အိမ္ေခါင္မိုးေပၚျပဳတ္က်လာတဲ့ ေပါင္ ၁.၄ သန္းေက်ာ္တန္ဖိုးရွိဥကၠာပ်ံတစ္ခုေၾကာင့္ သန္းႂကြယ္သူေဌးျဖစ္လာေတာ့မယ့္ အမ်ိဳးသား (႐ုပ္သံ)

အာကာသမွအံ့ဩစရာေကာင္းတဲ့၄.၅ ဘီလီယံသက္တမ္းရွိဥကၠာခဲဟာ Josua Hutagalungအမည္ရွိတဲ့အမ်ိဳးသားရဲ့အိမ္ေခါင္မိုးေပၚမွတစ္ဆင့္ အရွိန္ျပင္းျပင္းနဲ႔သူ႔ၿခံဝင္းကေျမႀကီးထဲကို ၆ လက္မေလာက္ျမႇုပ္ဝင္သြားၿပီးေနာက္ သူ႔ဟာ ခ်က္ခ်င္းဘဝေျပာင္းလဲသြားခဲ့ပါတယ္။Josua မွာ ေပါင္ ၁ ဒသမ ၄ သန္းတန္ဖိုးရွိတဲ့အာကာသေက်ာက္တုံးရွိတယ္ဆိုတဲ့သတင္းစကားေတြေျပာလာၾကေတာ့ ကၽြမ္းက်င္သူတစ္ဦးက Josua ဆီမွ ဝယ္ယူဖို့အတြက္ Sumatraျပည္နယ္ေျမာက္ပိုင္း Kolang ၿမိဳ့ရွိJosuaရဲ့ေနအိမ္သို့ အျမန္ေျပးလာခဲ့ရပါတယ္။Josuaက အိမ္လွုပ္ခတ္ေနတဲ့အသံကိုၾကားေတာ့ သူဟာအိမ္ေရွ႕ကလမ္းေဘးမွာအလုပ္လုပ္ေနၿပီး သူတို့အိမ္အေပၚသစ္ပင္တစ္ပင္လဲက်လာတယ္လို့ထင္ေနခဲ့တာပါတဲ့။ဇနီးျဖစ္သူက တူးထုတ္ဖို့ကူညီေပးခဲ့ၿပီး Josua က ဥကၠာခဲကို မလိုက္ေတာ့ ေႏြးေနပါေသးတယ္တဲ့။

အသံကက်ယ္ေလာင္လြန္းလို့ အိမ္ရဲ့အစိတ္အပိုင္းေတြလွုပ္ခါေနခဲ့ၿပီး တစ္ခ်ိဳ့အစိတ္အပိုင္းေတြကပ်က္စီးသြားခဲ့ေၾကာင္းလည္း ဆိုထားပါတယ္။ကၽြမ္းက်င္သူေတြက ခြဲျခမ္းစိတ္ျဖာေလ့လာၿပီးေနာက္ အဆိုပါဥကၠာခဲက CM1 / 2 carbonaceous Chondrite လို့သတ္မွတ္ခဲ့ၾကကာ အလြန္ရွားပါးတဲ့ ေတြ႕ရွိခ်က္တစ္ခုျဖစ္ၿပီး အေစာပိုင္းကာလေနေရာင္ျခည္စြမ္းအင္သုံးစနစ္က ဇီဝမ်ိဳးေစ့ေတြကိုျဖစ္ေပၚေစၿပီး ဓာတုေဗဒဆိုင္ရာအစိုင္အခဲေက်ာက္တုံးေတြကိုလည္း သယ္ေဆာင္လာေပးနိုင္တယ္ လို့ ယုံၾကည္ေနၾကပါတယ္။

သူ႔သတင္းကိုၾကားၾကားၿပီးခ်င္း Baliကၽြန္းအေျခစိုက္ဥကၠာခဲပညာရွင္ Jared Collins ဟာ ရွားပါးတဲ့ဥကၠာခဲကိုလုံျခဳံမွုရွိေစဖို့ စုေဆာင္းထားသမၽွပိုက္ဆံကို အလုံအေလာက္သယ္ေဆာင္ကာ Josua ကို လိုက္လံရွာေဖြၿပီး စီးပြါးေရးဆန္ဆန္ေစ့စပ္ညႇိႏွိုင္းမွုျပဳလုပ္ခဲ့ပါတယ္။

