ေရေဘးဒဏ္ေၾကာင့္ အသက္႐ွင္ႏိုင္ဖို႔ တိုက္နံရံကိုတြယ္ကပ္ထားၿပီး ကယ္ဆယ္ေရးသမားေတြကို အကူအညီေတာင္းခံေနခဲ့တဲ့ ေခြးေလး (႐ုပ္သံ)

မကၠဆီကိုနိုင္ငံ Tabasco ေဒသရွိေရလႊမ္းမိုးမွုၾကားမွ အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြရန္သြားခဲ့တဲ့ ကယ္ဆယ္ေရးသမားေတြဟာ ေရထဲမွာနစ္ျမဳပ္ေနၿပီး အေဆာက္အအုံေဘးကပ္ရင္းအားကိုးရာမဲ့ေနတဲ့ ေခြးတစ္ေကာင္ကို အမွတ္မထင္ေတြ႕ခဲ့ၾကပါတယ္။ဗီဒီယိုထဲမွာေတာ့ အမိုးလွုံတဲ့ေနရာရွာေနေပမဲ့ ဘယ္ေနရာမွာရွာမေတြ႕ခဲ့တဲ့ေခြးေလးကို ကယ္ဆယ္ေရးသမားေတြက သူတို့ကိုယုံၾကည္ေစဖို့အတြက္ ေခြးကိုစေနာက္ခဲ့ၾကၿပီး ေခြးေလးလည္း သတၱိရွိရွိနဲ႔ေလွေပၚတက္ခဲ့တာေၾကာင့္ အႏၲရာယ္ကင္းကင္းနဲ႔ကယ္ဆယ္နိုင္ခဲ့ၾကပါတယ္။

Tabasco ေဒသရွိ ေရႀကီးမွုဟာ ၿပီးခဲ့တဲ့အပတ္ကမွ ပိုမိုဆိုးရြားျပင္းထန္လာေၾကာင္း လမ္းေတြႏွင့္လယ္ယာေျမေတြလည္း ေရေအာက္မွာ ဆက္လက္ရွိေနဆဲျဖစ္ေၾကာင္း မကၠဆီကိုသမၼတ Lopez Obrador က ေျပာၾကားခဲ့ပါတယ္။မုန္တိုင္းေၾကာင့္မိုးသည္းထန္စြာရြာသြန္းခဲ့ၿပီး Peñitas ဆည္မွ ေရအလြန္အကၽြံလၽွံထြက္လာမွုေၾကာင့္ ေရႀကီးမွုေတြဆက္ျဖစ္ပြါးသြားခဲ့ရေၾကာင္းလည္း ဆိုထားပါတယ္။Tabasco ေဒသအပါအ၀င္ မကၠဆီကိုနိုင္ငံရဲ့ေတာင္ပိုင္းေဒသေတြဟာ ႏွစ္ေပါင္း ၅၀ အတြင္းအဆိုးရြားဆုံးေရႀကီးမွုေၾကာင့္ လူ ၆၀၀,၀၀၀ ၀န္းက်င္ကို ထိခိုက္ေစခဲ့ၿပီး လူ ၆ ဦး ေသဆုံးခဲ့ပါတယ္။

ထို့ေနာက္ အာဏာပိုင္ေတြက အိုးမဲ့အိမ္မဲ့ျဖစ္ေနတဲ့ေခြးေလးကို ကယ္ဆယ္ခဲ့ၿပီးေနာက္ မကၠဆီေရတပ္မွာ အမွုထမ္းေဆာင္နိုင္ရန္ ေလ့က်င့္ေပးသြားမွာပါ။အဆိုပါဗီဒီယိုဟာ ၾကည့္ရွုသူ ၅ သန္းေက်ာ္ရရွိခဲ့ၿပီး ပ်ံ႕ႏွံ့သြားခဲ့တာေၾကာင့္ ကမၻာအႏွံ့ရွိသတင္းေတြမွာ ပါ၀င္လာခဲ့တာပါ။Tabasco ႏွင့္ Chiapas ေဒသႏွစ္ခုစလုံးမွာ ထပ္မံျဖစ္ပြါးေနတဲ့ေရႀကီးမွုကိုရပ္တန႔္နိုင္ဖို့ လွုပ္ရွားမွုအသစ္တစ္ခုကိုအေကာင္အထည္ေဖာ္ေဆာင္ရြယ္သြားမည္ျဖစ္ေၾကာင္း မကၠဆီသမၼတက ေၾကျငာခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : siakapkeli

Unicode

မက္ကဆီကိုနိုင်ငံ Tabasco ဒေသရှိရေလွှမ်းမိုးမှုကြားမှ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရန်သွားခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရေထဲမှာနစ်မြုပ်နေပြီး အဆောက်အအုံဘေးကပ်ရင်းအားကိုးရာမဲ့နေတဲ့ ခွေးတစ်ကောင်ကို အမှတ်မထင်တွေ့ခဲ့ကြပါတယ်။ဗီဒီယိုထဲမှာတော့ အမိုးလှုံတဲ့နေရာရှာနေပေမဲ့ ဘယ်နေရာမှာရှာမတွေ့ခဲ့တဲ့ခွေးလေးကို ကယ်ဆယ်ရေးသမားတွေက သူတို့ကိုယုံကြည်စေဖို့အတွက် ခွေးကိုစနောက်ခဲ့ကြပြီး ခွေးလေးလည်း သတ္တိရှိရှိနဲ့လှေပေါ်တက်ခဲ့တာကြောင့် အန္တရာယ်ကင်းကင်းနဲ့ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။

Tabasco ဒေသရှိ ရေကြီးမှုဟာ ပြီးခဲ့တဲ့အပတ်ကမှ ပိုမိုဆိုးရွားပြင်းထန်လာကြောင်း လမ်းတွေနှင့်လယ်ယာမြေတွေလည်း ရေအောက်မှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း မက္ကဆီကိုသမ္မတ Lopez Obrador က ပြောကြားခဲ့ပါတယ်။မုန်တိုင်းကြောင့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး Peñitas ဆည်မှ ရေအလွန်အကျွံလျှံထွက်လာမှုကြောင့် ရေကြီးမှုတွေဆက်ဖြစ်ပွါးသွားခဲ့ရကြောင်းလည်း ဆိုထားပါတယ်။Tabasco ဒေသအပါအဝင် မက္ကဆီကိုနိုင်ငံရဲ့တောင်ပိုင်းဒေသတွေဟာ နှစ်ပေါင်း ၅၀ အတွင်းအဆိုးရွားဆုံးရေကြီးမှုကြောင့် လူ ၆၀၀,၀၀၀ ဝန်းကျင်ကို ထိခိုက်စေခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

ထို့နောက် အာဏာပိုင်တွေက အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ခွေးလေးကို ကယ်ဆယ်ခဲ့ပြီးနောက် မက္ကဆီရေတပ်မှာ အမှုထမ်းဆောင်နိုင်ရန် လေ့ကျင့်ပေးသွားမှာပါ။အဆိုပါဗီဒီယိုဟာ ကြည့်ရှုသူ ၅ သန်းကျော်ရရှိခဲ့ပြီး ပျံ့နှံ့သွားခဲ့တာကြောင့် ကမ္ဘာအနှံ့ရှိသတင်းတွေမှာ ပါဝင်လာခဲ့တာပါ။Tabasco နှင့် Chiapas ဒေသနှစ်ခုစလုံးမှာ ထပ်မံဖြစ်ပွါးနေတဲ့ရေကြီးမှုကိုရပ်တန့်နိုင်ဖို့ လှုပ်ရှားမှုအသစ်တစ်ခုကိုအကောင်အထည်ဖော်ဆောင်ရွယ်သွားမည်ဖြစ်ကြောင်း မက္ကဆီသမ္မတက ကြေငြာခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "ေရေဘးဒဏ္ေၾကာင့္ အသက္႐ွင္ႏိုင္ဖို႔ တိုက္နံရံကိုတြယ္ကပ္ထားၿပီး ကယ္ဆယ္ေရးသမားေတြကို အကူအညီေတာင္းခံေနခဲ့တဲ့ ေခြးေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*