ခ်စ္သူရဲ့နာမည္နဲ႔တက္တူးထိုးခဲ့ေပမယ့္ တစ္ပတ္အၾကာမွာဘဲ လမ္းခြဲခံလိုက္ရတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးရဲ့အျဖစ္

ငယ္ရြယ္ေသးတဲ့အခ်စ္ကို သင္တို့ၾကဳံဖူးပါသလား။၁၅ႏွစ္အရြယ္တုန္းက အခ်စ္ဦးလိုေပါ့။လူေတာ္ေတာ္မ်ားမ်ားဟာ သူတို့ရဲ့အထက္တန္းေက်ာင္းအခ်စ္ဇာတ္လမ္းေတြမွာ ဘယ္လိုေတာင္ကေလးဆန္ၿပီးမိုက္မဲတဲ့လုပ္ရပ္ေတြလုပ္ခဲ့ဖူးတာကို ျပန္ေတြးၾကည့္တိုင္း ရယ္ေမာေနၾကရပါလိမ့္မယ္။ဗီယက္နမ္နိုင္ငံရွိ ၁၆ ႏွစ္အရြယ္စုံတြဲတစ္တြဲဟာ မၾကာေသးခင္ကမွ ခ်ိန္းေတြ႕ခဲ့ၾကေပမဲ့လည္း သူတို့ရဲ့ခ်စ္ျခင္းေမတၱာဟာ ထာဝရျဖစ္ေၾကာင္းနဲ႔သူတို့တစ္သက္တာလုံးအတူတကြေနထိုင္သြားၾကမယ္လို့ ရဲရဲရင့္ရင့္ေႂကြးေၾကာ္ေနခဲ့ၾကပါတယ္။သူတို့ရဲ့ ထာဝရခ်စ္ျခင္းေမတၱာကို တရားဝင္ေၾကာညာတဲ့အေနနဲ႔ ေကာင္ေလးဟာ သူ႔ရည္းစားရဲ့နာမည္ နဲ႔ သူတို့စတြဲတဲ့ရက္စြဲကို သူ႔ရဲ့လက္ေမာင္းမွာ တက္တူးထိုးဖို့ တက္တူးဆရာအား အျပင္းအထန္ေတာင္းဆိုခဲ့ပါတယ္တဲ့။

အဆိုပါတက္တူးဆရာက ေကာင္ေလးကို မထိုးဖို့ အမ်ိဳးမ်ိဳးႀကိဳးစားေဖ်ာင္းဖ်ခဲ့ေပမယ့္လည္း အရာမေရာက္ခဲ့ပါဘူး။ကံမေကာင္းခ်င္ေတာ့ တစ္ပတ္အၾကာမွာဘဲ အဆိုပါေကာင္ေလးဟာ သူ႔ရည္းစားနဲ႔လမ္းခြဲခဲ့ၿပီး တက္တူးဆရာဆီ စိတ္ထိခိုက္ေၾကကြဲရင္းျပန္လာခဲ့ပါတယ္တဲ့။သူဟာ လက္ေမာင္းမွာထိုးခဲ့တဲ့တက္တူးကို ဖယ္ရွားပစ္ခ်င္ခဲ့ၿပီး အေတာ္အသင့္ေလာက္ႀကီးေနတဲ့တက္တူးကို ဖယ္ရွားဖို့ဆိုတာေစ်းႀကီး႐ုံသာမက အေတာ္ေလးလည္းအသားနာမွာပါ။

အင္တာနက္သုံးစြဲသူေတြက အဆိုပါေကာင္ေလးရဲ့အေျခအေနအရ သူဟာဘဝအေတြ႕အၾကဳံမရွိေသးသလို ဒီလိုအျဖစ္အပ်က္ေတြကလည္း လူငယ္ေတာ္ေတာ္မ်ားမ်ားမွာသာေတြ႕ရေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။တက္တူးဆိုတဲ့အရာက အျမဲထာဝရအတြက္ျဖစ္တာေၾကာင့္ သင့္ရဲ့ခ်စ္ရသူထက္ သင့္အိမ္ေမြးတိရိစၧာန္ေလးရဲ့ပုံေတြကို အမွတ္တရအျဖစ္တက္တူးထိုးဖို့သာ ပိုအႀကံျပဳခ်င္ပါတယ္။အနည္းဆုံးေတာ့ သင့္ရဲ့အိမ္ေမြးတိရိစၧာန္ေလးက သင့္ရဲ့ခ်စ္ျခင္းေမတၱာေတြကို ထာဝရနဲ႔အႂကြင္းမဲ့ျပန္ခ်စ္ေပးလိမ့္မယ္ဆိုတာကို သင္လည္းသိေနမွာပါ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ငယ်ရွယ်သေးတဲ့အချစ်ကို သင်တို့ကြုံဖူးပါသလား။၁၅နှစ်အရွယ်တုန်းက အချစ်ဦးလိုပေါ့။လူတော်တော်များများဟာ သူတို့ရဲ့အထက်တန်းကျောင်းအချစ်ဇာတ်လမ်းတွေမှာ ဘယ်လိုတောင်ကလေးဆန်ပြီးမိုက်မဲတဲ့လုပ်ရပ်တွေလုပ်ခဲ့ဖူးတာကို ပြန်တွေးကြည့်တိုင်း ရယ်မောနေကြရပါလိမ့်မယ်။ဗီယက်နမ်နိုင်ငံရှိ ၁၆ နှစ်အရွယ်စုံတွဲတစ်တွဲဟာ မကြာသေးခင်ကမှ ချိန်းတွေ့ခဲ့ကြပေမဲ့လည်း သူတို့ရဲ့ချစ်ခြင်းမေတ္တာဟာ ထာဝရဖြစ်ကြောင်းနဲ့သူတို့တစ်သက်တာလုံးအတူတကွနေထိုင်သွားကြမယ်လို့ ရဲရဲရင့်ရင့်ကြွေးကြော်နေခဲ့ကြပါတယ်။သူတို့ရဲ့ ထာဝရချစ်ခြင်းမေတ္တာကို တရားဝင်ကြောညာတဲ့အနေနဲ့ ကောင်လေးဟာ သူ့ရည်းစားရဲ့နာမည် နဲ့ သူတို့စတွဲတဲ့ရက်စွဲကို သူ့ရဲ့လက်မောင်းမှာ တက်တူးထိုးဖို့ တက်တူးဆရာအား အပြင်းအထန်တောင်းဆိုခဲ့ပါတယ်တဲ့။

အဆိုပါတက်တူးဆရာက ကောင်လေးကို မထိုးဖို့ အမျိုးမျိုးကြိုးစားဖျောင်းဖျခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ကံမကောင်းချင်တော့ တစ်ပတ်အကြာမှာဘဲ အဆိုပါကောင်လေးဟာ သူ့ရည်းစားနဲ့လမ်းခွဲခဲ့ပြီး တက်တူးဆရာဆီ စိတ်ထိခိုက်ကြေကွဲရင်းပြန်လာခဲ့ပါတယ်တဲ့။သူဟာ လက်မောင်းမှာထိုးခဲ့တဲ့တက်တူးကို ဖယ်ရှားပစ်ချင်ခဲ့ပြီး အတော်အသင့်လောက်ကြီးနေတဲ့တက်တူးကို ဖယ်ရှားဖို့ဆိုတာဈေးကြီးရုံသာမက အတော်လေးလည်းအသားနာမှာပါ။

အင်တာနက်သုံးစွဲသူတွေက အဆိုပါကောင်လေးရဲ့အခြေအနေအရ သူဟာဘဝအတွေ့အကြုံမရှိသေးသလို ဒီလိုအဖြစ်အပျက်တွေကလည်း လူငယ်တော်တော်များများမှာသာတွေ့ရကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။တက်တူးဆိုတဲ့အရာက အမြဲထာဝရအတွက်ဖြစ်တာကြောင့် သင့်ရဲ့ချစ်ရသူထက် သင့်အိမ်မွေးတိရိစ္ဆာန်လေးရဲ့ပုံတွေကို အမှတ်တရအဖြစ်တက်တူးထိုးဖို့သာ ပိုအကြံပြုချင်ပါတယ်။အနည်းဆုံးတော့ သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးက သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ထာဝရနဲ့အကြွင်းမဲ့ပြန်ချစ်ပေးလိမ့်မယ်ဆိုတာကို သင်လည်းသိနေမှာပါ။

Mia (Mckzone Daily)

  • Leave a Comment