႐ုပ္ရည္ေၾကာင့္ ခ်စ္သူရဲ႕လမ္းခြဲျခင္းခံလိုက္ရလို႔ ၁၉ ႏွစ္အရြယ္မွာတင္ ခြဲစိတ္ျပဳျပင္မႈလုပ္ခဲ့တဲ့ မိန္းကေလး

ဗီယက္နမ္နိုင္ငံရဲ့social media ဟာ ႐ုပ္ရည္ေၾကာင့္ ခ်စ္သူေကာင္ေလးနဲ႔လမ္းခြဲခဲ့ၿပီး အသက္၁၉ႏွစ္အရြယ္ကတည္းက ပလပ္စတစ္ဆာဂ်ဴရီလုပ္ခဲ့တဲ့ေကာင္မေလးရဲ့အေၾကာင္းေၾကာင့္ ေခါင္းရွုပ္ေနၾကရပါတယ္။Dak Lakျပည္နယ္ရွိ လက္ရွိအသက္၂၁ႏွစ္အရြယ္ Nguyen Tuong Vyအမည္ရွိတဲ့မိန္းကေလးတစ္ဦးဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ပလပ္စတစ္ဆာဂ်ဴရီမလုပ္ရေသးတဲ့သူမရဲ့မ်က္ႏွာပုံကို social media မွာတင္လိုက္ၿပီးေနာက္ ညတြင္းခ်င္း ဗီယက္နမ္နိုင္ငံရဲ့ေခါင္းႀကီးပိုင္းသတင္းအထိေရာက္သြားခဲ့ပါတယ္။Vyက သူမကို တစ္ခ်ိန္လုံးခ်စ္တယ္လို့တစ္ဖြဖြေျပာေနေပမဲ့ သူ႔သူငယ္ခ်င္းေတြနဲ႔ေတာ့ လုံးဝမမိတ္ဆက္ေပးခဲ့တဲ့အထက္တန္းေက်ာင္းသူအရြယ္ အသက္၁၇ႏွစ္တုန္းက တြဲခဲ့တဲ့ေကာင္ေလးနဲ႔ျပတ္သြားၿပီးေနာက္ သူမရဲ့အသြင္အျပင္ကို ေျပာင္းလဲပစ္ဖို့ ဆုံးျဖတ္ခဲ့တာပါတဲ့။ေကာင္ေလးရဲ့သူငယ္ခ်င္းက ပါတီပြဲဖိတ္ေတာ့ ပြဲထဲကလူေတြက သူမကို ဝိုင္းၾကည့္ၿပီး ၾကည့္ေကာင္းတဲ့ေကာင္ေလးက ဘယ္လိုေတာင္ဆိုး႐ုပ္တဲ့ရည္းစားကို ေရြးခ်ယ္နိုင္ရတာလဲ လို့အတင္းေျပာေနတာကို သူမျမင္ေတြ႕ခဲ့ရတဲ့အေၾကာင္း ျပန္ေျပာျပထားပါတယ္။

ခ်စ္သူေကာင္ေလးကလည္း သူမကို မကာကြယ္ေပးတဲ့အျပင္ မိတ္မဆက္ေပးဘဲေနေနခဲ့ပါေသးတယ္တဲ့။အဲ့တာနဲ႔ သူမလုံးဝစိတ္ထိခိုက္သြားခဲ့ရၿပီး လမ္းခြဲဖို့ေျပာေတာ့ ေကာင္ေလးက ခ်က္ခ်င္းေတာင္သေဘာတူခဲ့ေသးတာေၾကာင့္ ၁၇ႏွစ္အရြယ္ေကာင္မေလးအတြက္ အေတာ္ေလးစိတ္နာစရာေကာင္းေနမွာပါ။လမ္းခြဲၿပီးမၾကာေတာ့ ေကာင္ေလးကသူ႔ထက္လွတဲ့ေကာင္မေလးနဲ႔တြဲေနတာကို ျမင္ခဲ့ရၿပီး Vyဟာ သူမရဲ့႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ့ယြင္းခ်က္ကို မုန္းသြား႐ုံသာမက သူတို့ေၾကာင့္ တစ္ခုခုလုပ္ဖို့စဥ္းစားခဲ့ရင္း အေမျဖစ္သူကို ပလပ္စတစ္ဆာဂ်ဴရီလုပ္ဖို့ ပူဆာခဲ့ၿပီး အေမျဖစ္သူလည္း သေဘာတူကာ ေဆးခန္းတစ္ခုသို့ ေခၚေဆာင္သြားခဲ့ပါတယ္။

အထက္တန္းေက်ာင္းၿပီးလို့အသက္၁၉ႏွစ္မွာေတာ့ သူမဟာ ႏွာေခါင္း၊ပါးစပ္၊ႏွုတ္ခမ္းနဲ႔ေမးေစ့စတာေတြကို ခြဲစိတ္ကုသေျပာင္းလဲခဲ့ပါတယ္။ခုခ်ိန္ေတာ့ Vyဟာ လူအမ်ားရဲ့ခ်စ္ျခင္းကို ခံေနရၿပီး”ကၽြန္မရည္းစားေဟာင္းကို လြန္ခဲ့တဲ့၄ႏွစ္ကတည္းက အျပင္မွာမေတြ႕ေတာ့ေပမဲ့ သူကေတာ့ social media မွာ ကၽြန္မကိုအျမဲေတာက္ေထာင့္ေစာင့္ၾကည့္ေနၿပီး ကၽြန္မဓာတ္ပုံေတြလည္း likeေပးေနေသးတယ္”လို့ဆိုထားပါတယ္။သူမက ရည္းစားေဟာင္းကို ေက်းဇူးတင္ေၾကာင္းလည္းဆိုထားပါတယ္။လူအမ်ားက Vyရဲ့ရည္မွန္းခ်က္နဲ႔ သူမကိုယ္သူမတိုးတက္ေအာင္လုပ္လိုတဲ့ဆႏၵအေပၚ ခ်ီးမြမ္းစကားေျပာဆိုေပးခဲ့ၾကပါတယ္။အသက္ ၁၉ႏွစ္ကတည္းက ပလပ္စတစ္ဆာဂ်ဴရီလုပ္တယ္ဆိုေတာ့ နည္းေနာတဲ့သတၱိမဟုတ္ပါလား ဒါေပမဲ့ စိတ္နာသြားတဲ့ဒဏ္က အေၾကာက္တရားကိုေတာင္မမူဘဲ ေက်ာ္လႊားနိုင္ပါတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

ဗီယက်နမ်နိုင်ငံရဲ့social media ဟာ ရုပ်ရည်ကြောင့် ချစ်သူကောင်လေးနဲ့လမ်းခွဲခဲ့ပြီး အသက်၁၉နှစ်အရွယ်ကတည်းက ပလပ်စတစ်ဆာဂျူရီလုပ်ခဲ့တဲ့ကောင်မလေးရဲ့အကြောင်းကြောင့် ခေါင်းရှုပ်နေကြရပါတယ်။Dak Lakပြည်နယ်ရှိ လက်ရှိအသက်၂၁နှစ်အရွယ် Nguyen Tuong Vyအမည်ရှိတဲ့မိန်းကလေးတစ်ဦးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပလပ်စတစ်ဆာဂျူရီမလုပ်ရသေးတဲ့သူမရဲ့မျက်နှာပုံကို social media မှာတင်လိုက်ပြီးနောက် ညတွင်းချင်း ဗီယက်နမ်နိုင်ငံရဲ့ခေါင်းကြီးပိုင်းသတင်းအထိရောက်သွားခဲ့ပါတယ်။Vyက သူမကို တစ်ချိန်လုံးချစ်တယ်လို့တစ်ဖွဖွပြောနေပေမဲ့ သူ့သူငယ်ချင်းတွေနဲ့တော့ လုံးဝမမိတ်ဆက်ပေးခဲ့တဲ့အထက်တန်းကျောင်းသူအရွယ် အသက်၁၇နှစ်တုန်းက တွဲခဲ့တဲ့ကောင်လေးနဲ့ပြတ်သွားပြီးနောက် သူမရဲ့အသွင်အပြင်ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါတဲ့။ကောင်လေးရဲ့သူငယ်ချင်းက ပါတီပွဲဖိတ်တော့ ပွဲထဲကလူတွေက သူမကို ဝိုင်းကြည့်ပြီး ကြည့်ကောင်းတဲ့ကောင်လေးက ဘယ်လိုတောင်ဆိုးရုပ်တဲ့ရည်းစားကို ရွေးချယ်နိုင်ရတာလဲ လို့အတင်းပြောနေတာကို သူမမြင်တွေ့ခဲ့ရတဲ့အကြောင်း ပြန်ပြောပြထားပါတယ်။

ချစ်သူကောင်လေးကလည်း သူမကို မကာကွယ်ပေးတဲ့အပြင် မိတ်မဆက်ပေးဘဲနေနေခဲ့ပါသေးတယ်တဲ့။အဲ့တာနဲ့ သူမလုံးဝစိတ်ထိခိုက်သွားခဲ့ရပြီး လမ်းခွဲဖို့ပြောတော့ ကောင်လေးက ချက်ချင်းတောင်သဘောတူခဲ့သေးတာကြောင့် ၁၇နှစ်အရွယ်ကောင်မလေးအတွက် အတော်လေးစိတ်နာစရာကောင်းနေမှာပါ။လမ်းခွဲပြီးမကြာတော့ ကောင်လေးကသူ့ထက်လှတဲ့ကောင်မလေးနဲ့တွဲနေတာကို မြင်ခဲ့ရပြီး Vyဟာ သူမရဲ့ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကို မုန်းသွားရုံသာမက သူတို့ကြောင့် တစ်ခုခုလုပ်ဖို့စဉ်းစားခဲ့ရင်း အမေဖြစ်သူကို ပလပ်စတစ်ဆာဂျူရီလုပ်ဖို့ ပူဆာခဲ့ပြီး အမေဖြစ်သူလည်း သဘောတူကာ ဆေးခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

အထက်တန်းကျောင်းပြီးလို့အသက်၁၉နှစ်မှာတော့ သူမဟာ နှာခေါင်း၊ပါးစပ်၊နှုတ်ခမ်းနဲ့မေးစေ့စတာတွေကို ခွဲစိတ်ကုသပြောင်းလဲခဲ့ပါတယ်။ခုချိန်တော့ Vyဟာ လူအများရဲ့ချစ်ခြင်းကို ခံနေရပြီး”ကျွန်မရည်းစားဟောင်းကို လွန်ခဲ့တဲ့၄နှစ်ကတည်းက အပြင်မှာမတွေ့တော့ပေမဲ့ သူကတော့ social media မှာ ကျွန်မကိုအမြဲတောက်ထောင့်စောင့်ကြည့်နေပြီး ကျွန်မဓာတ်ပုံတွေလည်း likeပေးနေသေးတယ်”လို့ဆိုထားပါတယ်။သူမက ရည်းစားဟောင်းကို ကျေးဇူးတင်ကြောင်းလည်းဆိုထားပါတယ်။လူအများက Vyရဲ့ရည်မှန်းချက်နဲ့ သူမကိုယ်သူမတိုးတက်အောင်လုပ်လိုတဲ့ဆန္ဒအပေါ် ချီးမွမ်းစကားပြောဆိုပေးခဲ့ကြပါတယ်။အသက် ၁၉နှစ်ကတည်းက ပလပ်စတစ်ဆာဂျူရီလုပ်တယ်ဆိုတော့ နည်းနောတဲ့သတ္တိမဟုတ်ပါလား ဒါပေမဲ့ စိတ်နာသွားတဲ့ဒဏ်က အကြောက်တရားကိုတောင်မမူဘဲ ကျော်လွှားနိုင်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment