သုံးေပအရွည္ရွိတဲ့ငါးမန္းတစ္ေကာင္ကို ကိုယ္ေပၚတင္ၿပီး အနမ္းေတြေပးေနခဲ့တဲ့ ဖ်ံတစ္ေကာင္

Californiaနိုင္ငံရွိ ကမ္းေျခလွည့္ပတ္သူေတြဟာ ဖ်ံတစ္ေကာင္ကသုံးေပအရွည္ရွိတဲ့ဦးခ်ိဳငါးမန္းတစ္ေကာင္ကိုသူ႔ကိုယ္ေပၚတင္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ေပၚတက္လာတဲ့ျမင္ကြင္းေၾကာင့္ တအံ့တဩျဖစ္သြားခဲ့ၾကပါတယ္။အမ်ားအားျဖင့္ ပင္လယ္နို့တိုက္သတၱဝါေတြက ပင္လယ္ေရေအာက္ကသတၱဝါေတြကို စားဖို့ ေရမ်က္ႏွာျပင္ေပၚကိုယူလာတတ္ၾကသလို စူးစမ္းသိလိုတာေၾကာင့္လည္း ေရျပင္ေပၚကိုယူလာတတ္ၾကပါတယ္။ဒါေပမဲ့ ဖ်ံေတြက ဂဏန္း၊ၾကယ္ငါးအပါအဝင္ ေက်ာရိုးမဲ့သတၱဝါမ်ိဳးစုံကို စားသုံးတတ္ေပမဲ့ ငါးမန္းကေတာ့ သူတို့ရဲ့မီႏူးထဲမွာ မပါဝင္ေနပါဘူး။

အဆိုပါ စိတ္ရွုပ္ေထြးစရာေကာင္းတဲ့ျမင္ကြင္းကို Californiaနိုင္ငံရဲ့Morroပင္လယ္ေအာ္အတြင္းမွာ ရိုက္ကူးခဲ့ၿပီး အဆိုပါျမင္ကြင္းဟာ သူ႔ရဲ့အေတြ႕အၾကဳံေတြအရ ဖ်ံက ဦးခ်ိဳငါးမန္းကိုဖမ္းတာ ပထမဆုံးအႀကိမ္ျမင္ဖူးတာျဖစ္ေၾကာင္း California ငါးႏွင့္ေတာရိုင္းတိရိစၧာန္ဌာနမွ Michael D. Harris က ဆိုထားပါတယ္။အဆိုပါဓာတ္ပုံေတြကို Don Henderson အမည္ရွိတဲ့အမ်ိဳသားတစ္ဦးက မၽွေဝထားတာပါ။ ပုံေတြအရ ဖ်ံက ငါးမန္းကို နမ္းေနခဲ့ၿပီး သူတို့ႏွစ္ေကာင္က ႏွာေခါင္းခ်င္းလည္းထိေနခဲ့ၾကပါေသးတယ္။

ဖ်ံနဲ႔ငါးမန္းက ဘာဆက္ျဖစ္သြားလည္းဆိုတာကို မသိရေသးေပမဲ့ ၂၀၁၅ခုႏွစ္တုန္းက အဆိုပါကမ္းေျခမွာ ငါးမန္းျဖဴေတြရဲ့ကိုက္ျဖတ္ဒဏ္ေၾကာင့္ ေသဆုံးၿပီးေရထဲေမ်ာပါလာတဲ့ဖ်ံေတြေတြ႕ခဲ့ေၾကာင္း ေဒသခံေတြကဆိုထားၾကပါေသးတယ္။အင္တာနက္အသုံးျပဳသူတစ္ဦးက သူတို့ႏွစ္ေကာင္က ေရေျမျခားေနတဲ့ခ်စ္သူေလးေတြျဖစ္ၿပီး မေတြ႕တာၾကာလို့ ၾကည္ႏူးေနၾကတာေနမယ္လို့လည္း ေနာက္ေျပာင္ေျပာဆိုထားပါေသးတယ္။ဒါေပမဲ့လည္း ဖ်ံ နဲ႔ ငါးမန္းဆိုေတာ့ ဘယ္လိုမွ မျဖစ္နိုင္သလို ဒါမွမဟုတ္ ဖ်ံကသူ႔ကေလးလို့ ထင္ေနပုံရပါတယ္။

Mia (Mckzone Daily)

Source : dailymail

Unicode

Californiaနိုင်ငံရှိ ကမ်းခြေလှည့်ပတ်သူတွေဟာ ဖျံတစ်ကောင်ကသုံးပေအရှည်ရှိတဲ့ဦးချိုငါးမန်းတစ်ကောင်ကိုသူ့ကိုယ်ပေါ်တင်ပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်တက်လာတဲ့မြင်ကွင်းကြောင့် တအံ့တဩဖြစ်သွားခဲ့ကြပါတယ်။အများအားဖြင့် ပင်လယ်နို့တိုက်သတ္တဝါတွေက ပင်လယ်ရေအောက်ကသတ္တဝါတွေကို စားဖို့ ရေမျက်နှာပြင်ပေါ်ကိုယူလာတတ်ကြသလို စူးစမ်းသိလိုတာကြောင့်လည်း ရေပြင်ပေါ်ကိုယူလာတတ်ကြပါတယ်။ဒါပေမဲ့ ဖျံတွေက ဂဏန်း၊ကြယ်ငါးအပါအဝင် ကျောရိုးမဲ့သတ္တဝါမျိုးစုံကို စားသုံးတတ်ပေမဲ့ ငါးမန်းကတော့ သူတို့ရဲ့မီနူးထဲမှာ မပါဝင်နေပါဘူး။

အဆိုပါ စိတ်ရှုပ်ထွေးစရာကောင်းတဲ့မြင်ကွင်းကို Californiaနိုင်ငံရဲ့Morroပင်လယ်အော်အတွင်းမှာ ရိုက်ကူးခဲ့ပြီး အဆိုပါမြင်ကွင်းဟာ သူ့ရဲ့အတွေ့အကြုံတွေအရ ဖျံက ဦးချိုငါးမန်းကိုဖမ်းတာ ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်ကြောင်း California ငါးနှင့်တောရိုင်းတိရိစ္ဆာန်ဌာနမှ Michael D. Harris က ဆိုထားပါတယ်။အဆိုပါဓာတ်ပုံတွေကို Don Henderson အမည်ရှိတဲ့အမျိုသားတစ်ဦးက မျှဝေထားတာပါ။ ပုံတွေအရ ဖျံက ငါးမန်းကို နမ်းနေခဲ့ပြီး သူတို့နှစ်ကောင်က နှာခေါင်းချင်းလည်းထိနေခဲ့ကြပါသေးတယ်။

ဖျံနဲ့ငါးမန်းက ဘာဆက်ဖြစ်သွားလည်းဆိုတာကို မသိရသေးပေမဲ့ ၂၀၁၅ခုနှစ်တုန်းက အဆိုပါကမ်းခြေမှာ ငါးမန်းဖြူတွေရဲ့ကိုက်ဖြတ်ဒဏ်ကြောင့် သေဆုံးပြီးရေထဲမျောပါလာတဲ့ဖျံတွေတွေ့ခဲ့ကြောင်း ဒေသခံတွေကဆိုထားကြပါသေးတယ်။အင်တာနက်အသုံးပြုသူတစ်ဦးက သူတို့နှစ်ကောင်က ရေမြေခြားနေတဲ့ချစ်သူလေးတွေဖြစ်ပြီး မတွေ့တာကြာလို့ ကြည်နူးနေကြတာနေမယ်လို့လည်း နောက်ပြောင်ပြောဆိုထားပါသေးတယ်။ဒါပေမဲ့လည်း ဖျံ နဲ့ ငါးမန်းဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်သလို ဒါမှမဟုတ် ဖျံကသူ့ကလေးလို့ ထင်နေပုံရပါတယ်။

Mia (Mckzone Daily)

Be the first to comment on "သုံးေပအရွည္ရွိတဲ့ငါးမန္းတစ္ေကာင္ကို ကိုယ္ေပၚတင္ၿပီး အနမ္းေတြေပးေနခဲ့တဲ့ ဖ်ံတစ္ေကာင္"

Leave a comment

Your email address will not be published.


*