အထီးက်န္ဆန္လြန္းတာေၾကာင့္ ရည္းစားရဖို႔ အိမ္ေရွ႕မွာဆိုင္းဘုတ္တပ္ေၾကာ္ျငာခဲ့တဲ့ ၆၅ႏွစ္အရြယ္ အဖြားအို

ထိုင္းနိုင္ငံ Ubon Ratchathaniျပည္နယ္ရွိအသက္၆၅ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ့က်န္ရွိေနတဲ့ဘဝနဲ႔အတူတူျဖတ္သန္းေပးနိုင္မယ့္ အမ်ိဳးသားတစ္ဦးရွာေဖြေနေၾကာင္းကိုေၾကာ္ျငာထားခဲ့ၿပီးေနာက္ သူမရဲ့သတင္းဟာ လူသိမ်ားေက်ာ္ၾကားသြားခဲ့ပါတယ္။Sompong Chomphupraphet အမည္ရွိတဲ့အဆိုပါအမ်ိဳးသမီးနဲ႔တြဲရိုက္ထားတဲ့အမ်ိဳးသားတစ္ဦးရဲ့ဓာတ္ပုံ အင္တာနက္ေပၚတက္လာတာေၾကာင့္ လူအမ်ားက အေတာ္ေလး အံ့ဩသြားခဲ့ၾကပါတယ္။လူအခ်ိဳ့က သူမရဲ့ဘဝအတြက္ရည္းစားအသစ္ရွာေတြ႕သြားၿပီလို့ထင္ေနၾကေပမဲ့ တစ္ကယ္ေတာ့ အဆိုပါအမ်ိဳးသားက သူမနဲ႔ဓာတ္ပုံအရမ္းတြဲရိုက္ခ်င္ေနခဲ့တဲ့သူမရဲ့ပရိသတ္ႀကီးျဖစ္ေနခဲ့ပါတယ္။

သူမက “အသက္ ၆၀-၇၀ အရြယ္၊ေဖာ္ေရြသေဘာေကာင္းတဲ့ရည္းစားတစ္ေယာက္အလိုရွိသည္”ဆိုတဲ့ဆိုင္းဘုတ္ကို သူမရဲ့အိမ္ေရွ႕သံပန္းတံခါးမွာ တပ္ဆင္ေၾကျငာထားခဲ့တာပါ။သူမလက္ထပ္ခဲ့ေပမယ့္ အဆင္မေျပတဲ့အိမ္ေထာင္ေရးကိုျဖတ္သန္းခဲ့ရၿပီးေနာက္ တစ္ကိုယ္တည္းအထီးက်န္လာတာေၾကာင့္ အခုလို ေၾကျငာရျခင္းျဖစ္ပါတယ္တဲ့ေလ။ Sompong ဟာ တစ္ခ်ိန္က ေလတပ္အရာရွိနဲ႔လက္ထပ္ခဲ့ၿပီး ကေလးႏွစ္ေယာက္ရခဲ့ေပမဲ့ ခင္ပြန္းရဲ့အရက္အလြန္အၾကဴးေသာက္တတ္တဲ့ျပႆနာေၾကာင့္ ေနာက္ဆုံးသူတို့ရဲ့ဆက္ဆံေရးျပတ္ေတာက္သြားခဲ့ေၾကာင္း AsiaOneက ေဖာ္ျပထားပါတယ္။

ကြာရွင္းျပတ္စဲသြားၿပီးေနာက္မွာေတာ့ သူမဟာ ဂ်ာမနီနိုင္ငံသားတစ္ဦးနဲ႔ထပ္ေတြ႕ခဲ့ၿပီး ခ်စ္ႀကိဳက္သြားခဲ့ၾကပါတယ္။အဲ့တာနဲ႔ သူတို့ႏွစ္ဦးလက္ထပ္ခဲ့ၾကၿပီး သူမဟာ ဂ်ာမနီနိုင္ငံသို့လိုက္သြားခဲ့ကာ ၁၃ႏွစ္အၾကာေနထိုင္ခဲ့ပါတယ္။ဒါေပမဲ့ Sompongဟာ သူမရဲ့ဒုတိယေျမာက္အမ်ိဳးသားကိုလည္း ကြာရွင္းခဲ့ၿပီး ထိုင္းနိုင္ငံကို ျပန္လာခဲ့ပါတယ္။Sompongဟာ အခုအခ်ိန္မွာေတာ့ တစ္ကိုယ္တည္းျဖစ္ေနၿပီး သူမရဲ့ေနာက္ဆုံးထြက္သက္အထိ အတူတူရွိေပးေနမယ့္လူကိုလည္း ရွာေဖြေနဆဲျဖစ္ပါတယ္။တစ္ကိုယ္တည္းသမားေလးေတြလည္း ဒီအဖြားရဲ့နည္းလမ္းလို လိုက္လုပ္ၾကည့္ၾကပါ ရလိုရျငားေပါ့ေလ။

Mia (Mckzone Daily)

Source : nextshark

Unicode

ထိုင်းနိုင်ငံ Ubon Ratchathaniပြည်နယ်ရှိအသက်၆၅နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကျန်ရှိနေတဲ့ဘဝနဲ့အတူတူဖြတ်သန်းပေးနိုင်မယ့် အမျိုးသားတစ်ဦးရှာဖွေနေကြောင်းကိုကြော်ငြာထားခဲ့ပြီးနောက် သူမရဲ့သတင်းဟာ လူသိများကျော်ကြားသွားခဲ့ပါတယ်။Sompong Chomphupraphet အမည်ရှိတဲ့အဆိုပါအမျိုးသမီးနဲ့တွဲရိုက်ထားတဲ့အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံ အင်တာနက်ပေါ်တက်လာတာကြောင့် လူအများက အတော်လေး အံ့ဩသွားခဲ့ကြပါတယ်။လူအချို့က သူမရဲ့ဘဝအတွက်ရည်းစားအသစ်ရှာတွေ့သွားပြီလို့ထင်နေကြပေမဲ့ တစ်ကယ်တော့ အဆိုပါအမျိုးသားက သူမနဲ့ဓာတ်ပုံအရမ်းတွဲရိုက်ချင်နေခဲ့တဲ့သူမရဲ့ပရိသတ်ကြီးဖြစ်နေခဲ့ပါတယ်။

သူမက “အသက် ၆၀-၇၀ အရွယ်၊ဖော်ရွေသဘောကောင်းတဲ့ရည်းစားတစ်ယောက်အလိုရှိသည်”ဆိုတဲ့ဆိုင်းဘုတ်ကို သူမရဲ့အိမ်ရှေ့သံပန်းတံခါးမှာ တပ်ဆင်ကြေငြာထားခဲ့တာပါ။သူမလက်ထပ်ခဲ့ပေမယ့် အဆင်မပြေတဲ့အိမ်ထောင်ရေးကိုဖြတ်သန်းခဲ့ရပြီးနောက် တစ်ကိုယ်တည်းအထီးကျန်လာတာကြောင့် အခုလို ကြေငြာရခြင်းဖြစ်ပါတယ်တဲ့လေ။ Sompong ဟာ တစ်ချိန်က လေတပ်အရာရှိနဲ့လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်ရခဲ့ပေမဲ့ ခင်ပွန်းရဲ့အရက်အလွန်အကြူးသောက်တတ်တဲ့ပြဿနာကြောင့် နောက်ဆုံးသူတို့ရဲ့ဆက်ဆံရေးပြတ်တောက်သွားခဲ့ကြောင်း AsiaOneက ဖော်ပြထားပါတယ်။

ကွာရှင်းပြတ်စဲသွားပြီးနောက်မှာတော့ သူမဟာ ဂျာမနီနိုင်ငံသားတစ်ဦးနဲ့ထပ်တွေ့ခဲ့ပြီး ချစ်ကြိုက်သွားခဲ့ကြပါတယ်။အဲ့တာနဲ့ သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီး သူမဟာ ဂျာမနီနိုင်ငံသို့လိုက်သွားခဲ့ကာ ၁၃နှစ်အကြာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ Sompongဟာ သူမရဲ့ဒုတိယမြောက်အမျိုးသားကိုလည်း ကွာရှင်းခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။Sompongဟာ အခုအချိန်မှာတော့ တစ်ကိုယ်တည်းဖြစ်နေပြီး သူမရဲ့နောက်ဆုံးထွက်သက်အထိ အတူတူရှိပေးနေမယ့်လူကိုလည်း ရှာဖွေနေဆဲဖြစ်ပါတယ်။တစ်ကိုယ်တည်းသမားလေးတွေလည်း ဒီအဖွားရဲ့နည်းလမ်းလို လိုက်လုပ်ကြည့်ကြပါ ရလိုရငြားပေါ့လေ။

Mia (Mckzone Daily)

Leave a Reply

Your email address will not be published. Required fields are marked *