လူအဖြဲ႔အစည္းကိုကူညီေနတာပါဆိုၿပီး ေခြးေတြကိုႏွိပ္စက္ကာ ခ်က္ျပဳတ္စားေသာက္ၿပီးစိတ္ဖိစီးမႈေတြေျဖေဖ်ာက္ေနခဲ့တဲ့ ေက်ာင္းသား

ဒီကိစၥကေတာ့ ေတာ္ေတာ္ေလးကိုစာနာစိတ္မ႐ွိတဲ့အျပင္ လူသားမဆန္တဲ့လုပ္ရပ္မ်ိဳးျဖစ္ပါတယ္ ။ တ႐ုတ္ႏိုင္ငံက ေက်ာင္းသားတစ္ေယာက္ဟာ သူ၏စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္ႏိုင္ရန္အတြက္ ေခြးေလးေတြကို ႏွိပ္စက္ညႇင္းပန္းခဲ့သည့္အျပင္ ဓားျဖင့္အစိတ္စိတ္အမႊာမႊာျဖတ္ခုတ္ပစ္ခဲ့ၿပီးေနာက္ လူအဖြဲ႔အစည္းကိုကူညီႏိုင္ဖို႔အတြက္ လမ္းေဘးေခြးေတြကို ႐ွင္းထုတ္ေပးေနတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ တ႐ုတ္ႏိုင္ငံ ၊ Sichun ျပည္နယ္မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ အဆိုပါေက်ာင္းသားဟာ Chengdu University of Technology မွေက်ာင္းသားတစ္ဦးျဖစ္ကာ လမ္းေဘးေခြးေတြကိုမခ်က္စားခင္ နည္းလမ္းမ်ိဳးစံုျဖင့္ႏွိပ္စက္ညႇင္းပန္းခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

၎ေက်ာင္းသား၏ေနအိမ္အနီးေနထိုင္လ်က္႐ွိတဲ့ ေဒသခံတစ္ဦးက အဆိုပါေက်ာင္းသား၏လုပ္ရပ္မ်ားေၾကာင့္ မည္သူမည္ဝါျဖစ္ေၾကာင္းအခ်က္အလက္မ်ားထုတ္ေဖာ္ဖို႔အတြက္ ကိုယ္တိုင္စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ပါတယ္ ။ Internet ေၾကာင့္ အဆိုပါေက်ာင္းသား၏ အခ်က္အလက္အေၾကာင္းအရာမ်ားကိုအလြယ္တကူေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ၊ Chengdu University of Technology မွ Chemical Engineering အတန္းတက္ေရာက္သင္ၾကားေနေသာ Master ေက်ာင္းသားတစ္ေယာက္ျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္ ။

ေက်ာင္းသား၏ လုပ္ရပ္မ်ားႏွင့္ ကိုယ္ေရးအခ်က္အလက္မ်ားကို အမ်ားျပည္သူတို႔ထံ ခ်ျပလိုက္ခ်ိန္မွာေတာ့ အဆိုပါေက်ာင္းသားက ” လမ္းေဘးေခြးေတြက ဘယ္လိုပဲျဖစ္ျဖစ္ စိတ္အေႏွာင့္အယွက္ေပးၾကတယ္ ။ အဲ့ေၾကာင့္ သူတို့ကိုခ်က္ျပဳတ္စားေသာက္ပစ္လိုက္တယ္ ။ အနံ႔က ေမႊးတယ္မဟုတ္လား ။” မႂကြားဝါခင္မွာ သူ၏က်ိဳင္းတုတ္ဟာ ေခြးေတြကို အလြယ္တကူသတ္ႏိုင္ေၾကာင္းကိုလည္း ” သူတို႔ေခါင္းေတြကို႐ိုက္ခြဲဖို႔ 3ခ်က္ေလာက္႐ိုက္ပစ္လိုက္ရင္ရၿပီ ” ဆိုၿပီး ျပန္လည္ခုခံေျပာဆိုခဲ့ပါေသးတယ္ ။ ” မွတ္ထားၾက ၊ လမ္းေဘးေခြးေတြက အေလအလြင့္ေတြပဲ ဘာလို႔လဲဆိုလူေတြကသူတို႔ကို မလိုခ်င္လို႔လမ္းေဘးမွာစြန္႔ပစ္ထားခဲ့တာေလ ” ဆိုၿပီးထပ္ျပီးေျပာဆိုသြားခဲ့ပါေသးတယ္ ။

တ႐ုတ္ Social media site တစ္ခုျဖစ္တဲ့ Weibo မွာေဖာ္ျပထားခဲ့တာေတာ့ ေက်ာင္းသားဟာေခြးေလးေတြကို မခ်က္စားခင္ အ႐ွင္လတ္လတ္တိုင္ေတြမွာခ်ည္ထားၿပီးေနာက္ အသားမ်ားကိုလွီျဖတ္ၿပီး ၊ အေမြးေတြကိုခြာထုတ္ကာ အပိုင္းပိုင္းခုတ္ထစ္ၿပီးခ်က္ျပဳတ္ခဲ့ပံုတို႔ကိုပါေဖာ္ျပခဲ့ပါတယ္ ။အဆိုပါေက်ာင္းသား၏ သတင္းမွာ online ေပၚမွာအေတာ္ေလးေရပန္းစားခဲ့ၿပီးေနာက္ ၊ Chengdu University of Technology မွ အဆိုပါကိစၥရပ္အတြက္ ေက်ာင္းသားကိုေခၚယူၿပီးစစ္ေဆးမႈမ်ားျပဳလုပ္မည္ျဖစ္ေၾကာင္း ႏွင့္ အဆိုပါေက်ာင္းသားကလည္း online ေပၚမွာ သူ၏အေၾကာင္းမ်ား ေဝမ်ွေနျခင္းမ်ိဳးရပ္တန္႔ေပဖို႔ လူအမ်ားကိုအသနားခံခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီကိစ္စကတော့ တော်တော်လေးကိုစာနာစိတ်မရှိတဲ့အပြင် လူသားမဆန်တဲ့လုပ်ရပ်မျိုးဖြစ်ပါတယ် ။ တရုတ်နိုင်ငံက ကျောင်းသားတစ်ယောက်ဟာ သူ၏စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ရန်အတွက် ခွေးလေးတွေကို နှိပ်စက်ညှင်းပန်းခဲ့သည့်အပြင် ဓားဖြင့်အစိတ်စိတ်အမွှာမွှာဖြတ်ခုတ်ပစ်ခဲ့ပြီးနောက် လူအဖွဲ့အစည်းကိုကူညီနိုင်ဖို့အတွက် လမ်းဘေးခွေးတွေကို ရှင်းထုတ်ပေးနေတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ ၊ Sichun ပြည်နယ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ အဆိုပါကျောင်းသားဟာ Chengdu University of Technology မှကျောင်းသားတစ်ဦးဖြစ်ကာ လမ်းဘေးခွေးတွေကိုမချက်စားခင် နည်းလမ်းမျိုးစုံဖြင့်နှိပ်စက်ညှင်းပန်းခဲ့ကြောင်း သိရှိရပါတယ် ။

၎င်းကျောင်းသား၏နေအိမ်အနီးနေထိုင်လျက်ရှိတဲ့ ဒေသခံတစ်ဦးက အဆိုပါကျောင်းသား၏လုပ်ရပ်များကြောင့် မည်သူမည်ဝါဖြစ်ကြောင်းအချက်အလက်များထုတ်ဖော်ဖို့အတွက် ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ် ။ Internet ကြောင့် အဆိုပါကျောင်းသား၏ အချက်အလက်အကြောင်းအရာများကိုအလွယ်တကူဖော်ထုတ်နိုင်ခဲ့ပြီး ၊ Chengdu University of Technology မှ Chemical Engineering အတန်းတက်ရောက်သင်ကြားနေသော Master ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် ။

ကျောင်းသား၏ လုပ်ရပ်များနှင့် ကိုယ်ရေးအချက်အလက်များကို အများပြည်သူတို့ထံ ချပြလိုက်ချိန်မှာတော့ အဆိုပါကျောင်းသားက ” လမ်းဘေးခွေးတွေက ဘယ်လိုပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်ပေးကြတယ် ။ အဲ့ကြောင့် သူတို့ကိုချက်ပြုတ်စားသောက်ပစ်လိုက်တယ် ။ အနံ့က မွှေးတယ်မဟုတ်လား ။” မကြွားဝါခင်မှာ သူ၏ကျိုင်းတုတ်ဟာ ခွေးတွေကို အလွယ်တကူသတ်နိုင်ကြောင်းကိုလည်း ” သူတို့ခေါင်းတွေကိုရိုက်ခွဲဖို့ 3ချက်လောက်ရိုက်ပစ်လိုက်ရင်ရပြီ ” ဆိုပြီး ပြန်လည်ခုခံပြောဆိုခဲ့ပါသေးတယ် ။ ” မှတ်ထားကြ ၊ လမ်းဘေးခွေးတွေက အလေအလွင့်တွေပဲ ဘာလို့လဲဆိုလူတွေကသူတို့ကို မလိုချင်လို့လမ်းဘေးမှာစွန့်ပစ်ထားခဲ့တာလေ ” ဆိုပြီးထပ်ပြီးပြောဆိုသွားခဲ့ပါသေးတယ် ။

တရုတ် Social media site တစ်ခုဖြစ်တဲ့ Weibo မှာဖော်ပြထားခဲ့တာတော့ ကျောင်းသားဟာခွေးလေးတွေကို မချက်စားခင် အရှင်လတ်လတ်တိုင်တွေမှာချည်ထားပြီးနောက် အသားများကိုလှီဖြတ်ပြီး ၊ အမွေးတွေကိုခွာထုတ်ကာ အပိုင်းပိုင်းခုတ်ထစ်ပြီးချက်ပြုတ်ခဲ့ပုံတို့ကိုပါဖော်ပြခဲ့ပါတယ် ။အဆိုပါကျောင်းသား၏ သတင်းမှာ online ပေါ်မှာအတော်လေးရေပန်းစားခဲ့ပြီးနောက် ၊ Chengdu University of Technology မှ အဆိုပါကိစ္စရပ်အတွက် ကျောင်းသားကိုခေါ်ယူပြီးစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း နှင့် အဆိုပါကျောင်းသားကလည်း online ပေါ်မှာ သူ၏အကြောင်းများ ဝေမျှနေခြင်းမျိုးရပ်တန့်ပေဖို့ လူအများကိုအသနားခံခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လူအဖြဲ႔အစည္းကိုကူညီေနတာပါဆိုၿပီး ေခြးေတြကိုႏွိပ္စက္ကာ ခ်က္ျပဳတ္စားေသာက္ၿပီးစိတ္ဖိစီးမႈေတြေျဖေဖ်ာက္ေနခဲ့တဲ့ ေက်ာင္းသား"

Leave a comment

Your email address will not be published.


*