MEOW ေခါင္းစဥ္နဲ႔စာအုပ္ကိုဝယ္ၿပီးေနာက္မွာေတာ့ ဝယ္ရေကာင္းလားဆိုၿပီး ခ်က္ခ်င္းဘဲေနာင္တရသြားခဲ့ရတဲ့ အမ်ိဳးသား

စာအုပ္တစ္အုပ္ဖတ္ဖို့အတြက္ စာအုပ္ဆိုင္သို့သြားျခင္းက စာအုပ္ခ်စ္သူေတြအတြက္ စိတ္ေျပလက္ေပ်ာက္နဲ႔အေတြ႕အၾကဳံတစ္ခု ျဖစ္ေစပါတယ္။သင္ စာအုပ္တစ္အုပ္ကို ဖတ္ခ်င္တယ္ဆိုရင္ စာအုပ္တစ္အုပ္ကို ေကာက္ယူၿပီး စာအုပ္အေၾကာင္းအရာနဲ႔ပတ္သက္တာကို စာအုပ္ေနာက္ေက်ာရွိေဖာ္ျပခ်က္ေတြမွာ အရင္ဆုံးဖတ္ၾကည့္သင့္ပါတယ္။။မေလးရွားနိုင္ငံသားတစ္ဦးဟာ သူ႔ကို လုံးဝအံ့အားသင့္သြားေစမဲ့ စာအုပ္တစ္အုပ္ဝယ္ဖို့ ဆုံးျဖတ္ခဲ့ပါတယ္။Twitter အသုံးျပဳသူ @ nabilfikran10 က သူဝယ္ခဲ့တဲ့ ဝတၳဳစာအုပ္ကိုျပသဖို့ သူ႔ရဲ့ Twitter စာမ်က္ႏွာမွာ စာေရးသူက M.E.OWMEOWနဲ႔ စာအုပ္အမည္က MEOWျဖစ္တာေၾကာင့္ ေသခ်ာတာေတာ့ ေၾကာင္တစ္ေကာင္ေရးထားတာျဖစ္ေၾကာင္းအံ့ဩစရာေကာင္းတာက စာအုပ္ထဲကအေၾကာင္းအရာေတြျဖစ္ၿပီး သူ ဒီစာအုပ္ကို ၀ယ္ရတာေနာင္တရေၾကာင္းလည္း ဟာသေႏွာၿပီးမၽွေဝခဲ့ပါတယ္။

သူ႔ရဲ့ဓာတ္ပုံအရ စာအုပ္ထဲမွာ MEOW ဆိုတဲ့စကားလုံးတစ္လုံးတည္းသာပါဝင္ေနခဲ့တာပါ။စာအုပ္တစ္အုပ္လုံးမွာ Meow ကို စာသားအမ်ိဳးမ်ိဳးနဲ႔ ပိုဒ္ကေလး ပိုဒ္မတို့ ျပည့္ျပည့္စုံစုံပါေနပါေသးတယ္။တကယ္ေတာ့ Google စာအုပ္ေတြရဲ့ေဖာ္ျပခ်က္ကို အေျခခံၿပီး MEOW ဟာ ေၾကာင္ေတြအားလုံးအတြက္ ေၾကာင္တစ္ေကာင္ရဲ့ရွုေထာင့္မွေရးသားထားျခင္းျဖစ္ပါတယ္။ဒါေၾကာင့္ “meow “ဆိုတဲ့ေၾကာင္ဘာသာစကားျဖင့္ ဘယ္အရာသာမဆို အဓိပၸါယ္ရွိတဲ့စကားလုံးတစ္လုံးတည္းသာပါဝင္တာပါ။ကၽြန္ေတာ္တို့ ဒီစာေရးသူကို ယုံၾကည္သင့္ပါတယ္။Ko_moဆိုတဲ့Twitterအသုံးျပဳသူတစ္ဦးဟာ ၂၀၁၈ခုႏွစ္တုန္းက စာအုပ္နဲ႔ေၾကာင္တြဲရိုက္ထားတဲ့ပုံကို”သူရဲ့စာအုပ္အသစ္မိတ္ဆက္ပြဲကို လာမဲ့ေသာၾကာေန႔မွာ ျပဳလုပ္ပါမယ္(သင္တို့လက္မွတ္ရနိုင္တယ္)”လို့ဆိုၿပီးတင္ခဲ့ဖူးပါေသးတယ္။

အဆိုပါေၾကာင္ကို နည္းနည္းေမးခ်င္ပါတယ္။ဘာလို့လဲဆိုေတာ့ စာအုပ္မွာဘာေတြေရးထားတယ္ဆိုတာကို နားမလည္ဘဲ သိခ်င္ေနလို့ပါ။ဒါေပမဲ့ ကၽြန္ေတာ္တို့စိတ္ကူးစိတ္သန္းေတြေပၚလာၿပီး ေၾကာင္ေတြရဲ့လၽွို့ဝွက္ခ်က္ကို ေပ်ာ္စရာျဖစ္သြားေအာင္လုပ္ေပးဖို့လိုေနပုံရပါတယ္။ဒီေတာ့ MEOW ဆိုတဲ့ သူတို့စာအုပ္ရဲ့ေနာက္ဇာတ္လမ္းအသစ္တစ္ခန္းကို ေမၽွာ္လင့္ေနမိပါေသးတယ္။ေၾကာင္ေတာင္ ဘာသာစကားေတြဘာေတြနဲ႔ပါပါလား။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

စာအုပ်တစ်အုပ်ဖတ်ဖို့အတွက် စာအုပ်ဆိုင်သို့သွားခြင်းက စာအုပ်ချစ်သူတွေအတွက် စိတ်ပြေလက်ပျောက်နဲ့အတွေ့အကြုံတစ်ခု ဖြစ်စေပါတယ်။သင် စာအုပ်တစ်အုပ်ကို ဖတ်ချင်တယ်ဆိုရင် စာအုပ်တစ်အုပ်ကို ကောက်ယူပြီး စာအုပ်အကြောင်းအရာနဲ့ပတ်သက်တာကို စာအုပ်နောက်ကျောရှိဖော်ပြချက်တွေမှာ အရင်ဆုံးဖတ်ကြည့်သင့်ပါတယ်။။မလေးရှားနိုင်ငံသားတစ်ဦးဟာ သူ့ကို လုံးဝအံ့အားသင့်သွားစေမဲ့ စာအုပ်တစ်အုပ်ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။Twitter အသုံးပြုသူ @ nabilfikran10 က သူဝယ်ခဲ့တဲ့ ဝတ္ထုစာအုပ်ကိုပြသဖို့ သူ့ရဲ့ Twitter စာမျက်နှာမှာ စာရေးသူက M.E.OWMEOWနဲ့ စာအုပ်အမည်က MEOWဖြစ်တာကြောင့် သေချာတာတော့ ကြောင်တစ်ကောင်ရေးထားတာဖြစ်ကြောင်းအံ့ဩစရာကောင်းတာက စာအုပ်ထဲကအကြောင်းအရာတွေဖြစ်ပြီး သူ ဒီစာအုပ်ကို ဝယ်ရတာနောင်တရကြောင်းလည်း ဟာသနှောပြီးမျှဝေခဲ့ပါတယ်။

သူ့ရဲ့ဓာတ်ပုံအရ စာအုပ်ထဲမှာ MEOW ဆိုတဲ့စကားလုံးတစ်လုံးတည်းသာပါဝင်နေခဲ့တာပါ။စာအုပ်တစ်အုပ်လုံးမှာ Meow ကို စာသားအမျိုးမျိုးနဲ့ ပိုဒ်ကလေး ပိုဒ်မတို့ ပြည့်ပြည့်စုံစုံပါနေပါသေးတယ်။တကယ်တော့ Google စာအုပ်တွေရဲ့ဖော်ပြချက်ကို အခြေခံပြီး MEOW ဟာ ကြောင်တွေအားလုံးအတွက် ကြောင်တစ်ကောင်ရဲ့ရှုထောင့်မှရေးသားထားခြင်းဖြစ်ပါတယ်။ဒါကြောင့် “meow “ဆိုတဲ့ကြောင်ဘာသာစကားဖြင့် ဘယ်အရာသာမဆို အဓိပ္ပါယ်ရှိတဲ့စကားလုံးတစ်လုံးတည်းသာပါဝင်တာပါ။ကျွန်တော်တို့ ဒီစာရေးသူကို ယုံကြည်သင့်ပါတယ်။Ko_moဆိုတဲ့Twitterအသုံးပြုသူတစ်ဦးဟာ ၂၀၁၈ခုနှစ်တုန်းက စာအုပ်နဲ့ကြောင်တွဲရိုက်ထားတဲ့ပုံကို”သူရဲ့စာအုပ်အသစ်မိတ်ဆက်ပွဲကို လာမဲ့သောကြာနေ့မှာ ပြုလုပ်ပါမယ်(သင်တို့လက်မှတ်ရနိုင်တယ်)”လို့ဆိုပြီးတင်ခဲ့ဖူးပါသေးတယ်။

အဆိုပါကြောင်ကို နည်းနည်းမေးချင်ပါတယ်။ဘာလို့လဲဆိုတော့ စာအုပ်မှာဘာတွေရေးထားတယ်ဆိုတာကို နားမလည်ဘဲ သိချင်နေလို့ပါ။ဒါပေမဲ့ ကျွန်တော်တို့စိတ်ကူးစိတ်သန်းတွေပေါ်လာပြီး ကြောင်တွေရဲ့လျှို့ဝှက်ချက်ကို ပျော်စရာဖြစ်သွားအောင်လုပ်ပေးဖို့လိုနေပုံရပါတယ်။ဒီတော့ MEOW ဆိုတဲ့ သူတို့စာအုပ်ရဲ့နောက်ဇာတ်လမ်းအသစ်တစ်ခန်းကို မျှော်လင့်နေမိပါသေးတယ်။ကြောင်တောင် ဘာသာစကားတွေဘာတွေနဲ့ပါပါလား။

Mia (Mckzone Daily)

Be the first to comment on "MEOW ေခါင္းစဥ္နဲ႔စာအုပ္ကိုဝယ္ၿပီးေနာက္မွာေတာ့ ဝယ္ရေကာင္းလားဆိုၿပီး ခ်က္ခ်င္းဘဲေနာင္တရသြားခဲ့ရတဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*