မိတ္ကပ္ရဲ့လွည့္ကြက္ေၾကာင့္ Cosplay ေလာကမွာ လူႀကိဳက္မ်ားတဲ့နတ္သမီးတစ္ပါးျဖစ္လာခဲ့တဲ့ ေကာင္ေလး

မိတ္ကပ္ဟာ မယုံနိုင္ေလာက္ေအာင္အစြမ္းထက္တဲ့လက္နက္တစ္ခုဆိုတာသိၾကမွာပါ။ဂ်ပန္နိုင္ငံရွိ လူငယ္တစ္ဦးကေတာ့ မိတ္ကပ္ကိုအသုံးျပဳၿပီး လိင္မတူတဲ့အမ်ိဳးသမီး cosplayer အျဖစ္ ေျပာင္းလဲေစခဲ့ပါတယ္။Hokkaido မွလူႀကိဳက္မ်ားတဲ့ cosplay ဝါသနာအိုး @Makina_Jeanne ရဲ့ဓါတ္ပုံေတြကိုၾကည့္ျခင္းအားျဖင့္ သူမခႏၶာကိုယ္ရဲ့အေကာင္းဆုံးပိုင္ဆိုင္မွုေတြကို ဂ်ပန္ manga ႏွင့္ anime ေတြထဲကလို မလုံ႔တလုံနဲ႔တင္းက်ပ္စြာ၀တ္စားဆင္ယင္ျပတဲ့မိန္းကေလးတစ္ဦးလို့ သင္တို့ထင္ေကာင္းထင္ေနၾကမွာပါ။ဒါေပမဲ့ @Makina_Jeanneဟာ ေယာကၤ်ားတစ္ဦးျဖစ္ေနၿပီး သူ႔ကိုယ့္သူ မိန္းကေလးတစ္ဦးနဲ႔တူေအာင္ မိတ္ကပ္လွည့္ကြက္ေတြ၊ဆံပင္တုနဲ႔ ဆီလီကြန္ ရင္သားအတုကိုပါထည့္ထားတာပါ။ @Makina_Jeanne က cosplay လုပ္လာတာ ၉ ႏွစ္ခန႔္ရွိၿပီျဖစ္ေပမဲ့လည္း သူ႔ရဲ့ပရိတ္သတ္ေတြဟာ မိတ္ကပ္ေနာက္ကြယ္က သူ႔ရဲ့တကယ့္ပုံပန္းသဏၭာန္ကိုမသိခဲ့ၾကပါဘူး။

ၿပီးခဲ့တဲ့လမွာ နာမည္ႀကီး cosplay သမားေတြဟာ သူတို့အ၀တ္အစားစတင္ဝတ္ဆင္ေနခဲ့တဲ့ပုံကိုsocial media ေပၚတင္ခဲ့ၿပီးေနာက္မွာေတာ့ ပရိတ္သတ္ေတြက တုန္လွုပ္သြားခဲ့ရပါတယ္။လူအမ်ားက @Makina_Jeanne အေၾကာင္းစတင္ေျပာဆိုလာၾကၿပီး အခ်ိဳ့က သူဟာ လိင္ခြဲစိတ္မွုကုသမွုခံယူထားတယ္လို့ ယူဆခဲ့ၾကပါတယ္။ဒါေပမဲ့ @Makina_Jeanne က သူဟာမိန္းကေလးတစ္ဦး ႏွင့္တူတဲ့မိတ္ကပ္လွည့္ကြက္ေတြကလႊဲရင္ တစ္ျခားအလွအပဆိုင္ရာခြဲစိတ္ကုသမွု လုံးဝမရွိခဲ့ေၾကာင္း ျပန္ရွင္းျပခဲ့ၿပီး အထက္တန္းေက်ာင္းရဲ့ေဖ်ာ္ေျဖေရးပြဲအတြက္ အမ်ိဳးသမီးဇာတ္ေကာင္မ်ားအျဖစ္ ဝတ္ဆင္ထားတဲ့သူ႔စီနီယာေတြကိုေတြ႕ေတာ့ သူကိုယ္တိုင္အဲ့လိုေတြဝတ္ၾကည့္ဖို့ဆုံးျဖတ္ခဲ့တာပါတဲ့။

ဒါေပမဲ့ သူ႔ဝါသနာအသစ္ေၾကာင့္ သူ႔သူငယ္ခ်င္းအခ်ိဳ့ကိုဆုံးရွုံးခဲ့ရပါတယ္။ကံေကာင္းတာက သူ႔အေမဟာ သူ႔အိပ္မက္ကိုအေကာင္အထည္ေဖာ္နိုင္ဖို့ ခြန္အားေပးခဲ့ၿပီး အကယ္လို့မင္းကမိန္းကေလးတစ္ဦးအေနနဲ႔ဘဲ ကစားခ်င္ရင္ မင္းဟာ အလွဆုံးမိန္းကေလးျဖစ္ေနရမယ္လို့ေျပာေပးခဲ့ပါတယ္တဲ့။ဒါေၾကာင့္ သူဟာ cosplay စြမ္းရည္ တိုးတက္ေအာင္ႀကိဳးစားခဲ့ၿပီး သူ႔ရလဒ္ေတြကို သူ႔ဓာတ္ပုံေတြအရ ေတြ႕နိုင္ပါတယ္။တစ္ကယ္လည္း လူတစ္ေယာက္ဟာ ကိုယ့္ဝါသနာပါတဲ့အရာကို အရဲစြန္႔လုပ္ဖူးသင့္ပါတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

မိတ်ကပ်ဟာ မယုံနိုင်လောက်အောင်အစွမ်းထက်တဲ့လက်နက်တစ်ခုဆိုတာသိကြမှာပါ။ဂျပန်နိုင်ငံရှိ လူငယ်တစ်ဦးကတော့ မိတ်ကပ်ကိုအသုံးပြုပြီး လိင်မတူတဲ့အမျိုးသမီး cosplayer အဖြစ် ပြောင်းလဲစေခဲ့ပါတယ်။Hokkaido မှလူကြိုက်များတဲ့ cosplay ဝါသနာအိုး @Makina_Jeanne ရဲ့ဓါတ်ပုံတွေကိုကြည့်ခြင်းအားဖြင့် သူမခန္ဓာကိုယ်ရဲ့အကောင်းဆုံးပိုင်ဆိုင်မှုတွေကို ဂျပန် manga နှင့် anime တွေထဲကလို မလုံ့တလုံနဲ့တင်းကျပ်စွာဝတ်စားဆင်ယင်ပြတဲ့မိန်းကလေးတစ်ဦးလို့ သင်တို့ထင်ကောင်းထင်နေကြမှာပါ။ဒါပေမဲ့ @Makina_Jeanneဟာ ယောင်္ကျားတစ်ဦးဖြစ်နေပြီး သူ့ကိုယ့်သူ မိန်းကလေးတစ်ဦးနဲ့တူအောင် မိတ်ကပ်လှည့်ကွက်တွေ၊ဆံပင်တုနဲ့ ဆီလီကွန် ရင်သားအတုကိုပါထည့်ထားတာပါ။ @Makina_Jeanne က cosplay လုပ်လာတာ ၉ နှစ်ခန့်ရှိပြီဖြစ်ပေမဲ့လည်း သူ့ရဲ့ပရိတ်သတ်တွေဟာ မိတ်ကပ်နောက်ကွယ်က သူ့ရဲ့တကယ့်ပုံပန်းသဏ္ဌာန်ကိုမသိခဲ့ကြပါဘူး။

ပြီးခဲ့တဲ့လမှာ နာမည်ကြီး cosplay သမားတွေဟာ သူတို့အဝတ်အစားစတင်ဝတ်ဆင်နေခဲ့တဲ့ပုံကိုsocial media ပေါ်တင်ခဲ့ပြီးနောက်မှာတော့ ပရိတ်သတ်တွေက တုန်လှုပ်သွားခဲ့ရပါတယ်။လူအများက @Makina_Jeanne အကြောင်းစတင်ပြောဆိုလာကြပြီး အချို့က သူဟာ လိင်ခွဲစိတ်မှုကုသမှုခံယူထားတယ်လို့ ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ @Makina_Jeanne က သူဟာမိန်းကလေးတစ်ဦး နှင့်တူတဲ့မိတ်ကပ်လှည့်ကွက်တွေကလွှဲရင် တစ်ခြားအလှအပဆိုင်ရာခွဲစိတ်ကုသမှု လုံးဝမရှိခဲ့ကြောင်း ပြန်ရှင်းပြခဲ့ပြီး အထက်တန်းကျောင်းရဲ့ဖျော်ဖြေရေးပွဲအတွက် အမျိုးသမီးဇာတ်ကောင်များအဖြစ် ဝတ်ဆင်ထားတဲ့သူ့စီနီယာတွေကိုတွေ့တော့ သူကိုယ်တိုင်အဲ့လိုတွေဝတ်ကြည့်ဖို့ဆုံးဖြတ်ခဲ့တာပါတဲ့။

ဒါပေမဲ့ သူ့ဝါသနာအသစ်ကြောင့် သူ့သူငယ်ချင်းအချို့ကိုဆုံးရှုံးခဲ့ရပါတယ်။ကံကောင်းတာက သူ့အမေဟာ သူ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့ ခွန်အားပေးခဲ့ပြီး အကယ်လို့မင်းကမိန်းကလေးတစ်ဦးအနေနဲ့ဘဲ ကစားချင်ရင် မင်းဟာ အလှဆုံးမိန်းကလေးဖြစ်နေရမယ်လို့ပြောပေးခဲ့ပါတယ်တဲ့။ဒါကြောင့် သူဟာ cosplay စွမ်းရည် တိုးတက်အောင်ကြိုးစားခဲ့ပြီး သူ့ရလဒ်တွေကို သူ့ဓာတ်ပုံတွေအရ တွေ့နိုင်ပါတယ်။တစ်ကယ်လည်း လူတစ်ယောက်ဟာ ကိုယ့်ဝါသနာပါတဲ့အရာကို အရဲစွန့်လုပ်ဖူးသင့်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment