သမီးလေးVictoria အမှုအတွက် နေပြည်တော်ခရိုင်တရားရုံးကိုရောက်ရှိနေတဲ့ လင်းလင်းနဲ့သက္ကမိုးညို





Unicode

မြန်မာတစ်နိုင်ငံလုံးကခုချိန်ကစိတ်အဝင်စားဆုံးဖြစ်နေတာကတော့နေပြည်တော် က ဗစ်တိုးရီးယားဆိုတဲ့ကလေးလေးအဓမ္မပြုကျင့်ခံရတဲ့ကိစ္စပဲဖြစ်ပါတယ်။အဆိုပါကိစ္စကတော့မြန်မာနိုင်ငံတစ်ရပ်လုံးစိတ်ဝင်စားနေကြတာဖြစ်ပြီးတက်နိုင်တဲ့ဘက်ကနေကူညီပေးနေတဲ့သူတွေလည်းအများအပြားပဲဖြစ်ပါတယ်။နိုင်ငံကျော်အနုပညာရှင်တွေကလည်းဒီကိစ္စမှာအားတက်သရောပါဝင်နေတာဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့လင်းလင်းကလည်းအဆိုပါကိစ္စအတွက်ကိုယ်တိုင်လှုပ်ရှားပါဝင်နေတာဖြစ်ပါတယ်။ဒါကြောင့်အဆိုပါကိစ္စဟာမြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးအမှုမှန်ပေါ်ဖို့ပါဝင်နေတာဖြစ်ပါတယ်။လင်းလင်းကတော့ခုချိန်မှာကလေးမလေးနေထိုင်ရာနေပြည်တော်ထိသွားရောက်ပြီး ကလေးမလေးဘက်ကနေကူညီသူတွေနဲ့တွေ့ဆုံဆွေးနွေးနေတာပါ။

ဒီကိစ္စအတွက်ကျူးလွန်သူကိုမနေ့ကထုတ်ဖော်ကြော်ငြာခဲ့ပေမယ့်ပြည်သူတွေကတော့လက်မခံနိုင်သေးပဲဆက်လက်ပြီးဗစ်တိုးရီးယားအတွက်ကာကွယ်ပေးနေတုန်းဖြစ်ပါတယ်။ခုမှာလည်းအဆိုတော်လင်းလင်းနဲ့တူတူနာမည်ကျော်စာရေးဆရာတွေကလည်းနေပြည်တော်ခရိုင်တရားရုံကိုသွားရောက်လေ့လာနေတာဖြစ်ပါတယ်။ပရိသတ်တွေလည်းဗစ်တိုးရီးယားလေးရဲ့အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပါစေလို့ဆုတောင်းပေးကြပါဦးနော်။

Source – Htwe Lynn Ko and သက္ကမိုးညို

Be the first to comment on "သမီးလေးVictoria အမှုအတွက် နေပြည်တော်ခရိုင်တရားရုံးကိုရောက်ရှိနေတဲ့ လင်းလင်းနဲ့သက္ကမိုးညို"

Leave a comment

Your email address will not be published.


*