ဓာတ္လိုက္ၿပီးေသဆံုးသြားခဲ့တဲ့သားေလးကိုေပြ႔ခ်ီကာ”အေမ့ဆီျပန္လာပါ ” ဆိုၿပီးေအာ္ငိုေနခဲ့တဲ့ မိခင္ရဲ႕ရင္ႏွင့္ဖြယ္(႐ုပ္/သံ)

လ်ွပ္စစ္မီးေၾကာင့္ ဓာတ္လိုက္ေသဆံုးမႈေတြ မၾကာခဏျဖစ္ပ်က္ေလ့႐ွိၿပီး အႀကိမ္ႀကိမ္အခါခါသတိေပးေျပာဆိုတာေတြ ၊ ေၾကညာေပးေနတာေတြ ႐ွိေနလ်က္နဲ႔ တစ္ခ်ိဳ႕သူေတြကေတာ့ ဂ႐ုမစိုက္ၾကပဲ အျမဲလိုလစ္လ်ဴ ႐ႈၿပီးေနထိုင္ေလ့႐ွိၾကပါတယ္ ။ ေျပာမယ္ဆိုရင္ အသက္ေလာက္တန္ဖိုး႐ွိတာ ဒီကမာၻမွာ႐ွိပါ့မလား ။ ၿပီးခဲ့တဲ့ေန႔က အင္ဒိုနီး႐ွားႏိုင္ငံကအမ်ိဳးသမီးတစ္ေယာက္ဟာ ေသဆံုးသြားခဲ့ၿပီျဖစ္တဲ့သူမရဲ႕ 10လသားအရြယ္သားေလးကို ေပြ႔ခ်ီၿပီးသတိျပန္လည္လာေအာင္ေအာ္ဟစ္ငိုယိုၿပီႏႈိးထေနတဲ့ video ဟာ Facebook အသံုးျပဳသူေတြအၾကား အေတာ္ေလးကိုလူၾကည့္မ်ားေနပါတယ္ ။

Arfan လို႔အမည္ရတဲ့အဆိုပါကေလးငယ္ဟာ မီးခလုတ္ဖြင့္ထားတဲ့ပလတ္ေပါက္မွာ ခ်ိတ္ထားတဲ့ဖုန္းအားသြင္းႀကိဳးကိုေဆာ့ကစားရင္းေနာက္ ဓာတ္လိုက္သြားခဲ့ကာ မိခင္ျဖစ္သူက ကေလးငယ္ကိုေဆးရံုသို႔ အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း ကေလးအသက္ကိုမကယ္ႏိုင္ခဲ့ပါဘူး ။ ထို႔ေၾကာင့္ မိခင္ျဖစ္သူက ကေလးငယ္ကိုေပြ႔ခ်ီၿပီး ” အေမ့ဆီကိုျပန္လာခဲ့ပါ ” ဆိုၿပီး ေအာ္ဟစ္ငိုေႂကြးေနခဲ့ပါတယ္ ။ အနီးနားမွာ႐ွိေနခဲ့တဲ့ ဆရာဝန္ကလည္း ကေလးငယ္ကိုေခၚေဆာင္သြားဖို႔ႀကိဳးစားေနေပမဲ့လည္း မိခင္ျဖစ္သူက ကေလးငယ္ကို တင္းတင္းက်ပ္က်ပ္ေပြ႔ခ်ီၿပီး ေအာ္ငိုေနခဲ့တာကို Video မွာေတြ႔႐ွိရမွာပါ ။

ေနာက္ပိုင္ ရဲအရာ႐ွိေတြစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကေလးငယ္ဟာဖုန္းအားသြင္းႀကိဳးကိုေဆာ့ကစား၍ ဓာတ္လိုက္ျခင္းေၾကာင့္မဟုတ္ပဲ ၊ ေပါင္မုန္႔ဖုတ္စက္ႏွင့္ခ်ိတ္ဆက္ထားခဲ့တဲ့ ေပါက္ျပဲေနခဲ့တဲ့ဝိုင္ယာႀကိဳးကို ေဆာ့ကစားခဲ့၍ျဖစ္ေၾကာင္း အေျဖ႐ွာထုတ္ႏိုင္ခဲ့ပါတယ္ ။ ” ကေလးငယ္ဟာ မုန္႔ဖုတ္စက္နဲ႔ခ်ိတ္ဆက္ထားတဲ့ေပါက္ျပဲေနတဲ့ ဝိုင္ယာႀကိဳးကိုကိုင္လိုက္တာလို႔ ယံုၾကည္ရပါတယ္ ။ သူ႔ကိုဓာတ္လိုက္တာနဲ႔ ေအာ္ဟစ္ခဲ့လို႔ မိခင္ျဖစ္သူကအေျပးေရာက္႐ွိလာခဲ့ၿပီး ၊ ကေလးငယ္ၾကမ္းျပင္ေပၚလဲေနခဲ့တာကို မိခင္ကေတြ႔႐ွိသြားခဲ့တာပါ ” ဆိုၿပီး ရဲအရာ႐ွိကထြက္ဆိုခဲ့ပါတယ္ ။

https://www.facebook.com/terkinidotid/videos/439487820014415/UzpfSTEwMDAxNzYzNzQzMzI1Nzo2NTQ4ODYzNDUxMDkyNzQ/

မိခင္ျဖစ္သူကေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္ခဲ့ၿပီး ေဆးရံုေရာႏ္ွိခဲ႔ခ်ိန္ဆရာဝန္က ကုသခဲ့ေပမဲ့လည္း ကေလးငယ္ဟာအသက္ျပန္မ႐ွင္လာေတာ့ပါဘူး ။ အျဖစ္အပ်က္က အေတာ္ေလးကိုဝမ္းနည္းေၾကကြဲဖို႔ေကာင္းလွေပမဲ့လည္း ပ်က္စီးယိုယြင္းေနၿပီျဖစ္ေသာ ဝိုင္ယာႀကိဳးမ်ားကို ဆက္ၿပီးအသံုမျပဳသင့္ေတာ့သည့္အျပင္ ၊ အဆိုပါအရာမ်ားကို ကေလးငယ္၏အေဝးတြင္သာ ထား႐ွိသင့္ေၾကာင္း ရည္ၫြန္းေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လျှပ်စစ်မီးကြောင့် ဓာတ်လိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပျက်လေ့ရှိပြီး အကြိမ်ကြိမ်အခါခါသတိပေးပြောဆိုတာတွေ ၊ ကြေညာပေးနေတာတွေ ရှိနေလျက်နဲ့ တစ်ချို့သူတွေကတော့ ဂရုမစိုက်ကြပဲ အမြဲလိုလစ်လျူ ရှုပြီးနေထိုင်လေ့ရှိကြပါတယ် ။ ပြောမယ်ဆိုရင် အသက်လောက်တန်ဖိုးရှိတာ ဒီကမ္ဘာမှာရှိပါ့မလား ။ ပြီးခဲ့တဲ့နေ့က အင်ဒိုနီးရှားနိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့သူမရဲ့ 10လသားအရွယ်သားလေးကို ပွေ့ချီပြီးသတိပြန်လည်လာအောင်အော်ဟစ်ငိုယိုပြီနှိုးထနေတဲ့ video ဟာ Facebook အသုံးပြုသူတွေအကြား အတော်လေးကိုလူကြည့်များနေပါတယ် ။

Arfan လို့အမည်ရတဲ့အဆိုပါကလေးငယ်ဟာ မီးခလုတ်ဖွင့်ထားတဲ့ပလတ်ပေါက်မှာ ချိတ်ထားတဲ့ဖုန်းအားသွင်းကြိုးကိုဆော့ကစားရင်းနောက် ဓာတ်လိုက်သွားခဲ့ကာ မိခင်ဖြစ်သူက ကလေးငယ်ကိုဆေးရုံသို့ အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း ကလေးအသက်ကိုမကယ်နိုင်ခဲ့ပါဘူး ။ ထို့ကြောင့် မိခင်ဖြစ်သူက ကလေးငယ်ကိုပွေ့ချီပြီး ” အမေ့ဆီကိုပြန်လာခဲ့ပါ ” ဆိုပြီး အော်ဟစ်ငိုကြွေးနေခဲ့ပါတယ် ။ အနီးနားမှာရှိနေခဲ့တဲ့ ဆရာဝန်ကလည်း ကလေးငယ်ကိုခေါ်ဆောင်သွားဖို့ကြိုးစားနေပေမဲ့လည်း မိခင်ဖြစ်သူက ကလေးငယ်ကို တင်းတင်းကျပ်ကျပ်ပွေ့ချီပြီး အော်ငိုနေခဲ့တာကို Video မှာတွေ့ရှိရမှာပါ ။

နောက်ပိုင် ရဲအရာရှိတွေစစ်ဆေးခဲ့ချိန်မှာတော့ ကလေးငယ်ဟာဖုန်းအားသွင်းကြိုးကိုဆော့ကစား၍ ဓာတ်လိုက်ခြင်းကြောင့်မဟုတ်ပဲ ၊ ပေါင်မုန့်ဖုတ်စက်နှင့်ချိတ်ဆက်ထားခဲ့တဲ့ ပေါက်ပြဲနေခဲ့တဲ့ဝိုင်ယာကြိုးကို ဆော့ကစားခဲ့၍ဖြစ်ကြောင်း အဖြေရှာထုတ်နိုင်ခဲ့ပါတယ် ။ ” ကလေးငယ်ဟာ မုန့်ဖုတ်စက်နဲ့ချိတ်ဆက်ထားတဲ့ပေါက်ပြဲနေတဲ့ ဝိုင်ယာကြိုးကိုကိုင်လိုက်တာလို့ ယုံကြည်ရပါတယ် ။ သူ့ကိုဓာတ်လိုက်တာနဲ့ အော်ဟစ်ခဲ့လို့ မိခင်ဖြစ်သူကအပြေးရောက်ရှိလာခဲ့ပြီး ၊ ကလေးငယ်ကြမ်းပြင်ပေါ်လဲနေခဲ့တာကို မိခင်ကတွေ့ရှိသွားခဲ့တာပါ ” ဆိုပြီး ရဲအရာရှိကထွက်ဆိုခဲ့ပါတယ် ။

မိခင်ဖြစ်သူကဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်ခဲ့ပြီး ဆေးရုံရောန်ှိခဲ့ချိန်ဆရာဝန်က ကုသခဲ့ပေမဲ့လည်း ကလေးငယ်ဟာအသက်ပြန်မရှင်လာတော့ပါဘူး ။ အဖြစ်အပျက်က အတော်လေးကိုဝမ်းနည်းကြေကွဲဖို့ကောင်းလှပေမဲ့လည်း ပျက်စီးယိုယွင်းနေပြီဖြစ်သော ဝိုင်ယာကြိုးများကို ဆက်ပြီးအသုံမပြုသင့်တော့သည့်အပြင် ၊ အဆိုပါအရာများကို ကလေးငယ်၏အဝေးတွင်သာ ထားရှိသင့်ကြောင်း ရည်ညွန်းပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment