မေမးမျမန္းဘဲ ၄၄သိန္းဖိုးကုန္က်တဲ့animeအ႐ုပ္ေတြကို လႊင့္ပစ္လိုက္တဲ့ခ်စ္သူအား လမ္းခြဲပစ္လိုက္တဲ့ အမ်ိဳးသား

ႏွစ္တစ္ႏွစ္ရဲ့ရာသီတိုင္းမွာ animeခ်စ္သူေတြေမၽွာ္လင့္နိုင္တဲ့ anime စီးရီးအနည္းငယ္ထြက္ရွိတတ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္က anime Demon Slayerဟာ အရမ္းေကာင္းတာေၾကာင့္ ပရိသတ္ေတြလည္း အမ်ားႀကီးရရွိခဲ့ပါတယ္။ဒီထိုင္ဝမ္အမ်ိဳးသားလည္း သူတို့ထဲက တစ္ေယာက္ပါ။သူဟာ animeဇာတ္ေကာင္ေတြထဲက လူႀကိဳက္မ်ားတဲ့ Nezukoဇာတ္ေကာင္ရဲ့႐ုပ္တုေတြကို ဝယ္ဖို့အတြက္ ပိုက္ဆံအမ်ားႀကီးသုံးခဲ့ပါတယ္။အဆိုပါအမ်ိဳးသားဟာ ၄၄သိန္းေက်ာ္ကုန္က်တဲ့သူ႔ရဲ့႐ုပ္တုေတြကို ေကာင္မေလးျဖစ္သူက လႊင့္ပစ္ ပစ္လိုက္တဲ့အေၾကာင္း social media ေပၚ တိုင္တန္းထားပါေသးတယ္။သူ႔ေကာင္မေလးက သူအလုပ္ႀကိဳးစားၿပီးဝယ္ယူစုေဆာင္းခဲ့ရတဲ့အ႐ုပ္ေတြကို လႊင့္ပစ္ဖို့ သူ႔ေမြးရပ္ေျမကို ျပန္သလိုနဲ႔ အခြင့္ေကာင္းယူခဲ့ၿပီး ေၾကာင္းစုံေမးျမန္းလိုက္ေတာ့ အ႐ုပ္ေတြက သူတို့ႏွစ္ၾကားဆက္ဆံေရးကို ေဝးကြာေစလို့ အမွိုက္အိတ္ထဲထည့္ထုတ္ၿပီး လႊင့္ပစ္လိုက္တာပါ။

အဲ့တာနဲ႔ သူက သူ႔အခ်စ္ေတာ္ေလးေတြကို ျပန္ရနိုင္ဖို့ အမွိုက္ကားကုမၸဏီကို အျမန္ဖုန္းလွမ္းဆက္ခဲ့ေပမဲ့လည္း အခ်ိန္မမီနိုင္ခဲ့ပါဘူး။ဒါ့အျပင္ ေကာင္မေလးက သူ႔ကို ကမၻာတစ္ဝွမ္းမွာ ႐ုံတင္ျပသတဲ့ Demon Slayer: Infinity Train ႐ုပ္ရွင္ကိုေတာင္ ေပးမၾကည့္ေၾကာင္းနဲ႔ “မင္း ကိုးရီးယား drama ေတြၾကည့္ၿပီး မင္းသားေတြကို လိုက္ရွုးေနတာေတာင္ ငါဂ႐ုမစိုက္ခဲ့ဘူး၊မင္းတျခားသူေတြရဲ့အႀကိဳက္ကို ေလးစားလိုက္နာဖို့ အခက္ေတြ႕ေနတာလား၊ မင္းရဲ့ခြင့္ျပဳခ်က္ရဖို့ အဲ့အခ်ိန္တုန္းက ငါ့အႀကိဳက္ေတြကို ဖုံးကြယ္ခဲ့ရတာကို ေတြးမိေတာ့ ငါအေတာ္ေလးတုံးအခဲ့တာဘဲ”လို့ ဆိုထားပါတယ္။

အဲ့ဒီေနာက္ ေကာင္မေလးနဲ႔ျပတ္သြားခဲ့ၿပီး သူ႔ေကာင္မေလးကလည္း သူ႔ကို”နင္အမွိုက္ေတြကို အရမ္းႀကိဳက္တာဘဲ အဲ့တာေတြက စိတ္ပ်က္စရာေကာင္းတယ္”လို့ ဆိုးဆိုးရြားရြား တုံ႔ျပန္ခဲ့ေၾကာင္း ဆိုထားပါေသးတယ္။ေကာင္မေလးရဲ့လုပ္ရပ္ကလည္း လုံးဝမမွန္ကန္ေနသလို ခြင့္ျပဳခ်က္မေတာင္းဘဲ တစ္စုံတစ္ဦးရဲ့ပစၥည္းကို မလႊင့္ပစ္သင့္ပါဘူး။အကယ္လို့ သူ႔ရဲ့ပစၥည္းေတြကို မေမးျမန္းဘဲ လႊင့္ပစ္လိုက္ရင္ သူမႀကိဳက္သလိုဘဲ တစ္ျခားသူေတြလည္း ႀကိဳက္ႏွစ္သက္မွာ မဟုတ္ပါဘူးေနာ္။သင္တိုေကာ ဒီကိစၥကို ဘယ္လို ထင္ပါသလဲ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

နှစ်တစ်နှစ်ရဲ့ရာသီတိုင်းမှာ animeချစ်သူတွေမျှော်လင့်နိုင်တဲ့ anime စီးရီးအနည်းငယ်ထွက်ရှိတတ်ပါတယ်။ပြီးခဲ့တဲ့နှစ်က anime Demon Slayerဟာ အရမ်းကောင်းတာကြောင့် ပရိသတ်တွေလည်း အများကြီးရရှိခဲ့ပါတယ်။ဒီထိုင်ဝမ်အမျိုးသားလည်း သူတို့ထဲက တစ်ယောက်ပါ။သူဟာ animeဇာတ်ကောင်တွေထဲက လူကြိုက်များတဲ့ Nezukoဇာတ်ကောင်ရဲ့ရုပ်တုတွေကို ဝယ်ဖို့အတွက် ပိုက်ဆံအများကြီးသုံးခဲ့ပါတယ်။အဆိုပါအမျိုးသားဟာ ၄၄သိန်းကျော်ကုန်ကျတဲ့သူ့ရဲ့ရုပ်တုတွေကို ကောင်မလေးဖြစ်သူက လွှင့်ပစ် ပစ်လိုက်တဲ့အကြောင်း social media ပေါ် တိုင်တန်းထားပါသေးတယ်။သူ့ကောင်မလေးက သူအလုပ်ကြိုးစားပြီးဝယ်ယူစုဆောင်းခဲ့ရတဲ့အရုပ်တွေကို လွှင့်ပစ်ဖို့ သူ့မွေးရပ်မြေကို ပြန်သလိုနဲ့ အခွင့်ကောင်းယူခဲ့ပြီး ကြောင်းစုံမေးမြန်းလိုက်တော့ အရုပ်တွေက သူတို့နှစ်ကြားဆက်ဆံရေးကို ဝေးကွာစေလို့ အမှိုက်အိတ်ထဲထည့်ထုတ်ပြီး လွှင့်ပစ်လိုက်တာပါ။

အဲ့တာနဲ့ သူက သူ့အချစ်တော်လေးတွေကို ပြန်ရနိုင်ဖို့ အမှိုက်ကားကုမ္ပဏီကို အမြန်ဖုန်းလှမ်းဆက်ခဲ့ပေမဲ့လည်း အချိန်မမီနိုင်ခဲ့ပါဘူး။ဒါ့အပြင် ကောင်မလေးက သူ့ကို ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ပြသတဲ့ Demon Slayer: Infinity Train ရုပ်ရှင်ကိုတောင် ပေးမကြည့်ကြောင်းနဲ့ “မင်း ကိုးရီးယား drama တွေကြည့်ပြီး မင်းသားတွေကို လိုက်ရှုးနေတာတောင် ငါဂရုမစိုက်ခဲ့ဘူး၊မင်းတခြားသူတွေရဲ့အကြိုက်ကို လေးစားလိုက်နာဖို့ အခက်တွေ့နေတာလား၊ မင်းရဲ့ခွင့်ပြုချက်ရဖို့ အဲ့အချိန်တုန်းက ငါ့အကြိုက်တွေကို ဖုံးကွယ်ခဲ့ရတာကို တွေးမိတော့ ငါအတော်လေးတုံးအခဲ့တာဘဲ”လို့ ဆိုထားပါတယ်။

အဲ့ဒီနောက် ကောင်မလေးနဲ့ပြတ်သွားခဲ့ပြီး သူ့ကောင်မလေးကလည်း သူ့ကို”နင်အမှိုက်တွေကို အရမ်းကြိုက်တာဘဲ အဲ့တာတွေက စိတ်ပျက်စရာကောင်းတယ်”လို့ ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့ကြောင်း ဆိုထားပါသေးတယ်။ကောင်မလေးရဲ့လုပ်ရပ်ကလည်း လုံးဝမမှန်ကန်နေသလို ခွင့်ပြုချက်မတောင်းဘဲ တစ်စုံတစ်ဦးရဲ့ပစ္စည်းကို မလွှင့်ပစ်သင့်ပါဘူး။အကယ်လို့ သူ့ရဲ့ပစ္စည်းတွေကို မမေးမြန်းဘဲ လွှင့်ပစ်လိုက်ရင် သူမကြိုက်သလိုဘဲ တစ်ခြားသူတွေလည်း ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူးနော်။သင်တိုကော ဒီကိစ္စကို ဘယ်လို ထင်ပါသလဲ။

Mia (Mckzone Daily)

  • Leave a Comment