Mia (Mckzone Daily)

Source : dailystar

Unicode

အာကာသမှအံ့ဩစရာကောင်းတဲ့၄.၅ ဘီလီယံသက်တမ်းရှိဥက္ကာခဲဟာ Josua Hutagalungအမည်ရှိတဲ့အမျိုးသားရဲ့အိမ်ခေါင်မိုးပေါ်မှတစ်ဆင့် အရှိန်ပြင်းပြင်းနဲ့သူ့ခြံဝင်းကမြေကြီးထဲကို ၆ လက်မလောက်မြှုပ်ဝင်သွားပြီးနောက် သူ့ဟာ ချက်ချင်းဘဝပြောင်းလဲသွားခဲ့ပါတယ်။Josua မှာ ပေါင် ၁ ဒသမ ၄ သန်းတန်ဖိုးရှိတဲ့အာကာသကျောက်တုံးရှိတယ်ဆိုတဲ့သတင်းစကားတွေပြောလာကြတော့ ကျွမ်းကျင်သူတစ်ဦးက Josua ဆီမှ ဝယ်ယူဖို့အတွက် Sumatraပြည်နယ်မြောက်ပိုင်း Kolang မြို့ရှိJosuaရဲ့နေအိမ်သို့ အမြန်ပြေးလာခဲ့ရပါတယ်။Josuaက အိမ်လှုပ်ခတ်နေတဲ့အသံကိုကြားတော့ သူဟာအိမ်ရှေ့ကလမ်းဘေးမှာအလုပ်လုပ်နေပြီး သူတို့အိမ်အပေါ်သစ်ပင်တစ်ပင်လဲကျလာတယ်လို့ထင်နေခဲ့တာပါတဲ့။ဇနီးဖြစ်သူက တူးထုတ်ဖို့ကူညီပေးခဲ့ပြီး Josua က ဥက္ကာခဲကို မလိုက်တော့ နွေးနေပါသေးတယ်တဲ့။

အသံကကျယ်လောင်လွန်းလို့ အိမ်ရဲ့အစိတ်အပိုင်းတွေလှုပ်ခါနေခဲ့ပြီး တစ်ချို့အစိတ်အပိုင်းတွေကပျက်စီးသွားခဲ့ကြောင်းလည်း ဆိုထားပါတယ်။ကျွမ်းကျင်သူတွေက ခွဲခြမ်းစိတ်ဖြာလေ့လာပြီးနောက် အဆိုပါဥက္ကာခဲက CM1 / 2 carbonaceous Chondrite လို့သတ်မှတ်ခဲ့ကြကာ အလွန်ရှားပါးတဲ့ တွေ့ရှိချက်တစ်ခုဖြစ်ပြီး အစောပိုင်းကာလနေရောင်ခြည်စွမ်းအင်သုံးစနစ်က ဇီဝမျိုးစေ့တွေကိုဖြစ်ပေါ်စေပြီး ဓာတုဗေဒဆိုင်ရာအစိုင်အခဲကျောက်တုံးတွေကိုလည်း သယ်ဆောင်လာပေးနိုင်တယ် လို့ ယုံကြည်နေကြပါတယ်။

သူ့သတင်းကိုကြားကြားပြီးချင်း Baliကျွန်းအခြေစိုက်ဥက္ကာခဲပညာရှင် Jared Collins ဟာ ရှားပါးတဲ့ဥက္ကာခဲကိုလုံခြုံမှုရှိစေဖို့ စုဆောင်းထားသမျှပိုက်ဆံကို အလုံအလောက်သယ်ဆောင်ကာ Josua ကို လိုက်လံရှာဖွေပြီး စီးပွါးရေးဆန်ဆန်စေ့စပ်ညှိနှိုင်းမှုပြုလုပ်ခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment