Instagram တစ္ခုတည္းမွာမွ followerေပါင္း ၁.၅ သန္းေက်ာ္ရွိတဲ့ Hakken Ryou အမည္ရွိမေလးရွား cosplayerတစ္ဦးရဲ့မယုံနိုင္စရာေျပာင္းလဲမွုေတြေၾကာင့္ လူအမ်ားက သူ႔ရဲ့လိင္ကြဲျပားမွုကို အျမဲတမ္းသံသယျဖစ္ေနခဲ့ၾကရတာပါ။Naruto, Arknights, Demon Slayer, ဒါမွမဟုတ္ Nobless စတဲ့ လူႀကိဳက္မ်ားတဲ့ Anime ဗီဒီယိုဂိမ္းထဲရွိ အထင္ကရအမ်ိဳးသားဇာတ္ေကာင္ေတြရဲ့ပုံပန္းသ႑န္ကိုၾကည့္လိုက္တဲ့အခါ Hakken ထက္သာတဲ့တစ္စုံတစ္ဦးကို ရွာေတြ႕ဖို့ ခက္ခဲသြားပါလိမ့္မယ္။ တကယ္လည္း အမ်ိဳးသမီးတစ္ဦးျဖစ္ေနတဲ့ Hakkenဟာ မိတ္ကပ္နဲ႔ဆံပင္ပုံစံကို ကၽြမ္းကၽြမ္းက်င္က်င္ပုံေဖာ္နိုင္တဲ့အျပင္ ဒစ္ဂ်စ္တယ္တည္းျဖတ္မွုေတြကိုလည္း သပ္ရပ္စြာ ျပသနိုင္ျခင္းေၾကာင့္ သူမေရြးခ်ယ္ထားတဲ့ဇာတ္ေကာင္အားလုံးနီးပါးက အေကာင္းတကာ့ အေကာင္းဆုံးျဖစ္ေနခဲ့ပါတယ္။
ကမၻာတစ္ဝွမ္းမွာ ပရိသတ္ေတြ သန္းခ်ီရွိေနျခင္းကလည္း သူမအတြက္ အံ့ဩစရာမဟုတ္ေနေတာ့ပါဘူး။Hakken ရဲ့ပရိတ္သတ္အမ်ားစုကေတာ့ သူမဟာ မိန္းကေလးတစ္ဦးဆိုတာကိုသိထားၾကၿပီး အဆိုပါလိမ္လည္ထားတဲ့လုပ္ရပ္ေတြက သူမရဲ့ cosplay စီမံကိန္းေတြအတြက္ က်ားမအတားအဆီးကိုေက်ာ္လႊားနိုင္ဖို့ဆိုတာကိုလည္း သိထားၾကပါတယ္။
ဒါေပမဲ့ သူမကို ပထမဆုံးအႀကိမ္ တကယ့္အမ်ိဳးသမီးအျဖစ္ ေတြ႕ဖူးခဲ့ၾကတဲ့လူေတြကေတာ့ အေတာ္ေလး အံ့ဩသြားခဲ့ၾကပါတယ္။Hakken Ryou ရဲ့လိင္ကြဲျပားမွုနဲ႔ပတ္သက္တဲ့ထင္ျမင္ယူဆခ်က္ေတြကို Social Media မွာ လူအမ်ားက အေျပာမ်ားေနၾကတုန္းပါပဲ။ဒါေပမဲ့လည္း ယေန႔ေခတ္လူငယ္ေတာ္ေတာ္မ်ားမ်ားက လိင္အပိုင္းအျခားကို အဓိက မထားဘဲ ကိုယ့္စိတ္ႀကိဳက္တိုင္း လုပ္ခ်င္တာလုပ္လာၾကတာကို သိၾကမွာပါ။
1
2
3
4
5
6
7
Mia (Mckzone Daily)
Source : odditycentral
Unicode
Instagram တစ်ခုတည်းမှာမှ followerပေါင်း ၁.၅ သန်းကျော်ရှိတဲ့ Hakken Ryou အမည်ရှိမလေးရှား cosplayerတစ်ဦးရဲ့မယုံနိုင်စရာပြောင်းလဲမှုတွေကြောင့် လူအများက သူ့ရဲ့လိင်ကွဲပြားမှုကို အမြဲတမ်းသံသယဖြစ်နေခဲ့ကြရတာပါ။Naruto, Arknights, Demon Slayer, ဒါမှမဟုတ် Nobless စတဲ့ လူကြိုက်များတဲ့ Anime ဗီဒီယိုဂိမ်းထဲရှိ အထင်ကရအမျိုးသားဇာတ်ကောင်တွေရဲ့ပုံပန်းသဏ္ဍန်ကိုကြည့်လိုက်တဲ့အခါ Hakken ထက်သာတဲ့တစ်စုံတစ်ဦးကို ရှာတွေ့ဖို့ ခက်ခဲသွားပါလိမ့်မယ်။ တကယ်လည်း အမျိုးသမီးတစ်ဦးဖြစ်နေတဲ့ Hakkenဟာ မိတ်ကပ်နဲ့ဆံပင်ပုံစံကို ကျွမ်းကျွမ်းကျင်ကျင်ပုံဖော်နိုင်တဲ့အပြင် ဒစ်ဂျစ်တယ်တည်းဖြတ်မှုတွေကိုလည်း သပ်ရပ်စွာ ပြသနိုင်ခြင်းကြောင့် သူမရွေးချယ်ထားတဲ့ဇာတ်ကောင်အားလုံးနီးပါးက အကောင်းတကာ့ အကောင်းဆုံးဖြစ်နေခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ပရိသတ်တွေ သန်းချီရှိနေခြင်းကလည်း သူမအတွက် အံ့ဩစရာမဟုတ်နေတော့ပါဘူး။Hakken ရဲ့ပရိတ်သတ်အများစုကတော့ သူမဟာ မိန်းကလေးတစ်ဦးဆိုတာကိုသိထားကြပြီး အဆိုပါလိမ်လည်ထားတဲ့လုပ်ရပ်တွေက သူမရဲ့ cosplay စီမံကိန်းတွေအတွက် ကျားမအတားအဆီးကိုကျော်လွှားနိုင်ဖို့ဆိုတာကိုလည်း သိထားကြပါတယ်။
ဒါပေမဲ့ သူမကို ပထမဆုံးအကြိမ် တကယ့်အမျိုးသမီးအဖြစ် တွေ့ဖူးခဲ့ကြတဲ့လူတွေကတော့ အတော်လေး အံ့ဩသွားခဲ့ကြပါတယ်။Hakken Ryou ရဲ့လိင်ကွဲပြားမှုနဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်တွေကို Social Media မှာ လူအများက အပြောများနေကြတုန်းပါပဲ။ဒါပေမဲ့လည်း ယနေ့ခေတ်လူငယ်တော်တော်များများက လိင်အပိုင်းအခြားကို အဓိက မထားဘဲ ကိုယ့်စိတ်ကြိုက်တိုင်း လုပ်ချင်တာလုပ်လာကြတာကို သိကြမှာပါ။
Mia (Mckzone Daily)
Be the first to comment on "လူႀကိဳက္မ်ားတဲ့ cosplayer ဇာတ္ေကာင္အမ်ိဳးသားရဲ႕ ေနာက္ကြယ္က မယံုႏိုင္စရာေျပာင္းလဲမႈရဲ႕ သ႐ုပ္မွန္"