ခ်စ္သူအတြက္ ေဒၚလာသန္းေပါင္းမ်ားစြာ ျဖဳန္းတီးခဲ့ၿပီး ေငြျပန္မဆပ္နိုင္တာေၾကာင့္ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ သူေဌးသား

တ႐ုတ္နိုင္ငံ Zhejiangျပည္နယ္ Hangzhouၿမိဳ့ေတာ္မွ အသက္၂၉ႏွစ္အရြယ္ Zhang Xiaoen အမည္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေမာ္ဒယ္နဲ႔live-streamerတစ္ဦးျဖစ္တဲ့ခ်စ္သူေကာင္မေလးအတြက္ ေဒၚလာသန္းေပါင္းမ်ားစြာ အကုန္အက်ခံခဲ့ၿပီးေနာက္ တရား႐ုံးမွာ အမွုရင္ဆိုင္ေနခဲ့ရပါတယ္။ Zhang ဟာ ခ်မ္းသာႂကြယ္ဝတဲ့တ႐ုတ္မိသားစုမွေမြးဖြားခဲ့ၿပီး သူလိုခ်င္တဲ့အရာမွန္တမၽွအတြက္ ေငြအေျမာက္အမ်ားသုံးစြဲျခင္းရဲ့ဇိမ္ခံတဲ့ဘဝပုံစံနဲ႔အကၽြမ္းတဝင္ရွိခဲ့တာပါ။ဒါေပမဲ့ သူဟာ လြန္ခဲ့တဲ့၂ႏွစ္တုန္းက Yang Yizhenအမည္ရွိတဲ့အလြတ္တန္းေမာ္ဒယ္တစ္ဦးနဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္မွာေတာ့ သူဟာ ေငြေၾကးပိုင္းဆိုင္ရာကို မွားယြင္းစြာ သုံးစြဲခဲ့ေၾကာင္း တ႐ုတ္မီဒီယာတစ္ခုကေဖာ္ျပထားပါတယ္။

Zhangဟာ ဒီဇိုင္းနာခ်ဴပ္အဝတ္အစား၊လက္ဝတ္ရတနာ၊ကားေတြ နဲ႔ဒူဘိုင္းသို့အကုန္အက်မ်ားတဲ့ခရီးစဥ္ စတဲ့တန္ဖိုးႀကီးလက္ေဆာင္ေတြနဲ႔ Yangကို အျမဲဆြဲေဆာင္ကာ ေပ်ာ္ရႊင္ေစခဲ့ပါတယ္။သူက ခ်မ္းသာႂကြယ္ဝတဲ့မိသားစုဝင္တစ္ဦးျဖစ္ေပမဲ့ Yangရဲ့လိုအပ္ခ်က္အားလုံးကို မျဖည့္ဆည္းေပးနိုင္ခဲ့ပါဘူး။ဒါေပမဲ့ သူဆက္လုပ္ဖို့ သူ႔အေဖကုမၸဏီမွ ယြမ္ သန္း၇၀(သိန္းေပါင္း ၁သိန္း၃ေသာင္းေက်ာ္) ေခ်းယူခဲ့ၿပီး အဲ့ဒီေနာက္ သူ႔အေဖပိုက္ဆံေတြကို ျပန္ဆပ္ဖို့ ခ်မ္းသာတဲ့သူ႔အေပါင္းအသင္းေတြထံမွ ပိုက္ဆံေတြနဲ႔အေလာင္းအစားလုပ္ခဲ့ေပမဲ့ ေနာက္ဆုံး ယြမ္ သန္း ၁၇၀(သိန္းေပါင္း ၃သိန္း၂ေသာင္းေက်ာ္)အထိ အေလာင္းအစား ရွုံးသြားခဲ့ပါတယ္။

Zhangဟာ သူေခ်းထားတဲ့ပိုက္ဆံေတြအားလုံးကို ျပန္မဆပ္နိုင္တဲ့အတြက္ အေႂကြးရွင္ေတြက ရဲကို တိုင္ၾကားခဲ့ၾကပါတယ္။ေနာက္ဆုံးအဖမ္းခံခဲ့ရၿပီး Zhangက သူ႔ရဲ့ဘ႑ေငြစီမံခန္႔ခြဲမွုမွာဘယ္ေလာက္ညံ့ဖ်င္းေၾကာင္းဝန္ခံခဲ့ၿပီး သူ႔ရည္းစားက သူမနဲ႔အတူ အေလာင္းအစားလုပ္ဖို့ အားေပးခဲ့ေၾကာင္း သူ႔ရည္းစားကို အျပစ္တင္ေျပာဆိုခဲ့ပါေသးတယ္။Zhangဟာ သူ႔ရဲ့လက္ရွိရည္းစားေဟာင္း Yangက သူ႔အား အမွုတစ္ခုျပဳလုပ္ဖို့ အစိုးရေရွ႕ေနေတြနဲ႔ပူးေပါင္းခဲ့ၿပီးေနာက္ေတာ့ လိမ္လည္မွုျဖင့္ တရားစြဲဆိုခံခဲ့ရပါတယ္။Yangကေတာ့ လက္ရွိ social media မွာ တစ္ျခားအမ်ိဳးသားေတြနဲ႔လည္း ထပ္ၿပီး ပလူပ်ံျမဲ ပ်ံေနဆဲပါဘဲ။

Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်နိုင်ငံ Zhejiangပြည်နယ် Hangzhouမြို့တော်မှ အသက်၂၉နှစ်အရွယ် Zhang Xiaoen အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ မော်ဒယ်နဲ့live-streamerတစ်ဦးဖြစ်တဲ့ချစ်သူကောင်မလေးအတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံခဲ့ပြီးနောက် တရားရုံးမှာ အမှုရင်ဆိုင်နေခဲ့ရပါတယ်။ Zhang ဟာ ချမ်းသာကြွယ်ဝတဲ့တရုတ်မိသားစုမှမွေးဖွားခဲ့ပြီး သူလိုချင်တဲ့အရာမှန်တမျှအတွက် ငွေအမြောက်အများသုံးစွဲခြင်းရဲ့ဇိမ်ခံတဲ့ဘဝပုံစံနဲ့အကျွမ်းတဝင်ရှိခဲ့တာပါ။ဒါပေမဲ့ သူဟာ လွန်ခဲ့တဲ့၂နှစ်တုန်းက Yang Yizhenအမည်ရှိတဲ့အလွတ်တန်းမော်ဒယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာတော့ သူဟာ ငွေကြေးပိုင်းဆိုင်ရာကို မှားယွင်းစွာ သုံးစွဲခဲ့ကြောင်း တရုတ်မီဒီယာတစ်ခုကဖော်ပြထားပါတယ်။

Zhangဟာ ဒီဇိုင်းနာချူပ်အဝတ်အစား၊လက်ဝတ်ရတနာ၊ကားတွေ နဲ့ဒူဘိုင်းသို့အကုန်အကျများတဲ့ခရီးစဉ် စတဲ့တန်ဖိုးကြီးလက်ဆောင်တွေနဲ့ Yangကို အမြဲဆွဲဆောင်ကာ ပျော်ရွှင်စေခဲ့ပါတယ်။သူက ချမ်းသာကြွယ်ဝတဲ့မိသားစုဝင်တစ်ဦးဖြစ်ပေမဲ့ Yangရဲ့လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒါပေမဲ့ သူဆက်လုပ်ဖို့ သူ့အဖေကုမ္ပဏီမှ ယွမ် သန်း၇၀(သိန်းပေါင်း ၁သိန်း၃သောင်းကျော်) ချေးယူခဲ့ပြီး အဲ့ဒီနောက် သူ့အဖေပိုက်ဆံတွေကို ပြန်ဆပ်ဖို့ ချမ်းသာတဲ့သူ့အပေါင်းအသင်းတွေထံမှ ပိုက်ဆံတွေနဲ့အလောင်းအစားလုပ်ခဲ့ပေမဲ့ နောက်ဆုံး ယွမ် သန်း ၁၇၀(သိန်းပေါင်း ၃သိန်း၂သောင်းကျော်)အထိ အလောင်းအစား ရှုံးသွားခဲ့ပါတယ်။

Zhangဟာ သူချေးထားတဲ့ပိုက်ဆံတွေအားလုံးကို ပြန်မဆပ်နိုင်တဲ့အတွက် အကြွေးရှင်တွေက ရဲကို တိုင်ကြားခဲ့ကြပါတယ်။နောက်ဆုံးအဖမ်းခံခဲ့ရပြီး Zhangက သူ့ရဲ့ဘဏ္ဍငွေစီမံခန့်ခွဲမှုမှာဘယ်လောက်ညံ့ဖျင်းကြောင်းဝန်ခံခဲ့ပြီး သူ့ရည်းစားက သူမနဲ့အတူ အလောင်းအစားလုပ်ဖို့ အားပေးခဲ့ကြောင်း သူ့ရည်းစားကို အပြစ်တင်ပြောဆိုခဲ့ပါသေးတယ်။Zhangဟာ သူ့ရဲ့လက်ရှိရည်းစားဟောင်း Yangက သူ့အား အမှုတစ်ခုပြုလုပ်ဖို့ အစိုးရရှေ့နေတွေနဲ့ပူးပေါင်းခဲ့ပြီးနောက်တော့ လိမ်လည်မှုဖြင့် တရားစွဲဆိုခံခဲ့ရပါတယ်။Yangကတော့ လက်ရှိ social media မှာ တစ်ခြားအမျိုးသားတွေနဲ့လည်း ထပ်ပြီး ပလူပျံမြဲ ပျံနေဆဲပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment