တစ္ပါးသူရဲ႕ဖုန္းကိုခြင့္ျပဳခ်က္မရဘဲလ်ိွဳ႕ဝွက္ၿပီးစစ္ၾကည့္မယ္ဆိုရင္ ဒဏ္ေၾကးေငြ ျမန္မာေငြ သိန္း2ေထာင္ေက်ာ္ေပးရတဲ့ႏိုင္ငံ

လူတိုင္းလိုလိုဘဝမွာ တစ္ႀကိမ္တစ္ခါေလာက္ေတာ့တျခားလူတစ္ေယာက္ရဲ႕ ဖုန္းကိုစစ္ၾကည့္မိၾကမွာပါပဲေလ ။ အထူးသျဖင့္ေတာ့ ကိုယ့္ရဲ႕ခ်စ္သူ ကိုယ့္ရဲ႕ေနာက္ကြယ္မွာမ်ားေဖာက္ျပန္ေနလား ၊ ဒါမွမဟုတ္သူ႔ကိုယ့္အေပၚသစၥာ႐ွိေသရဲ႕လား စသည္ျဖင့္ကိစၥအမ်ိဳးမ်ိဳးေတြေၾကာင့္ စစ္ၾကည့္မိၾကမွာပါ ။ ေသခ်ာတာကေတာ့ အဆိုပါလုပ္ရပ္မ်ိဳးဟာမမွန္ကန္ပါဘူး ဒါေပမဲ့လူ႔ရဲ႕သေဘာသဘာဝအရေတာ့ လုပ္ေနမိတုန္းပါပဲ ။ အဆိုပါကိစၥေတြေၾကာင့္ စကားမ်ားရန္ျဖစ္ၾကၿပီး အခ်ိဳ႕ဆိုရင္အခ်င္းခ်င္းမုန္းသြားၾကတဲ့ အဆင့္ထိေရာက္သြားတတ္ၾကပါတယ္ ။

ထို႔ေၾကာင့္ အဆိုပါလုပ္ရပ္မ်ိဳးကို Saudi Arabia ႏိုင္ငံေရာက္လို႔ လုပ္မိရင္ေတာ့လံုးဝကိုဒုကၡေရာက္သြားမွာပါ ။ ဘာလို႔လည္းဆိုရင္ အဆိုပါႏိုင္ငံမွာ ဒီလိုလုပ္ရပ္ေတြကျပစ္မႈေျမာက္လို႔ပါ ။ ခ်စ္သူျဖစ္ျဖစ္ ၊ ဇနီးေမာင္ႏွံအခ်င္းခ်င္းပဲျဖစ္ျဖစ္ အျခားသူတစ္ေယာက္ရဲ႕ဖုန္းကိုခြင့္ျပဳခ်က္မရပဲ ဝင္ၾကည့္မိလို့ အေရးႀကီးတဲ့အခ်က္အလက္ေတြကိုေတြ ့သြားမယ္ဆိုရင္ေတာ့ အနည္းဆံုးေထာင္ဒဏ္တစ္ႏွစ္ခန္႔ခ်မွတ္ခံရမည္ျဖစ္သည့္အျပင္ ဒဏ္ေၾကးေငြအေနျဖင့္ 500,000 Riyal (ျမန္မာေငြ သိန္း2ေထာင္ေက်ာ္) ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

