မေလးရွားနိုင္ငံမွာ ကားေတြအလွဆင္ျပဳျပင္ျခင္းကို အေတာ္ေလးႏွစ္သက္ၿပီး ကားကို အဆင့္ျမႇင့္တင္ဖို့ ေငြအေျမာက္အမ်ားသုံးစြဲတတ္ၾကတဲ့ ေကာင္ေလးေတြနဲ႔မိန္းကေလးေတြအမ်ားႀကီးရွိပါတယ္။ဒါေပမဲ့ သူတို့မိသားစုဝင္ေတြက ကားအတြက္ေငြအေျမာက္အမ်ားသုံးစြဲဖို့မလိုေၾကာင္း ထင္ျမင္ယူဆၾကတာေၾကာင့္ သူတို့ရဲ့ဝါသနာကို သေဘာတူလက္ခံေပးၾကမွာမဟုတ္ပါဘူး။ဒါေပမဲ့ ဒီမေလးရွားေကာင္ေလးကေတာ့ သူ႔ကားအိမ္မက္ေတြအားလုံးကို ပံ့ပိုးေပးၿပီး ကားဘရိတ္ကလစ္ေတြကိုပါ ဝယ္ေပးခဲ့တဲ့ေကာင္မေလးတစ္ေယာက္ရထားျခင္းဟာ သူ႔အတြက္အေတာ္ေလး ကံေကာင္းေနပါၿပီ။
Aaron Ganအမည္ရွိတဲ့အဆိုပါေကာင္ေလးဟာ သူ႔ Mazdaကားရဲ့original ဘရိတ္ကစ္က ဘယ္လိုက်ိဳးပဲ့သြားၿပီး စက္႐ုံထုတ္ original ေစ်းႏွုန္းက တစ္ခုကို ရင္းဂစ္ ၃,၃၀၀(၁၀သိန္း၅ေသာင္းေက်ာ္)နဲ႔ တပ္ဆင္ခက ရင္းဂစ္ ၂,၀၀၀( ၆သိန္း၃ေသာင္းေက်ာ္)ထပ္ကုန္က်အုံးမဲ့အေၾကာင္းကို Facebook မွာ တင္ခဲ့ပါတယ္။သူဟာ ဘရိတ္ကလစ္အတြက္ ပိုက္ဆံအမ်ားႀကီး အကုန္ခံမယ့္အစား သူ႔ကားကိုသာေျပာင္းလိုက္ခ်င္တယ္လို့ေတြးေနခဲ့ရေပမဲ့ သူ႔ရည္းစားက သေဘာမတူဘဲ သူ႔အား ကားအသစ္မလဲပစ္ဖို့ ႀကိဳးစားဆြဲေဆာင္ခဲ့ပါတယ္။
သူ႔ရည္းစားက သူ႔အတြက္ ဘရိတ္ကစ္တစ္ခုဝယ္ေပးလိုက္တာကို သူနည္းနည္းေလးေတာင္ မရိပ္မိခဲ့ပါဘူး။ေနာက္ဆုံး Aaron Ganက baby blueေရာင္ဘရိတ္ကလစ္အသစ္နဲ႔ သူ႔ရည္းစားနဲ႔သူ႔ပုံကိုမၽွေဝခဲ့ကာ သူက”မင္းရဲ့ခ်စ္ျခင္းေမတၱာအတြက္ ေက်းဇူးတင္ပါတယ္၊ မင္းကို ဂ႐ုစိုက္တဲ့အတြက္ မင္းဆီကေန ဘာတစ္ခုမွျပန္ရဖို့ မစဥ္းစားခဲ့ဖူးဘူး၊ မင္းရဲ့လက္ေဆာင္အတြက္ ေက်းဇူးတင္ပါတယ္၊ Nashin N3 Big 4 Pot Monoblock Caliper”ဆိုၿပီး သူ႔ဘရိတ္ကလစ္တံဆိပ္ကို ႂကြားလုံးထုတ္ခဲ့ပါေသးတယ္။ဘယ္လိုေတာင္ရက္ရက္ေရာေရာပံ့ပိုးေပးနိုင္တဲ့ေကာင္မေလးပါလိမ့္ေနာ္။သင္တို့ေကာ မနာလိုအူတိုျဖစ္ေနၿပီမလား။
Mia (Mckzone Daily)
Source : worldofbuzz
Unicode
မလေးရှားနိုင်ငံမှာ ကားတွေအလှဆင်ပြုပြင်ခြင်းကို အတော်လေးနှစ်သက်ပြီး ကားကို အဆင့်မြှင့်တင်ဖို့ ငွေအမြောက်အများသုံးစွဲတတ်ကြတဲ့ ကောင်လေးတွေနဲ့မိန်းကလေးတွေအများကြီးရှိပါတယ်။ဒါပေမဲ့ သူတို့မိသားစုဝင်တွေက ကားအတွက်ငွေအမြောက်အများသုံးစွဲဖို့မလိုကြောင်း ထင်မြင်ယူဆကြတာကြောင့် သူတို့ရဲ့ဝါသနာကို သဘောတူလက်ခံပေးကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ ဒီမလေးရှားကောင်လေးကတော့ သူ့ကားအိမ်မက်တွေအားလုံးကို ပံ့ပိုးပေးပြီး ကားဘရိတ်ကလစ်တွေကိုပါ ဝယ်ပေးခဲ့တဲ့ကောင်မလေးတစ်ယောက်ရထားခြင်းဟာ သူ့အတွက်အတော်လေး ကံကောင်းနေပါပြီ။
Aaron Ganအမည်ရှိတဲ့အဆိုပါကောင်လေးဟာ သူ့ Mazdaကားရဲ့original ဘရိတ်ကစ်က ဘယ်လိုကျိုးပဲ့သွားပြီး စက်ရုံထုတ် original ဈေးနှုန်းက တစ်ခုကို ရင်းဂစ် ၃,၃၀၀(၁၀သိန်း၅သောင်းကျော်)နဲ့ တပ်ဆင်ခက ရင်းဂစ် ၂,၀၀၀( ၆သိန်း၃သောင်းကျော်)ထပ်ကုန်ကျအုံးမဲ့အကြောင်းကို Facebook မှာ တင်ခဲ့ပါတယ်။သူဟာ ဘရိတ်ကလစ်အတွက် ပိုက်ဆံအများကြီး အကုန်ခံမယ့်အစား သူ့ကားကိုသာပြောင်းလိုက်ချင်တယ်လို့တွေးနေခဲ့ရပေမဲ့ သူ့ရည်းစားက သဘောမတူဘဲ သူ့အား ကားအသစ်မလဲပစ်ဖို့ ကြိုးစားဆွဲဆောင်ခဲ့ပါတယ်။
သူ့ရည်းစားက သူ့အတွက် ဘရိတ်ကစ်တစ်ခုဝယ်ပေးလိုက်တာကို သူနည်းနည်းလေးတောင် မရိပ်မိခဲ့ပါဘူး။နောက်ဆုံး Aaron Ganက baby blueရောင်ဘရိတ်ကလစ်အသစ်နဲ့ သူ့ရည်းစားနဲ့သူ့ပုံကိုမျှဝေခဲ့ကာ သူက”မင်းရဲ့ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါတယ်၊ မင်းကို ဂရုစိုက်တဲ့အတွက် မင်းဆီကနေ ဘာတစ်ခုမှပြန်ရဖို့ မစဉ်းစားခဲ့ဖူးဘူး၊ မင်းရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ Nashin N3 Big 4 Pot Monoblock Caliper”ဆိုပြီး သူ့ဘရိတ်ကလစ်တံဆိပ်ကို ကြွားလုံးထုတ်ခဲ့ပါသေးတယ်။ဘယ်လိုတောင်ရက်ရက်ရောရောပံ့ပိုးပေးနိုင်တဲ့ကောင်မလေးပါလိမ့်နော်။သင်တို့ကော မနာလိုအူတိုဖြစ်နေပြီမလား။
Mia (Mckzone Daily)