လက်နှစ်ဖက်မရှိပေမဲ့လည်း ခက်ခဲလွန်းတဲ့ဘဝအခြေအနေကိုအရှုံးမပေးဘဲ ပြုံးပြုံးပျော်ပျော် ဈေးရောင်းနေခဲ့တဲ့ အမျိုးသား



Mia (Mckzone Daily)

Source : worldofbuzz

Unicode

တစ်ခါတစ်ရံကျွန်တော်တို့ဟာ ကျွန်တော်တို့ပြုခဲ့တဲ့ကုသိုလ်တွေကို ပြန်ရေတွက်နေကြရတာပါ။မလေးရှားနိုင်ငံရှိ Dekk’s Mat အမည်ရှိတဲ့မသန်စွမ်းအမျိုးသားတစ်ဦးဟာ ကိုယ့်ဘဝအသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့အတွက် Cheras LRT ဘူတာအနီးမှာ Nasi lemakဆိုတဲ့မလေးရိုးရာအစားအစာ ကို ရောင်းချနေခဲ့ပါတယ်။Shahrin Razi သတင်းက အလုပ်ကြိုးစားတဲ့သူ့ကို ပြသဖို့နဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကို ချီးမွမ်းဖို့ “Dekk’s Mat ဟာ ဘဝရဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံကာ သူ့ရဲ့လက်နှစ်ဖက်စလုံးမရှိတော့ပေမဲ့လည်း သူပြုံးပျော်နေတုန်းပါ။Cheras LRT ဘူတာရုံရှိ (၇) ဆယ့်လေးနားနီးမှာရှိတဲ့ Dekk’s Mat ရဲ့ Nasi lemak ကိုဝယ်ယူအားပေးကြပါစို့” လို့ ရေးသားပြီး Facebookစာမျက်နှာမှာ ဝေမျှပေးခဲ့တာပါ။

Dekk’s Mat ဟာ အခက်ခဲဆုံးဘဝစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပေမဲ့လည်း သူ့ကိုယ်သူအသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ ကြိုးစားအားထုတ်လိုပြီး အခက်အခဲတွေကြောင့် သူ့ကိုယ်သူဝန်ပိခြင်းကိုလည်းခွင့်မပြုစေခဲ့ပါဘူး။ကျွန်တော်တို့ကို လောကကြီးကဘယ်လောက်ပဲပစ်ထားပါစေ ကြိုးစားအားထုတ်မှု ၊ ဇွဲရှိမှု နဲ့အကောင်းမြင်မှု တွေက လွှမ်းမိုးနိုင်လိမ့်မယ်လို့သင်ကြားပေးတဲ့အတွက် Dekk’s Mat ကို လေးစားမိသလို အထူးလည်းကျေးဇူးတင်မိပါတယ်။သင်တို့ကော သူ့ကိုဘယ်လိုထင်မိပါသလဲ။

Mia (Mckzone Daily)

Be the first to comment on "လက်နှစ်ဖက်မရှိပေမဲ့လည်း ခက်ခဲလွန်းတဲ့ဘဝအခြေအနေကိုအရှုံးမပေးဘဲ ပြုံးပြုံးပျော်ပျော် ဈေးရောင်းနေခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*