ကလေးတွေကိုပါ ခေါ်ပြီး အမြဲအစာကျွေးတတ်တဲ့အမျိုးသမီးဆီကို ရုတ်တရက် ရောက်ချလာခဲ့တဲ့ လမ်းဘေးကြောင်မကြီး




Mia (Mckzone Daily)

Source : boredpanda

Unicode

ကနေဒါနိုင်ငံ Quebec မြို့က Lisianneအမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ သူမရဲ့ဥယျာဉ်ထဲကို အမြဲဝင်ထွက်လုပ်နေတတ်တဲ့ ကြောင်မလေး Usagiကို အစာကျွေးရင်း ကြောင်မလေးနဲ့ခင်မင်ရင်းနှီးလာခဲ့တာပါ။ဒါပေမဲ့ တစ်နေ့ တော့ Usagiလေးက သူ့ကလေးကြောင်၆ကောင်နဲ့ သူမဆီကို ပြန်ရောက်လာခဲ့ပါတယ်။အခုတော့ ကြောင်လေး၆ကောင်ထဲက ၅ကောင်အတွက် ထာဝရနေအိမ်လေးရှာဖွေပေးနေပြီး ကျန် ၁ကောင်ကတော့ Lisianneရဲ့သူငယ်ချင်းက မွေးစားထားပါတယ်။

ကြောင်လေးအမ၃ကောင်မှာ Taylor၊Tynieနဲ့Tyanaလို့ခေါ်ပြီး ကျန်အထီး၂ကောင်ကိုတော့ Tales နဲ့ Tito လို့အမည်ပေးထားပါသေးတယ်။အရင်က Lisianneဟာ Usagi ဗိုက်ပူထွက်နေတာကို သူမအစာမတော်မတန်ကျွေးလို့ ဖြစ်တာလို့ ထင်နေခဲ့တာပါတဲ့။Usagiလည်း အဲ့တုန်းက ကိုယ်ဝန်ဆောင်နေချိန်မို့ အစာ မရွေးဘဲ အကုန်စားခဲ့ပုံရပါတယ်။

Usagi ကလေးမွေးပြီးနောက်တော့ Lisianne ဟာ သူမအိမ်တံခါးကို အမြဲဖွင့်ထားပြီး သူတို့အတွက် အဆင်ပြေအောင် ယာယီအခန်းတစ်ခန်းထားပေးခဲ့ပါသေးတယ်။နောက်ပိုင်း သူမသူငယ်ချင်းနဲ့ဒေသခံဂေဟာထံ မွေးစားချင်တဲ့လူတွေရှာနိုင်ဖို့ အကူအညီတောင်းခဲ့ကာ ကြောင်လေး၅ကောင်အား ဂေဟာသို့ပို့ထားပြီး ဒီအတောအတွင်းမှာတော့ Usagi ကို သူမကခေါ်မွေးထားခဲ့ပြီး ကိုယ်ဝန်ထပ်မဆောင်နိုင်တော့အောင် တားဆီးပေးဖို့ ဆုံးဖြတ်နေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ကလေးတွေကိုပါ ခေါ်ပြီး အမြဲအစာကျွေးတတ်တဲ့အမျိုးသမီးဆီကို ရုတ်တရက် ရောက်ချလာခဲ့တဲ့ လမ်းဘေးကြောင်မကြီး"

Leave a comment

Your email address will not be published.


*