့ ကမၻာ့အဆုံးစြန္အဆင့္အထိ ေရာက္ေနပါတယ္။ကေနဒါနိုင္ငံ Torontoၿမိဳ့မွာ ေနထိုင္တဲ့ Elliot Berinsteinအမည္ရွိဆရာဝန္တစ္ဦးဟာ Well.ca ဆိုတဲ့online ပို့ေဆာင္ေရးတစ္ခုမွ အထုပ္တစ္ခုလက္ခံရရွိခဲ့ၿပီး အဆိုပါအထုပ္ကို ဖြင့္ၾကည့္လိုက္ေတာ့ လြန္ခဲ့တဲ့ ၂၀၁၂ခုႏွစ္တုန္းက သူမွာထားခဲ့တဲ့ ဆံပင္အတြက္အလွကုန္တစ္မ်ိဳးျဖစ္ေနခဲ့ပါတယ္။

အစပိုင္းေတာ့ Well.ca ကေနဘာမွမမွာထားတာေၾကာင့္ သူဟာ ေခါင္းရွုပ္သြားခဲ့ၿပီး အဲ့တာနဲ႔ လြန္ခဲ့တဲ့ ၈ႏွစ္ေလာက္တုန္းက သူတို့ဆီမွာ hair cream တစ္ဘူးမွာခဲ့တာကို သတိရသြားခဲ့ရၿပီး”ငါ ေကာင္းေကာင္းမွတ္မိေနတယ္ အဲ့ဒီတုန္းက နည္းနည္းမိုက္မဲတဲ့အမ်ိဳသားေတြကို လူႀကိဳက္မ်ားၾကတယ္ အဲ့ဒါေၾကာင့္ ငါ Donald Draper ရဲ့ဆံပင္ေကအတိုင္း လိုက္ျပင္ၾကည့္ဖို့ စဥ္းစားခဲ့တာ”လို့ ေျပာျပထားပါတယ္။Elliotဟာ အဆိုပါ hair cream ကို သုံးၾကည့္ဖို့ ဖြင့္လိုက္ေတာ့ အျဖဴေရာင္ျဖစ္ေနရမယ့္creamေတြက အဝါေရာင္သန္းေနခဲ့ပါတယ္။သူ႔အထုပ္က လူကြယ္တဲ့တစ္ေထာင့္တစ္ေနရာမွာရွိေနခဲ့ပုံရပါတယ္။သူတို့က မပစ္လိုက္ဘဲ ငါ့ဆီအေရာက္ထပ္ပို့ခဲ့တာကို အံ့ဩလို့မဆုံးဘူးလို့လည္း ဆိုထားပါတယ္။

ေနာက္ဆုံး social media မွာ ပ်ံ႕ႏွံ့ေနတဲ့သူ႔ရဲ့ပိုစ့္ကို Well.ca က ျမင္သြားခဲ့ၿပီး သူ႔ကို ပစၥည္းအသစ္နဲ႔တစ္ျခားဆံပင္ထုတ္ကုန္အသစ္တစ္ခ်ိဳ့ကို သူတို့ကိုယ္တိုင္ တိုက္ရိုက္မပို့ဘဲ တစ္ျခားပို့ေဆာင္ေရးဝန္ေဆာင္မွုတစ္ခုကေန ေပးပို့ခဲ့ၾကတာေၾကာင့္ သူက ပို့ေဆာင္ေရးကုမၸဏီဆီကို ဆက္သြယ္ခဲ့ေပမဲ့ ျပန္ၾကားျခင္းမရွိေသးပါဘူး။”ငါ ျပန္အမ္းေငြ ဒါမွမဟုတ္ ျပႆနာရွာခ်င္လို့မဟုတ္ဘူး၊ ပစၥည္းက ၅ ေဒၚလာ(၆,၆ဝ၀က်ပ္)ဘဲရွိတာ ဒါေပမဲ့ သူတို့ေရးတာကို ၾကည့္ၿပီး အေတာ္ေလးရယ္စရာေကာင္းေနလို့ သူတို့ကို ျပန္ဆက္သြယ္ခ်င္တာ”လို့ ဆိုထားပါတယ္။စာဖတ္သူတို့ေကာ အဲ့လိုအျဖစ္မ်ိဳးၾကဳံဖူးပါသလား။

Mia (Mckzone Daily)

Source : siakapkeli

Unicode

Onlineကနေ ပစ္စည်းတစ်ခုခုမှာပြီး ကိုယ်မျှော်လင့်ထားတဲ့အချိန်ထက်ပိုကြာနေရင် လူတိုင်းဟာ စိတ်ပျက်သွားတတ်ကြပါလိမ့်မယ်။ဒါပေမဲ့ ဒီကနေဒါအမျိုးသားတစ်ဦးအတွက် သူ့ရဲ့နှောင့်နှေးတဲ့ပို့ဆောင်ရေးဝန်ဆောင်မှုကတော့ ကမ္ဘာ့အဆုံးစွန်အဆင့်အထိ ရောက်နေပါတယ်။ကနေဒါနိုင်ငံ Torontoမြို့မှာ နေထိုင်တဲ့ Elliot Berinsteinအမည်ရှိဆရာဝန်တစ်ဦးဟာ Well.ca ဆိုတဲ့online ပို့ဆောင်ရေးတစ်ခုမှ အထုပ်တစ်ခုလက်ခံရရှိခဲ့ပြီး အဆိုပါအထုပ်ကို ဖွင့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက သူမှာထားခဲ့တဲ့ ဆံပင်အတွက်အလှကုန်တစ်မျိုးဖြစ်နေခဲ့ပါတယ်။

အစပိုင်းတော့ Well.ca ကနေဘာမှမမှာထားတာကြောင့် သူဟာ ခေါင်းရှုပ်သွားခဲ့ပြီး အဲ့တာနဲ့ လွန်ခဲ့တဲ့ ၈နှစ်လောက်တုန်းက သူတို့ဆီမှာ hair cream တစ်ဘူးမှာခဲ့တာကို သတိရသွားခဲ့ရပြီး”ငါ ကောင်းကောင်းမှတ်မိနေတယ် အဲ့ဒီတုန်းက နည်းနည်းမိုက်မဲတဲ့အမျိုသားတွေကို လူကြိုက်များကြတယ် အဲ့ဒါကြောင့် ငါ Donald Draper ရဲ့ဆံပင်ကေအတိုင်း လိုက်ပြင်ကြည့်ဖို့ စဉ်းစားခဲ့တာ”လို့ ပြောပြထားပါတယ်။Elliotဟာ အဆိုပါ hair cream ကို သုံးကြည့်ဖို့ ဖွင့်လိုက်တော့ အဖြူရောင်ဖြစ်နေရမယ့်creamတွေက အဝါရောင်သန်းနေခဲ့ပါတယ်။သူ့အထုပ်က လူကွယ်တဲ့တစ်ထောင့်တစ်နေရာမှာရှိနေခဲ့ပုံရပါတယ်။သူတို့က မပစ်လိုက်ဘဲ ငါ့ဆီအရောက်ထပ်ပို့ခဲ့တာကို အံ့ဩလို့မဆုံးဘူးလို့လည်း ဆိုထားပါတယ်။

နောက်ဆုံး social media မှာ ပျံ့နှံ့နေတဲ့သူ့ရဲ့ပိုစ့်ကို Well.ca က မြင်သွားခဲ့ပြီး သူ့ကို ပစ္စည်းအသစ်နဲ့တစ်ခြားဆံပင်ထုတ်ကုန်အသစ်တစ်ချို့ကို သူတို့ကိုယ်တိုင် တိုက်ရိုက်မပို့ဘဲ တစ်ခြားပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုကနေ ပေးပို့ခဲ့ကြတာကြောင့် သူက ပို့ဆောင်ရေးကုမ္ပဏီဆီကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်ကြားခြင်းမရှိသေးပါဘူး။”ငါ ပြန်အမ်းငွေ ဒါမှမဟုတ် ပြဿနာရှာချင်လို့မဟုတ်ဘူး၊ ပစ္စည်းက ၅ ဒေါ်လာ(၆,၆ဝဝကျပ်)ဘဲရှိတာ ဒါပေမဲ့ သူတို့ရေးတာကို ကြည့်ပြီး အတော်လေးရယ်စရာကောင်းနေလို့ သူတို့ကို ပြန်ဆက်သွယ်ချင်တာ”လို့ ဆိုထားပါတယ်။စာဖတ်သူတို့ကော အဲ့လိုအဖြစ်မျိုးကြုံဖူးပါသလား။

Mia (Mckzone Daily)

  • Leave a Comment