မ်က္ႏွာေပါက္နဲ႔တစ္ထပ္တည္းက်ၿပီး ဆင္တူတဲ့ mask ေတြကို ဖန္တီးေရးဆြဲ အသံုးျပဳခဲ့တဲ့ အဘိုးအို (႐ုပ္သံ)

Jorge Roriz အမည္ရွိတဲ့ဘရာဇီးအႏုပညာရွင္တစ္ေယာက္ဟာ ကမၻာအႏွံ့မွာျဖစ္ပြါးတဲ့ကူးစက္ေရာဂါေၾကာင့္ စိတ္အာ႐ုံေျပာင္းၿပီး သူရဲ့ေကာ္မရွင္အဖြဲ႕ဝင္ေတြအတြက္ သူတို့ရဲ့မ်က္ႏွာေပါက္ႏွင့္ပုံစံတူတဲ့maskဒီဇိုင္းကို ေရးဆြဲဖန္တီးခဲ့ပါတယ္။Jorge ဟာ ဝတ္ဆင္လိုသူရဲ့မ်က္ႏွာေပါက္ကို အေသးစိတ္ဆြဲယူၿပီး အဲ့ဒီလူရဲ့မ်က္ႏွာပုံလကၡဏာအစိတ္အပိုင္းတစ္ခုခ်င္းစီကို မလြဲေခ်ာ္သြားေစဖို့နဲ႔သူတို့ကို ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း ခ်က္ခ်င္းသိရွိသြားေစဖို့ maskကို အေသးစိတ္ေရးဆြဲခဲ့ပါတယ္။

အသက္၆၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Jorgeကို Rio de Janeiroၿမိဳ့ရဲ့ေရွးေဟာင္းပြဲေတာ္ဝတ္စုံဖန္တီးတဲ့အႏုပညာရွင္တစ္ဦးအျဖစ္ လူသိမ်ားပါတယ္။Jorge ဟာ ပြဲလမ္းသဘင္နဲ႔ေဖ်ာ္ေျဖေရးပြဲေတာ္ေတြ မရွိေတာ့ေပမဲ့လည္း သူ႔ရဲ့အႏုပညာျဖင့္ သူ႔ပတ္ဝန္းက်င္က လူေတြကို ပုံတူmaskမ်ားေရးဆြဲေပးျခင္းျဖင့္ ရႊင္လန္းမွုေတြေပးေနဆဲျဖစ္ပါတယ္။

Jorgeက “ငါ အျပဳသေဘာေဆာင္တဲ့တုံ႔ျပန္မွုေတြရခဲ့ပါတယ္ လူေတြကရယ္ေမာေနၾကတယ္ ၀မ္းနည္းစရာလို့ထင္မွတ္ထားတဲ့အရာတစ္ခုက သူတို့အတြက္အမွန္တကယ္အားရရႊင္လန္းေစခဲ့တယ္”လို့ အင္တာဗ်ဴးတစ္ခုမွာ ေျဖထားပါေသးတယ္။Jorge ဟာ သူ႔ရဲ့လုပ္ေဖာ္ကိုင္ဖက္တစ္ဦးအတြက္ရည္ရြယ္ၿပီးတစ္ခုတည္းကိုသာျပဳလုပ္ခဲ့ေပမဲ့လည္း လူအမ်ားရဲ့တုန႔္ျပန္မွုရသြားၿပီးေနာက္မွာေတာ့ အဲ့ဒီအရာကို ပိုအာ႐ုံစိုက္လာခဲ့ပါတယ္။

Mia (Mckzone Daily)

Source : siakapkeli

Unicode

Jorge Roriz အမည်ရှိတဲ့ဘရာဇီးအနုပညာရှင်တစ်ယောက်ဟာ ကမ္ဘာအနှံ့မှာဖြစ်ပွါးတဲ့ကူးစက်ရောဂါကြောင့် စိတ်အာရုံပြောင်းပြီး သူရဲ့ကော်မရှင်အဖွဲ့ဝင်တွေအတွက် သူတို့ရဲ့မျက်နှာပေါက်နှင့်ပုံစံတူတဲ့maskဒီဇိုင်းကို ရေးဆွဲဖန်တီးခဲ့ပါတယ်။Jorge ဟာ ဝတ်ဆင်လိုသူရဲ့မျက်နှာပေါက်ကို အသေးစိတ်ဆွဲယူပြီး အဲ့ဒီလူရဲ့မျက်နှာပုံလက္ခဏာအစိတ်အပိုင်းတစ်ခုချင်းစီကို မလွဲချော်သွားစေဖို့နဲ့သူတို့ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ချက်ချင်းသိရှိသွားစေဖို့ maskကို အသေးစိတ်ရေးဆွဲခဲ့ပါတယ်။

အသက်၆၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jorgeကို Rio de Janeiroမြို့ရဲ့ရှေးဟောင်းပွဲတော်ဝတ်စုံဖန်တီးတဲ့အနုပညာရှင်တစ်ဦးအဖြစ် လူသိများပါတယ်။Jorge ဟာ ပွဲလမ်းသဘင်နဲ့ဖျော်ဖြေရေးပွဲတော်တွေ မရှိတော့ပေမဲ့လည်း သူ့ရဲ့အနုပညာဖြင့် သူ့ပတ်ဝန်းကျင်က လူတွေကို ပုံတူmaskများရေးဆွဲပေးခြင်းဖြင့် ရွှင်လန်းမှုတွေပေးနေဆဲဖြစ်ပါတယ်။

Jorgeက “ငါ အပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေရခဲ့ပါတယ် လူတွေကရယ်မောနေကြတယ် ဝမ်းနည်းစရာလို့ထင်မှတ်ထားတဲ့အရာတစ်ခုက သူတို့အတွက်အမှန်တကယ်အားရရွှင်လန်းစေခဲ့တယ်”လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါသေးတယ်။Jorge ဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးအတွက်ရည်ရွယ်ပြီးတစ်ခုတည်းကိုသာပြုလုပ်ခဲ့ပေမဲ့လည်း လူအများရဲ့တုန့်ပြန်မှုရသွားပြီးနောက်မှာတော့ အဲ့ဒီအရာကို ပိုအာရုံစိုက်လာခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment