ျပင္းထန္တဲ့ငလ်င္လႈပ္ခတ္ေနတုန္း customerႏွစ္ဦးကို အလ်င္အျမန္ ကာကြယ္ေပးခဲ့တဲ့ စတိုးဆိုင္၀န္ထမ္းရဲ႕လုပ္ရပ္

ေတာင္ကိုရီးယားနိုင္ငံရွိ နို၀င္ဘာ ၁၅ ရက္ေန႔က ျဖစ္ပြါးခဲ့တဲ့ ၅.၄ ျပင္းအားရွိတဲ့ငလ်င္လွုပ္ခတ္မွုမွာ Pohang ၿမိဳ့ရွိ စတိုးဆိုင္တစ္ခုရဲ့၀န္ထမ္းတစ္ဦးဟာ ေၾကာက္လန႔္တုန္လွုပ္ေနတဲ့ဧည့္သည္ႏွစ္ဦးအား ကိုယ္က်ိဳးစြန႔္ကာကြယ္ေပးခဲ့ပါတယ္။ညေန ၂:၃၀ ဝန္းက်င္ ငလ်င္လွုပ္စဥ္ကာလအတြင္း ေတာင္ဘက္ဆိပ္ကမ္းၿမိဳ့ Pohang ရွိ စတိုးဆိုင္ရဲ့ CCTV ဗီဒီယိုဖိုင္ကို Channel A News မွထုတ္လႊင့္ျပသေပးခဲ့တာပါ။ငလ်င္ျပင္းထန္စြာတုန္လွုပ္ေနစဥ္အတြင္း စားသုံးသူေတြႏွင့္ ၀န္ထမ္းေတြက စားပြဲခုံႏွင့္စာေရးခုံေတြေအာက္မွာ ပုန္းေအာင္းေနခဲ့ၾကခ်ိန္မွာေတာ့ ေကာင္တာရွိအမ်ိဳးသမီးေဖာက္သည္ႏွစ္ဦးကိုကူညီခဲ့တဲ့ ရဲရင့္တဲ့စတိုးဆိုင္ဝန္ထမ္းတစ္ဦးဟာ အင္တာနက္အသုံးျပဳသူတိုင္းရဲ့အာ႐ုံကိုဖမ္းစားနိုင္ခဲ့ပါတယ္။

အေဆာက္အဦးေတြ ပ်က္စီးလာနိုင္ေျခရွိၿပီး သူတို့ရဲ့ဦးေခါင္းေပၚကို က်လာတာေၾကာင့္ သူတို့ကိုအႏၲရာယ္ကေနကာကြယ္ေပးဖို့အတြက္ အဆိုပါ၀န္ထမ္းဟာ သူ႔ေရွ႕မွာရွိတဲ့ကုန္စုံျခင္းေတာင္းကိုခ်က္ခ်င္းဆုပ္ကိုင္ၿပီး အမ်ိဳးသမီးႏွစ္တို့ရဲ့ေခါင္းႏွစ္လုံးကို အျမန္အဆန္ ဖုံးအုပ္ေပးခဲ့ပါတယ္။လူေတာ္ေတာ္မ်ားမ်ားဟာ သူရဲေကာင္းလုပ္ရပ္ေတြအတြက္ အဆိုပါဝန္ထမ္းကို ေကာင္းမြန္တဲ့စကားေတြ ခ်ီးက်ဴးေျပာဆိုခဲ့ၾကပါတယ္။အခ်ိဳ့လူအမ်ားစုက သူတို့ရဲ့ကိုယ္ပိုင္လုံျခဳံမွုကိုပထမဥဦးစားေပး ကာကြယ္တတ္ၾကေပမဲ့ ဒီဝန္ထမ္းကေတာ့ ကိုယ္က်ိဳးမငဲ့ဘဲ ဧည့္သည္ေတြကို အေကာင္းဆုံးကာကြယ္ေပးခဲ့တာပါ။

ငလ်င္ႀကီးလွုပ္ခတ္တုန္ခါမွုက တိုင္းျပည္ရဲ့ၿမိဳ့ေတာ္ဆိုးလ္ကို အနည္းငယ္ထိမွန္ခဲ့ေၾကာင္း South China Morning Post မွေဖာ္ျပခဲ့ပါတယ္။ဒီငလ်င္ဟာ သူ႔တို့နိုင္ငံရဲ့ဒုတိယအင္အားအႀကီးဆုံး ငလ်င္ျဖစ္ေၾကာင္း ဆိုထားပါတယ္။၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလမွာ ျပင္းအား ၅.၈ ျပင္းအားတုန္ခါမွုေၾကာင့္ အေရွ႕ေတာင္ဘက္ၿမိဳ့ေတာ္ Gyeongju ကိုပါ ထိခိုက္ေစခဲ့ပါေသးတယ္။ကံေကာင္းေထာက္မစြာနဲ႔ ငလ်င္လွုပ္ခတ္မွုက ျပင္းထန္ခဲ့ေပမဲ့လည္း ထိခိုက္ေသဆုံးမွုမရွိခဲ့ရပါဘူး။

Mia (Mckzone Daily)

Source : nextshark

Unicode

တောင်ကိုရီးယားနိုင်ငံရှိ နိုဝင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ ၅.၄ ပြင်းအားရှိတဲ့ငလျင်လှုပ်ခတ်မှုမှာ Pohang မြို့ရှိ စတိုးဆိုင်တစ်ခုရဲ့ဝန်ထမ်းတစ်ဦးဟာ ကြောက်လန့်တုန်လှုပ်နေတဲ့ဧည့်သည်နှစ်ဦးအား ကိုယ်ကျိုးစွန့်ကာကွယ်ပေးခဲ့ပါတယ်။ညနေ ၂:၃၀ ဝန်းကျင် ငလျင်လှုပ်စဉ်ကာလအတွင်း တောင်ဘက်ဆိပ်ကမ်းမြို့ Pohang ရှိ စတိုးဆိုင်ရဲ့ CCTV ဗီဒီယိုဖိုင်ကို Channel A News မှထုတ်လွှင့်ပြသပေးခဲ့တာပါ။ငလျင်ပြင်းထန်စွာတုန်လှုပ်နေစဉ်အတွင်း စားသုံးသူတွေနှင့် ဝန်ထမ်းတွေက စားပွဲခုံနှင့်စာရေးခုံတွေအောက်မှာ ပုန်းအောင်းနေခဲ့ကြချိန်မှာတော့ ကောင်တာရှိအမျိုးသမီးဖောက်သည်နှစ်ဦးကိုကူညီခဲ့တဲ့ ရဲရင့်တဲ့စတိုးဆိုင်ဝန်ထမ်းတစ်ဦးဟာ အင်တာနက်အသုံးပြုသူတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။

အဆောက်အဦးတွေ ပျက်စီးလာနိုင်ခြေရှိပြီး သူတို့ရဲ့ဦးခေါင်းပေါ်ကို ကျလာတာကြောင့် သူတို့ကိုအန္တရာယ်ကနေကာကွယ်ပေးဖို့အတွက် အဆိုပါဝန်ထမ်းဟာ သူ့ရှေ့မှာရှိတဲ့ကုန်စုံခြင်းတောင်းကိုချက်ချင်းဆုပ်ကိုင်ပြီး အမျိုးသမီးနှစ်တို့ရဲ့ခေါင်းနှစ်လုံးကို အမြန်အဆန် ဖုံးအုပ်ပေးခဲ့ပါတယ်။လူတော်တော်များများဟာ သူရဲကောင်းလုပ်ရပ်တွေအတွက် အဆိုပါဝန်ထမ်းကို ကောင်းမွန်တဲ့စကားတွေ ချီးကျူးပြောဆိုခဲ့ကြပါတယ်။အချို့လူအများစုက သူတို့ရဲ့ကိုယ်ပိုင်လုံခြုံမှုကိုပထမဥဦးစားပေး ကာကွယ်တတ်ကြပေမဲ့ ဒီဝန်ထမ်းကတော့ ကိုယ်ကျိုးမငဲ့ဘဲ ဧည့်သည်တွေကို အကောင်းဆုံးကာကွယ်ပေးခဲ့တာပါ။

ငလျင်ကြီးလှုပ်ခတ်တုန်ခါမှုက တိုင်းပြည်ရဲ့မြို့တော်ဆိုးလ်ကို အနည်းငယ်ထိမှန်ခဲ့ကြောင်း South China Morning Post မှဖော်ပြခဲ့ပါတယ်။ဒီငလျင်ဟာ သူ့တို့နိုင်ငံရဲ့ဒုတိယအင်အားအကြီးဆုံး ငလျင်ဖြစ်ကြောင်း ဆိုထားပါတယ်။၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ပြင်းအား ၅.၈ ပြင်းအားတုန်ခါမှုကြောင့် အရှေ့တောင်ဘက်မြို့တော် Gyeongju ကိုပါ ထိခိုက်စေခဲ့ပါသေးတယ်။ကံကောင်းထောက်မစွာနဲ့ ငလျင်လှုပ်ခတ်မှုက ပြင်းထန်ခဲ့ပေမဲ့လည်း ထိခိုက်သေဆုံးမှုမရှိခဲ့ရပါဘူး။

Mia (Mckzone Daily)

Be the first to comment on "ျပင္းထန္တဲ့ငလ်င္လႈပ္ခတ္ေနတုန္း customerႏွစ္ဦးကို အလ်င္အျမန္ ကာကြယ္ေပးခဲ့တဲ့ စတိုးဆိုင္၀န္ထမ္းရဲ႕လုပ္ရပ္"

Leave a comment

Your email address will not be published.


*