ပန္းၿခံထဲကေနထြက္လာၿပီး ေျမေအာက္ရထားစီးခဲ့တဲ့ ငန္းျဖဴ

Ariel Cordova-Rojas အမည္ရွိအမ်ိဳးသမီးဟာ သူမရဲ့အသက္ ၃၀ ျပည့္ေမြးေန႔မတိုင္မီတစ္ရက္အလိုမွာ ေအးေဆးအပန္းေျဖနိုင္ဖို့ Jamaica Bay Wildlife Refuge ပန္းၿခံသို့ စက္ဘီးစီးထြက္ခဲ့ပါတယ္။သူမဟာ သဘာဝတရားႀကီးကို အေဝးကေနခံစားၾကည့္ဖို့ရည္ရြယ္ခဲ့ေပမဲ့လည္း အျခားသူေတြရဲ့ကြယ္ရာမွာထိုင္ေနတဲ့ ငန္းျဖဴမတစ္ေကာင္ကို ျမင္ခဲ့ရပါတယ္။Wild Bird ရန္ပုံေငြအဖြဲ႕မွတိရိစၧာန္ေစာင့္ေရွာက္ေရးမန္ေနဂ်ာေဟာင္းျဖစ္တဲ့ Cordova-Rojas ဟာ Wild Bird ရန္ပုံေငြအဖြဲ႕သို့ ခ်က္ခ်င္းအေၾကာင္းၾကားခဲ့ေပမဲ့ ငန္းျဖဴမတစ္ခုခုျဖစ္ေနတာကို ရိပ္မိခဲ့ပါတယ္။

အဲ့တာနဲ႔ သူမ ငန္းျဖဴဆီသို့ခ်ဥ္းကပ္ခဲ့ကာ လမ္းမေလၽွာက္နိုင္ေတာ့ပုံရတဲ့ငန္းျဖဴရဲ့ေတာင္ပံေတြကို ဆြဲကိုင္ၿပီး သူမပခုံးေပၚတင္ရင္း အိမ္ေခၚျပန္ဖို့ႀကံစည္ခဲ့ပါတယ္။Cordova-Rojas ဟာ တစ္မိုင္ခန႔္ေဝးတဲ့ ပန္းၿခံဝင္ေပါက္သို့ ၁၇ ေပါင္ေလာက္ရွိတဲ့ငန္းျဖဴကိုသယ္ေဆာင္သြားခဲ့ၿပီး သေဘာေကာင္းၾကင္နာတဲ့သူစိမ္းတစ္ေယာက္က သူတို့ကိုေျမေအာက္ရထားစီးခြင့္ေပးခဲ့ပါတယ္။Cordova-Rojas က ငန္းျဖဴႏွင့္အတူရထားစီးေနတုန္း ငန္းျဖဴကို Bae လို့အမည္ေပးခဲ့ပါေသးတယ္။

Wild Bird ရန္ပုံေငြအဖြဲ႕မွဝန္ထမ္းေတြဟာ Cordova-Rojas နဲ႔ေျမေအာက္ရထားဘူတာ႐ုံမွာ ဆုံခဲ့ၾကၿပီး ေဆးခန္းသို့ တန္းသြားခဲ့ၾကပါတယ္။တကယ္ေတာ့ Bae ဟာ ခဲအဆိပ္သင့္ၿပီးေရာဂါကူးစက္ခံေနရတာပါ။ေနာက္ပိုင္း Bae ေလးလည္း အျမန္ျပန္လည္နာလန္ထူလာနိုင္ခဲ့ၿပီး အခုေတာ့ သူတို့ဟာ အေတာ္ေလးရင္းႏွီးတဲ့သူငယ္ခ်င္းေကာင္းေတြျဖစ္ေနပါၿပီ။Cordova-Rojas အတြက္လည္း အသက္၃၀ျပည့္ေမြးေန႔မွာ တိရိစၧာန္ေလးရဲ့အသက္ကို ကယ္တင္ေပးနိုင္ခဲ့သလို လက္ေဆာင္အျဖစ္ Baeေလးကိုပါ ရရွိခဲ့ရပါတယ္။

Mia (Mckzone Daily)

Source : thedodo

Unicode

Ariel Cordova-Rojas အမည်ရှိအမျိုးသမီးဟာ သူမရဲ့အသက် ၃၀ ပြည့်မွေးနေ့မတိုင်မီတစ်ရက်အလိုမှာ အေးဆေးအပန်းဖြေနိုင်ဖို့ Jamaica Bay Wildlife Refuge ပန်းခြံသို့ စက်ဘီးစီးထွက်ခဲ့ပါတယ်။သူမဟာ သဘာဝတရားကြီးကို အဝေးကနေခံစားကြည့်ဖို့ရည်ရွယ်ခဲ့ပေမဲ့လည်း အခြားသူတွေရဲ့ကွယ်ရာမှာထိုင်နေတဲ့ ငန်းဖြူမတစ်ကောင်ကို မြင်ခဲ့ရပါတယ်။Wild Bird ရန်ပုံငွေအဖွဲ့မှတိရိစ္ဆာန်စောင့်ရှောက်ရေးမန်နေဂျာဟောင်းဖြစ်တဲ့ Cordova-Rojas ဟာ Wild Bird ရန်ပုံငွေအဖွဲ့သို့ ချက်ချင်းအကြောင်းကြားခဲ့ပေမဲ့ ငန်းဖြူမတစ်ခုခုဖြစ်နေတာကို ရိပ်မိခဲ့ပါတယ်။

အဲ့တာနဲ့ သူမ ငန်းဖြူဆီသို့ချဉ်းကပ်ခဲ့ကာ လမ်းမလျှောက်နိုင်တော့ပုံရတဲ့ငန်းဖြူရဲ့တောင်ပံတွေကို ဆွဲကိုင်ပြီး သူမပခုံးပေါ်တင်ရင်း အိမ်ခေါ်ပြန်ဖို့ကြံစည်ခဲ့ပါတယ်။Cordova-Rojas ဟာ တစ်မိုင်ခန့်ဝေးတဲ့ ပန်းခြံဝင်ပေါက်သို့ ၁၇ ပေါင်လောက်ရှိတဲ့ငန်းဖြူကိုသယ်ဆောင်သွားခဲ့ပြီး သဘောကောင်းကြင်နာတဲ့သူစိမ်းတစ်ယောက်က သူတို့ကိုမြေအောက်ရထားစီးခွင့်ပေးခဲ့ပါတယ်။Cordova-Rojas က ငန်းဖြူနှင့်အတူရထားစီးနေတုန်း ငန်းဖြူကို Bae လို့အမည်ပေးခဲ့ပါသေးတယ်။

Wild Bird ရန်ပုံငွေအဖွဲ့မှဝန်ထမ်းတွေဟာ Cordova-Rojas နဲ့မြေအောက်ရထားဘူတာရုံမှာ ဆုံခဲ့ကြပြီး ဆေးခန်းသို့ တန်းသွားခဲ့ကြပါတယ်။တကယ်တော့ Bae ဟာ ခဲအဆိပ်သင့်ပြီးရောဂါကူးစက်ခံနေရတာပါ။နောက်ပိုင်း Bae လေးလည်း အမြန်ပြန်လည်နာလန်ထူလာနိုင်ခဲ့ပြီး အခုတော့ သူတို့ဟာ အတော်လေးရင်းနှီးတဲ့သူငယ်ချင်းကောင်းတွေဖြစ်နေပါပြီ။Cordova-Rojas အတွက်လည်း အသက်၃၀ပြည့်မွေးနေ့မှာ တိရိစ္ဆာန်လေးရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့သလို လက်ဆောင်အဖြစ် Baeလေးကိုပါ ရရှိခဲ့ရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment