အနာႀကီးေရာဂါနဲ႔ကံၾကမၼာဆိုးေတြရဲ့ရန္မွ ကာကြယ္နိုင္ဖို့ အိမ္ေရွ႕မွာ စာေျခာက္႐ုပ္ေတြထားရွိတဲ့ ရြာတစ္ရြာ

စာေျခာက္႐ုပ္ေတြဟာ ဌက္ေတြအတြက္ဘဲမဟုတ္သလို အနာႀကီးေရာဂါနဲ႔ဝိညာဥ္ေတြအတြက္လည္းျဖစ္ေနပါတယ္။ကေမၻာဒီးယားနိုင္ငံရွိ Covid-19 ေရာဂါကူးစက္မွုေၾကာင့္ ေက်းလက္ေဒသေတြမွာ အိမ္သားေတြအတြက္ အနာႀကီးေရာဂါနဲ႔ကံၾကမၼာဆိုးေတြရဲ့ရန္မွကာကြယ္နိုင္ဖို့ အိမ္ေရွ႕ေတြမွာ Ting Mong လို့ေခၚတဲ့ စာေျခာက္႐ုပ္ကို ထားရွိၾကပါတယ္။အဆိုပါ စာေျခာက္႐ုပ္ေတြကို ခပ္မ်ားမ်ား ေက်းလက္ေဒသေတြမွာ အမ်ားဆုံးထားရွိၾကၿပီး ေရွးရိုးအစဥ္အလာကို ယုံၾကည္အျမစ္တြယ္ေနသူေတြရဲ့အိမ္ေရွ႕မွာ ပိုေတြ႕ရပါတယ္။ဒါ့အျပင္ အိမ္နီးခ်င္းေတြက ဖက္ရွင္အက်ဆုံး၊အလန္းဆုံး ႏွင့္ ေၾကာက္မက္ဖြယ္အေကာင္းဆုံး ဝတ္စုံဒီဇိုင္းေတြကို ေရြးခ်ယ္ရတဲ့ယွဥ္ၿပိဳင္မွုေတြျပဳလုပ္တတ္ပါေသးတယ္။ဒါေပမဲ့ ကူးစက္ေရာဂါမစတင္ခင္ကတည္းက သူတို့ရဲ့ရိုးရာအစဥ္အလာကို က်င္းပျပဳလုပ္ခဲ့ၾကတာပါ။

Ting Mong ကို အျခားနိုင္ငံကလူေတြနဲ႔ပိုတူေအာင္ ဆင္ထားၾကၿပီး သူတို့ေနအိမ္ကို ေစာင့္ၾကပ္ေနတတ္တဲ့နတ္ဆိုးေတြကို လွည့္စားဖို့ ရည္ရြယ္ထားတာပါ။ႏွစ္ေတြတစ္ေလၽွာက္ Ting Mong စာေျခာက္႐ုပ္ေတြဟာ ကေမၻာဒီးယားနိုင္ငံရဲ့ ယဥ္ေက်းမွု၊ တီထြင္ဖန္တီးမွု နဲ႔ ဟာသရႊင္မွုတို့ေၾကာင့္ ကေမၻာဒီးယားနိုင္ငံကို ေရာင္ျပန္ဟပ္လာေစခဲ့ပါတယ္။အခ်ိဳ့ Ting Mong မွာ Spider-Man မ်က္ႏွာဖုံး၊ ေနကာမ်က္မွန္၊ Louis Vuitton ဝတ္စုံအတု သို့မဟုတ္ Nike ဖိနပ္အတုေတြျဖင့္ ျပဳလုပ္ထားေပမဲ့လည္း အခ်ိဳ့မွာ hoodie ၊ စက္ေသနတ္အတု ၊ ဓားနဲ႔သစ္သားတုတ္ စသျဖင့္ ေတြ႕နိုင္ပါေသးတယ္။အခုေတာ့ သူတို့ဟာ ေဆးဘက္ဆိုင္ရာမ်က္ႏွာဖုံးေတြကိုလည္း တပ္ဆင္ထားေနၾကၿပီ။

ရိုးရာအစဥ္အလာအရ Ting Mong ရဲ့ကိုယ္ထည္ကို ဝါးလုံးျဖင့္ျပဳလုပ္ထားတဲ့အျပင္ မ်က္ႏွာကိုေတာ့ ေဆးသုတ္ထားတဲ့ကိုယ္ပိုင္စကၠဴႀကီးမ်ားျဖင့္ ျပဳလုပ္ထားပါတယ္။ယေန႔ေခတ္လူအမ်ားစုကေတာ့ ေကာက္ရိုး နဲ႔ သစ္သား သို့မဟုတ္ သတၱဳသားမ်ားျဖင့္ ျပဳလုပ္လာၾကပါတယ္။အဆိုပါ စာေျခာက္႐ုပ္ဟာ ပိုႀကီးေလ ပိုေၾကာက္စရာေကာင္းေလ လို့လည္း ယူဆထားၾကပါတယ္။Ting Mong တီထြင္မွုေတြကို ျပသဖို့စိတ္လွုပ္ရွားေနတဲ့ ပိုင္ရွင္ေတြဟာ ဒီဓါတ္ပုံေတြကိုမရိုက္ယူခင္ စာေျခာက္႐ုပ္ေတြကို ၾကည့္ေကာင္းေအာင္ ျပန္ျပင္ခဲ့ၾကၿပီး ေရာဂါကူးစက္ျခင္းမွကာကြယ္ရန္လို့ဆိုကာ corona တိုက္ထုတ္ေရးလို့လည္း ေႂကြးေၾကာ္ေနၾကေၾကာင္း ဓာတ္ပုံရိုက္ကူးထားသူက ဆိုထားပါတယ္။ဒီမွာေတာ့ လယ္ေတာေတြမွာ တစ္ခ်ိဳ့တစ္ေလေတြ႕ဖူးၾကမွာပါ။

4

5

6

7

8

Mia (Mckzone Daily)

Source : vice

Unicode

စာခြောက်ရုပ်တွေဟာ ဌက်တွေအတွက်ဘဲမဟုတ်သလို အနာကြီးရောဂါနဲ့ဝိညာဉ်တွေအတွက်လည်းဖြစ်နေပါတယ်။ကမ္ဘောဒီးယားနိုင်ငံရှိ Covid-19 ရောဂါကူးစက်မှုကြောင့် ကျေးလက်ဒေသတွေမှာ အိမ်သားတွေအတွက် အနာကြီးရောဂါနဲ့ကံကြမ္မာဆိုးတွေရဲ့ရန်မှကာကွယ်နိုင်ဖို့ အိမ်ရှေ့တွေမှာ Ting Mong လို့ခေါ်တဲ့ စာခြောက်ရုပ်ကို ထားရှိကြပါတယ်။အဆိုပါ စာခြောက်ရုပ်တွေကို ခပ်များများ ကျေးလက်ဒေသတွေမှာ အများဆုံးထားရှိကြပြီး ရှေးရိုးအစဉ်အလာကို ယုံကြည်အမြစ်တွယ်နေသူတွေရဲ့အိမ်ရှေ့မှာ ပိုတွေ့ရပါတယ်။ဒါ့အပြင် အိမ်နီးချင်းတွေက ဖက်ရှင်အကျဆုံး၊အလန်းဆုံး နှင့် ကြောက်မက်ဖွယ်အကောင်းဆုံး ဝတ်စုံဒီဇိုင်းတွေကို ရွေးချယ်ရတဲ့ယှဉ်ပြိုင်မှုတွေပြုလုပ်တတ်ပါသေးတယ်။ဒါပေမဲ့ ကူးစက်ရောဂါမစတင်ခင်ကတည်းက သူတို့ရဲ့ရိုးရာအစဉ်အလာကို ကျင်းပပြုလုပ်ခဲ့ကြတာပါ။

Ting Mong ကို အခြားနိုင်ငံကလူတွေနဲ့ပိုတူအောင် ဆင်ထားကြပြီး သူတို့နေအိမ်ကို စောင့်ကြပ်နေတတ်တဲ့နတ်ဆိုးတွေကို လှည့်စားဖို့ ရည်ရွယ်ထားတာပါ။နှစ်တွေတစ်လျှောက် Ting Mong စာခြောက်ရုပ်တွေဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ယဉ်ကျေးမှု၊ တီထွင်ဖန်တီးမှု နဲ့ ဟာသရွှင်မှုတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံကို ရောင်ပြန်ဟပ်လာစေခဲ့ပါတယ်။အချို့ Ting Mong မှာ Spider-Man မျက်နှာဖုံး၊ နေကာမျက်မှန်၊ Louis Vuitton ဝတ်စုံအတု သို့မဟုတ် Nike ဖိနပ်အတုတွေဖြင့် ပြုလုပ်ထားပေမဲ့လည်း အချို့မှာ hoodie ၊ စက်သေနတ်အတု ၊ ဓားနဲ့သစ်သားတုတ် စသဖြင့် တွေ့နိုင်ပါသေးတယ်။အခုတော့ သူတို့ဟာ ဆေးဘက်ဆိုင်ရာမျက်နှာဖုံးတွေကိုလည်း တပ်ဆင်ထားနေကြပြီ။

ရိုးရာအစဉ်အလာအရ Ting Mong ရဲ့ကိုယ်ထည်ကို ဝါးလုံးဖြင့်ပြုလုပ်ထားတဲ့အပြင် မျက်နှာကိုတော့ ဆေးသုတ်ထားတဲ့ကိုယ်ပိုင်စက္ကူကြီးများဖြင့် ပြုလုပ်ထားပါတယ်။ယနေ့ခေတ်လူအများစုကတော့ ကောက်ရိုး နဲ့ သစ်သား သို့မဟုတ် သတ္တုသားများဖြင့် ပြုလုပ်လာကြပါတယ်။အဆိုပါ စာခြောက်ရုပ်ဟာ ပိုကြီးလေ ပိုကြောက်စရာကောင်းလေ လို့လည်း ယူဆထားကြပါတယ်။Ting Mong တီထွင်မှုတွေကို ပြသဖို့စိတ်လှုပ်ရှားနေတဲ့ ပိုင်ရှင်တွေဟာ ဒီဓါတ်ပုံတွေကိုမရိုက်ယူခင် စာခြောက်ရုပ်တွေကို ကြည့်ကောင်းအောင် ပြန်ပြင်ခဲ့ကြပြီး ရောဂါကူးစက်ခြင်းမှကာကွယ်ရန်လို့ဆိုကာ corona တိုက်ထုတ်ရေးလို့လည်း ကြွေးကြော်နေကြကြောင်း ဓာတ်ပုံရိုက်ကူးထားသူက ဆိုထားပါတယ်။ဒီမှာတော့ လယ်တောတွေမှာ တစ်ချို့တစ်လေတွေ့ဖူးကြမှာပါ။

Mia (Mckzone Daily)

Be the first to comment on "အနာႀကီးေရာဂါနဲ႔ကံၾကမၼာဆိုးေတြရဲ့ရန္မွ ကာကြယ္နိုင္ဖို့ အိမ္ေရွ႕မွာ စာေျခာက္႐ုပ္ေတြထားရွိတဲ့ ရြာတစ္ရြာ"

Leave a comment

Your email address will not be published.


*