သို႔ေပမဲ့လည္း အျခားသူတစ္ေယာက္ရဲ႕ဖုန္းကိုခြင့္ျပဳခ်က္မရဘဲဝင္ၾကည့္ခဲ့လို႔ အေရးႀကီးတဲ့အခ်က္အလက္ေတြကိုမေတြ႔႐ွိခဲ့ဖူးဆိုရင္ေတာ့ ေထာင္ဒဏ္အနည္းငယ္ေလ်ွာ့က်ေပးမည့္အျပင္ ၊ ဒဏ္ေၾကးေငြလည္း ေလ်ွာ့က်ေပးမည္ျဖစ္ပါတယ္ ။ ယခုကဲ့သို႔ လုပ္ရပ္မ်ိဳးကို Cybercrimes အေနနဲ႔အမ်ိဳးအစားသတ္မွတ္ထားေၾကာင္း သိ႐ွိရပါတယ္ ။ မိုဘိုင္းဖုန္းတင္မကေသးပါဘူး အျခားတစ္ပါးသူရဲ႕ကြန္ျပဴတာတို႔ ၊ ကင္မရာတို႔ကို ခြင့္မျပဳခ်က္မရဘဲ စစ္ေဆးမယ္ဆိုရင္လည္း အလားတူျပစ္ဒဏ္ေျမာက္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းလိုလိုဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့တခြားလူတစ်ယောက်ရဲ့ ဖုန်းကိုစစ်ကြည့်မိကြမှာပါပဲလေ ။ အထူးသဖြင့်တော့ ကိုယ့်ရဲ့ချစ်သူ ကိုယ့်ရဲ့နောက်ကွယ်မှာများဖောက်ပြန်နေလား ၊ ဒါမှမဟုတ်သူ့ကိုယ့်အပေါ်သစ္စာရှိသေရဲ့လား စသည်ဖြင့်ကိစ္စအမျိုးမျိုးတွေကြောင့် စစ်ကြည့်မိကြမှာပါ ။ သေချာတာကတော့ အဆိုပါလုပ်ရပ်မျိုးဟာမမှန်ကန်ပါဘူး ဒါပေမဲ့လူ့ရဲ့သဘောသဘာဝအရတော့ လုပ်နေမိတုန်းပါပဲ ။ အဆိုပါကိစ္စတွေကြောင့် စကားများရန်ဖြစ်ကြပြီး အချို့ဆိုရင်အချင်းချင်းမုန်းသွားကြတဲ့ အဆင့်ထိရောက်သွားတတ်ကြပါတယ် ။

ထို့ကြောင့် အဆိုပါလုပ်ရပ်မျိုးကို Saudi Arabia နိုင်ငံရောက်လို့ လုပ်မိရင်တော့လုံးဝကိုဒုက္ခရောက်သွားမှာပါ ။ ဘာလို့လည်းဆိုရင် အဆိုပါနိုင်ငံမှာ ဒီလိုလုပ်ရပ်တွေကပြစ်မှုမြောက်လို့ပါ ။ ချစ်သူဖြစ်ဖြစ် ၊ ဇနီးမောင်နှံအချင်းချင်းပဲဖြစ်ဖြစ် အခြားသူတစ်ယောက်ရဲ့ဖုန်းကိုခွင့်ပြုချက်မရပဲ ဝင်ကြည့်မိလို့ အရေးကြီးတဲ့အချက်အလက်တွေကိုတွေ့သွားမယ်ဆိုရင်တော့ အနည်းဆုံးထောင်ဒဏ်တစ်နှစ်ခန့်ချမှတ်ခံရမည်ဖြစ်သည့်အပြင် ဒဏ်ကြေးငွေအနေဖြင့် 500,000 Riyal (မြန်မာငွေ သိန်း2ထောင်ကျော်) ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

သို့ပေမဲ့လည်း အခြားသူတစ်ယောက်ရဲ့ဖုန်းကိုခွင့်ပြုချက်မရဘဲဝင်ကြည့်ခဲ့လို့ အရေးကြီးတဲ့အချက်အလက်တွေကိုမတွေ့ရှိခဲ့ဖူးဆိုရင်တော့ ထောင်ဒဏ်အနည်းငယ်လျှော့ကျပေးမည့်အပြင် ၊ ဒဏ်ကြေးငွေလည်း လျှော့ကျပေးမည်ဖြစ်ပါတယ် ။ ယခုကဲ့သို့ လုပ်ရပ်မျိုးကို Cybercrimes အနေနဲ့အမျိုးအစားသတ်မှတ်ထားကြောင်း သိရှိရပါတယ် ။ မိုဘိုင်းဖုန်းတင်မကသေးပါဘူး အခြားတစ်ပါးသူရဲ့ကွန်ပြူတာတို့ ၊ ကင်မရာတို့ကို ခွင့်မပြုချက်မရဘဲ စစ်ဆေးမယ်ဆိုရင်လည်း အလားတူပြစ်ဒဏ်မြောက်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တစ္ပါးသူရဲ႕ဖုန္းကိုခြင့္ျပဳခ်က္မရဘဲလ်ိွဳ႕ဝွက္ၿပီးစစ္ၾကည့္မယ္ဆိုရင္ ဒဏ္ေၾကးေငြ ျမန္မာေငြ သိန္း2ေထာင္ေက်ာ္ေပးရတဲ့ႏိုင္ငံ"

Leave a comment

Your email address will not be published.


*