အျမဲထူးဆန္းၿပီး သမားရိုးက်မဟုတ္တဲ့ဓာတ္ပုံေတြနဲ႔ Selfie ဘုရင္မအျဖစ္သတ္မွတ္ခံထားရတဲ့ အသက္ ၈၉ ႏွစ္အရြယ္အဘြားအို

ဂ်ပန္နိုင္ငံရွိ Kimiko Nishimoto အမည္ရွိတဲ့အသက္ ၈၉ ႏွစ္အရြယ္အမ်ိဳးသမီးဟာ သူကိုယ့္သူ သူမ်ားနဲ႔မတူတဲ့ဖန္တီးနိုင္စြမ္း နဲ႔ သမားရိုးက်မဟုတ္တဲ့ထိပ္တန္းဓာတ္ပုံေတြေၾကာင့္ Selfies ဘုရင္မ အျဖစ္ ကမၻာတစ္ဝွမ္းရဲ့ခ်စ္ခင္ျခင္းကိုခံေနရပါတယ္။Social media ေပၚ က သူမရဲ့သေဘာကိခ်င္စရာေကာင္းတဲ့ပုံေတြပ်ံ႕ႏွံ့သြားၿပီးေနက္ ဂ်ပန္နိုင္ငံမွ အသက္၈၀ေက်ာ္နဲ႔၉၀အၾကားရဲ့အင္တာနက္လူထုအသည္းစြဲဆုကို ရရွိခဲ့ရပါတယ္။တိုက်ိဳ ၿမိဳ့ Shinjuku ေဒသရွိ ၈၉ ႏွစ္အရြယ္အဖြားဟာ သူမရဲ့ဖန္တီးမွုတစ္ခ်ိဳ့ကို Epson Imaging Gallery EpSITE မွာ ျပသဖို့စီစဥ္ထားတာေၾကာင့္ သူမရဲ့ေဒသခံပရိတ္သတ္ေတြက စိတ္လွုပ္ရွားစြာနဲ႔ ေစာင့္ေနၾကပါတယ္။

Kimiko Nishimoto ဟာ သူမရဲ့ဝါသနာကို ၁၇ ႏွစ္တာ စြဲလမ္းခဲ့တာေၾကာင့္ ဓာတ္ပုံပညာမွာသူမနာမည္စာရင္းသြင္းဖို့ ဆုံးျဖတ္ခဲ့ၿပီး သားျဖစ္သူက သူမအသက္ ၇၂ ႏွစ္အရြယ္မွာ အေသအခ်ာသင္ၾကားေပးခဲ့ပါတယ္။ဓာတ္ပုံပညာကို သူမ သေဘာက်ခဲ့ၿပီး အျခားနည္းစနစ္သစ္ေတြကိုလည္း ေလ့လာသင္ယူခဲ့ပါတယ္။သူမဟာ ဓာတ္ပုံပညာမွာ ပိုထူးခၽြန္လာတာနဲ႔အမၽွ ထူးဆန္းတဲ့ဇာတ္ေဆာင္ေတြနဲ႔ ဟာသဇာတ္လမ္းေတြကို ရိုက္ကူးနိုင္တဲ့လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။သူမရဲ့ပင္ကိုယ္စြမ္းရည္နဲ႔ေပါင္းစပ္ၿပီး အရမ္းမိုက္ၿပီး ထူးဆန္းတဲ့ဓာတ္ပုံေတြကို ပုံေဖာ္ရိုက္ကူးနိုင္တာေၾကာင့္ လူအမ်ားက သူမကို အေတာ္ေလးသတိျပဳမိလာၾကပါတယ္။

Kumamoto Prefectural Museum of Art Museum ျပတိုက္မွာ သူမရဲ့ပထမဆုံးတစ္ကိုယ္ေတာ္ဓာတ္ပုံျပပြဲကို သူမအသက္၈၂ ႏွစ္အရြယ္မွာ စတင္ျပဳလုပ္က်င္းပခဲ့ပါေသးတယ္။Kimiko Nishimoto ဟာ ၿပီးခဲ့တဲ့ႏွစ္က Hitori ja naka yo (သင္တစ္ဦးတည္းမဟုတ္) ေခါင္းစဥ္ျဖင့္ ပထမဆုံးသူမရဲ့ဓာတ္ပုံစုေဆာင္းမွုစာအုပ္ကို ပုံႏွိပ္ထုတ္ေဝခဲ့ၿပီး သူမရဲ့ပရိသတ္ေတြကို ႏွစ္သိမ့္ရင္း စိတ္ေက်နပ္မွုေတြေပးခဲ့ပါေသးတယ္။

4

5

6

7

8

Mia (Mckzone Daily)

Source : nextshark

Unicode

ဂျပန်နိုင်ငံရှိ Kimiko Nishimoto အမည်ရှိတဲ့အသက် ၈၉ နှစ်အရွယ်အမျိုးသမီးဟာ သူကိုယ့်သူ သူများနဲ့မတူတဲ့ဖန်တီးနိုင်စွမ်း နဲ့ သမားရိုးကျမဟုတ်တဲ့ထိပ်တန်းဓာတ်ပုံတွေကြောင့် Selfies ဘုရင်မ အဖြစ် ကမ္ဘာတစ်ဝှမ်းရဲ့ချစ်ခင်ခြင်းကိုခံနေရပါတယ်။Social media ပေါ် က သူမရဲ့သဘောကိချင်စရာကောင်းတဲ့ပုံတွေပျံ့နှံ့သွားပြီးနေက် ဂျပန်နိုင်ငံမှ အသက်၈၀ကျော်နဲ့၉၀အကြားရဲ့အင်တာနက်လူထုအသည်းစွဲဆုကို ရရှိခဲ့ရပါတယ်။တိုကျို မြို့ Shinjuku ဒေသရှိ ၈၉ နှစ်အရွယ်အဖွားဟာ သူမရဲ့ဖန်တီးမှုတစ်ချို့ကို Epson Imaging Gallery EpSITE မှာ ပြသဖို့စီစဉ်ထားတာကြောင့် သူမရဲ့ဒေသခံပရိတ်သတ်တွေက စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပါတယ်။

Kimiko Nishimoto ဟာ သူမရဲ့ဝါသနာကို ၁၇ နှစ်တာ စွဲလမ်းခဲ့တာကြောင့် ဓာတ်ပုံပညာမှာသူမနာမည်စာရင်းသွင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သားဖြစ်သူက သူမအသက် ၇၂ နှစ်အရွယ်မှာ အသေအချာသင်ကြားပေးခဲ့ပါတယ်။ဓာတ်ပုံပညာကို သူမ သဘောကျခဲ့ပြီး အခြားနည်းစနစ်သစ်တွေကိုလည်း လေ့လာသင်ယူခဲ့ပါတယ်။သူမဟာ ဓာတ်ပုံပညာမှာ ပိုထူးချွန်လာတာနဲ့အမျှ ထူးဆန်းတဲ့ဇာတ်ဆောင်တွေနဲ့ ဟာသဇာတ်လမ်းတွေကို ရိုက်ကူးနိုင်တဲ့လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။သူမရဲ့ပင်ကိုယ်စွမ်းရည်နဲ့ပေါင်းစပ်ပြီး အရမ်းမိုက်ပြီး ထူးဆန်းတဲ့ဓာတ်ပုံတွေကို ပုံဖော်ရိုက်ကူးနိုင်တာကြောင့် လူအများက သူမကို အတော်လေးသတိပြုမိလာကြပါတယ်။

Kumamoto Prefectural Museum of Art Museum ပြတိုက်မှာ သူမရဲ့ပထမဆုံးတစ်ကိုယ်တော်ဓာတ်ပုံပြပွဲကို သူမအသက်၈၂ နှစ်အရွယ်မှာ စတင်ပြုလုပ်ကျင်းပခဲ့ပါသေးတယ်။Kimiko Nishimoto ဟာ ပြီးခဲ့တဲ့နှစ်က Hitori ja naka yo (သင်တစ်ဦးတည်းမဟုတ်) ခေါင်းစဉ်ဖြင့် ပထမဆုံးသူမရဲ့ဓာတ်ပုံစုဆောင်းမှုစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး သူမရဲ့ပရိသတ်တွေကို နှစ်သိမ့်ရင်း စိတ်ကျေနပ်မှုတွေပေးခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment