ေဆာက္လုပ္ေနဆဲျဖစ္တဲ့ Hotelႀကီး ၿပိဳက်ပ်က္ဆီးလို႔ လူေတြထိခိုက္ဒဏ္ရာရ႐ွိခဲ့ျပီး အသက္ေဘးလုေျပးခဲ့ရတဲ့ (႐ုပ္/သံ)

အေမရိကန္ျပည္ေထာင္စုရဲ႕ Louisiana ျပည္နယ္မွာ႐ွိတဲ့ New Orleansၿမိဳ႕မွာ တည္ေဆာက္ေနဆဲျဖစ္တဲ့ Hard Rock Cafe ဟိုတယ္ႀကီးဟာ ၿပီးခဲ့တဲ့စေနေန႔မနက္ခင္းမွာ ၿပိဳက်ပ်က္ဆီးသြားခဲ့လို႔ လူေပါင္း18ေယာက္ေလာက္ထိခိုက္ဒဏ္ရာရ႐ွိခဲ့ၾကၿပီး ၊ အနည္းဆံုးတစ္ေယာက္ခန္႔ အသက္ေသဆံုးခဲ့ရေၾကာင္းသိ႐ွိရပါတယ္ ။ Video ထဲမွာေတာ့ေဆာက္လုပ္ေနတာ လေပါင္းမ်ားစြာၾကာျမင့္ေနၿပီျဖစ္တဲ့ အဆိုပါဟိုတယ္ႀကီးဟာ အေပၚဆံုးအထပ္ကေန Basin Street လမ္းမႀကီးေပၚသို႔ မနက္9နာရီအခ်ိန္မွာ ၿပိဳလဲက်သြားခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါအေဆာက္အအံုႀကီး ၿပိဳက်သြားခဲ့ရတဲ့အဓိကအေၾကာင္းအရင္းကိုေတာ့ မသိ႐ွိရေသးေပမဲ့လည္း ထိခိုက္ဒဏ္ရာရ႐ွိခဲ့ၾကတဲ့ လူေပါင္း18ေယာက္ခန္႔ဟာေဆးရံုတင္ထားခဲ့ရၿပီး ေနာက္ထပ္လူ 3ေယာက္မွာေတာ့ဆက္လက္႐ွာေဖြေနဆဲျဖစ္ပါတယ္ ။

ထို႔အျပင္မီးသတ္ဌာနမွတာဝန္႐ွိသူတစ္ဦး၏ေျပာျပခ်က္အရ အေဆာက္အဦး၏ 6လႊာ ႏွင့္ 8လႊာတို႔မွစၿပီး ၿပိဳက်ခဲ့တာျဖစ္ၿပီး ၊ အေဆာက္အဦးမွာ လက္႐ွိအခ်ိန္မွာေတာ့ မတည္ၿငိမ္ဘဲ မခိုင္မခံ့ျဖစ္ေနေသးၿပီး ဆက္ၿပီးၿပိဳက်ပ်က္စီးႏိုင္ေသးေၾကာင္း သိ႐ွိရပါတယ္ ။

မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္အရ ဝန္ခ်ီစက္ၾကီးေတြဟာအဆိုပါေနရာမွာ တြဲေလာင္းက်ေနခဲ့ၿပီး အလုပ္သမားေတြကေတာ့ အသက္႐ွင္လြတ္ေျမာက္ႏိုင္ဖို႔ အေတာ္ေလးႀကိဳးစားခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အမေရိကန်ပြည်ထောင်စုရဲ့ Louisiana ပြည်နယ်မှာရှိတဲ့ New Orleansမြို့မှာ တည်ဆောက်နေဆဲဖြစ်တဲ့ Hard Rock Cafe ဟိုတယ်ကြီးဟာ ပြီးခဲ့တဲ့စနေနေ့မနက်ခင်းမှာ ပြိုကျပျက်ဆီးသွားခဲ့လို့ လူပေါင်း18ယောက်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ၊ အနည်းဆုံးတစ်ယောက်ခန့် အသက်သေဆုံးခဲ့ရကြောင်းသိရှိရပါတယ် ။ Video ထဲမှာတော့ဆောက်လုပ်နေတာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ အဆိုပါဟိုတယ်ကြီးဟာ အပေါ်ဆုံးအထပ်ကနေ Basin Street လမ်းမကြီးပေါ်သို့ မနက်9နာရီအချိန်မှာ ပြိုလဲကျသွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအဆောက်အအုံကြီး ပြိုကျသွားခဲ့ရတဲ့အဓိကအကြောင်းအရင်းကိုတော့ မသိရှိရသေးပေမဲ့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ လူပေါင်း18ယောက်ခန့်ဟာဆေးရုံတင်ထားခဲ့ရပြီး နောက်ထပ်လူ 3ယောက်မှာတော့ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ် ။

ထို့အပြင်မီးသတ်ဌာနမှတာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ အဆောက်အဦး၏ 6လွှာ နှင့် 8လွှာတို့မှစပြီး ပြိုကျခဲ့တာဖြစ်ပြီး ၊ အဆောက်အဦးမှာ လက်ရှိအချိန်မှာတော့ မတည်ငြိမ်ဘဲ မခိုင်မခံ့ဖြစ်နေသေးပြီး ဆက်ပြီးပြိုကျပျက်စီးနိုင်သေးကြောင်း သိရှိရပါတယ် ။

မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ ဝန်ချီစက်ကြီးတွေဟာအဆိုပါနေရာမှာ တွဲလောင်းကျနေခဲ့ပြီး အလုပ်သမားတွေကတော့ အသက်ရှင်လွတ်မြောက်နိုင်ဖို့ အတော်လေးကြိုးစားခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေဆာက္လုပ္ေနဆဲျဖစ္တဲ့ Hotelႀကီး ၿပိဳက်ပ်က္ဆီးလို႔ လူေတြထိခိုက္ဒဏ္ရာရ႐ွိခဲ့ျပီး အသက္ေဘးလုေျပးခဲ့ရတဲ့ (႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*