မထင်မှတ်ထားတဲ့အဖြစ်ဆိုးကြောင့် လမ်းပျောက်သွားခဲ့ပြီးနောက် ၈နှစ်အကြာမှ သခင်နဲ့ ပြန်လည်တွေ့ဆုံခွင့်ရခဲ့တဲ့ ခွေးလေး




Mia (Mckzone Daily)

Source : metro

Unicode

၂၀၁၂ ခုနှစ် မေလမှာ Scotland နိုင်ငံLanarkshireရှိ Hamilton မိသားစုအိမ်က Kavik အမည်ရှိခွေးလေးဟာ Malamute-German သိုးထိန်းနားကို အစ်ကိုဖြစ်တဲ့ Konan ခွေးနဲ့အတူ ဖြတ်သွားပြီးနောက် ပျောက်သွားခဲ့ပါတယ်။ Stevie Rodger အမည်ရှိအသက် ၄၂ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့အိမ်မွေးတိရိစ္ဆာန်ခွေးနှစ်ကောင်စလုံးကို သိုးတွေပြည့်နှက်နေတဲ့တောမှာ တွေ့နေခဲ့ရပေမဲ့လည်း ဒေါသထွက်နေတဲ့လယ်သမားတစ်ဦးက တိရိစ္ဆာန်နှစ်ကောင်ကို ပစ်သတ်လိုက်ပြီးနောက် Konan က တောထဲမှာဘဲသေဆုံးသွားခဲ့ရပါတယ်။ဒဏ်ရာရသွားတဲ့ Kavik ကလည်း ပျောက်သွားခဲ့ပြီး ဒေသခံဧရိယာမှာ လနှင့်ချီ ရှာဖွေမှုတွေကိုပြုလုပ်ခဲ့ပေမဲ့ ရှာမတွေ့ခဲ့ကြတာကြောင့် သူတို့ရဲ့မိသားစုကို နှစ်ဆဝမ်းနည်းစေခဲ့ပါတယ်။

Sarah Moonie အမည်ရှိ ၄၅ နှစ်အရွယ်အမျိုးသမီးဟာ Stevieရဲ့ဇနီးဖြစ်ပြီး သူတို့မှာကလေးသုံးယောက် ရှိပါတယ်။ဒီအပတ် အင်္ဂါနေ့မှာတော့ Kavik ရဲ့သတင်းအချက်အလက်နဲ့ကိုက်ညီတဲ့အိုးမဲ့အိမ်မဲ့ခွေးတစ်ကောင်တွေ့ရှိကြောင်းကို သူ့တို့အိမ်နဲ့မိုင် ၃၀၀လောက်ဝေးတဲ့ Lost Dogs Scotlandက Stevie ကို ဖုန်းခေါ်ခဲ့ပါတယ်။အဲ့တာနဲ့ Stevie လည်း ကလေးတွေအတွက် သူတို့ခွေးဟုတ်မဟုတ်ကို စိတ်တပူပူနဲ့ Scotlandမြို့သို့ အလျင်အမြန်ကားမောင်းသွားခဲ့ပါတယ်။Stevieဟာ အဲဒီကိုရောက်တော့ Kavik မှန်းချက်ချင်းသိလိုက်ရကာ ဝမ်းသာပြီးစိတ်မကောင်းစွာနဲ့ငိုကြွေးနေခဲ့ရပါတယ်။

Stevie က” Kavik ကိုတွေ့ပြီလို့ဖုန်းဆက်လာတော့ မယုံကြည်ခဲ့ဘူး၊သူ့ကို လပေါင်းများစွာစောင့်ကြည့်နေခဲ့ပေမဲ့ သူ့ကိုထပ်တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး သူပျောက်သွားတုန်းက ၁နှစ်နဲ့၆လအရွယ်ဘဲရှိသေးတယ် ဟိုရောက်တော့ Kavik က ငါ့ဆီပြေးလာခဲ့ပြီး မနေ့ကပဲငါတို့တွေ့နေခဲ့သလိုမျိုး ငါ့ကိုစပြီး လျက်နေခဲ့တယ်”လို့ ဆိုထားပါတယ်။Kavik လေးဟာပိန်ချုံးချိနဲ့နေခဲ့ပြီး အစာရေစာလည်း လုံလုံလောက်လောက်မစားသောက်နိုင်ခဲ့ပါဘူး။အခုတော့ သူ့မိသားစုနဲ့ပြန်လည်ဆုံတွေ့နိုင်ခဲ့ပြီး နွေးထွေးတဲ့ဘဝလေးကို ပြန်ရရှိသွားခဲ့ပါပြီ။

Mia (Mckzone Daily)

Leave a Reply

Your email address will not be published. Required fields are marked *