အလွျပင္ဆိုင္မွာမ်က္ေတာင္ေကာ္သုံးခဲ့ၿပီးေနာက္ မ်က္လုံးတစ္ဖက္မျမင္ရေတာ့တာေၾကာင့္ တရားစြဲဖို႔လုပ္ေနခဲ့တဲ့မိန္းကေလး

Brazil နိုင္ငံ Rondonia ျပည္နယ္ရွိ အသက္ ၄၁ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ Porto Velhoၿမိဳ့ကအလွျပင္ဆိုင္တစ္ဆိုင္မွာ မွားယြင္းတဲ့မ်က္ေတာင္ေကာ္ သုံးခဲ့ၿပီးေနာက္ သူမမ်က္လုံးေတြကို ထိခိုက္သြားေစခဲ့ပါတယ္။သူမဟာ ေနာက္ပိုင္း သူမရဲ့အမာရြတ္မ်က္ႏွာဓာတ္ပုံေတြကိုမၽွေဝခဲ့ၿပီး သူမရဲ့မ်က္လုံးတစ္ဖက္ကိုအသုံးျပဳဖို့လုံးဝဆုံးရွုံးခဲ့ရတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး လုပ္ထုံးလုပ္နည္းအတိုင္းတရားစြဲဆိုမွုေတြျပဳလုပ္သြားမယ္လို့ အခိုင္အမာေျပာခဲ့ပါတယ္။Brazilian သတင္းအရ အဆိုပါအမ်ိဳးသမီးဟာ သူမမ်က္လုံးကိစၥအျပည့္အစုံကို ရဲတပ္ဖြဲ႕ႏွင့္က်န္းမာေရးတာဝန္ရွိသူေတြထံ တိုင္တန္းထားပါတယ္။သူမဟာ အလွျပင္ဆိုင္ဝန္ထမ္းေတြကို သူမညာဘက္မ်က္လုံးက ဘာမွမျမင္နိုင္ေတာ့ေၾကာင္း နဲ႔ သူမရဲ့ဘယ္ဘက္မ်က္လုံးကလည္း အျမင္အာ႐ုံေဝဝါးေနေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္။

အဲ့ဒီေနာက္ သူမအလွျပင္ဆိုင္မွထြက္ၿပီး အိမ္သို့ျပန္သြားခဲ့ေပမဲ့လည္း နာက်င္မွုကမသက္သာတဲ့အတြက္ အနီးအနားကက်န္းမာေရးေဆးခန္းတစ္ခုမွာ အေရးေပၚေဆးကုသမွုခံယူခဲ့ရပါတယ္။သူမရဲ့ အစ္မအရင္းက စာနယ္ဇင္းသမားေတြနဲ႔စကားေျပာခဲ့ၿပီးအဲ့ဒီအခ်ိန္က ညီမျဖစ္သူအား အလွအပဆိုင္ရာပေရာ္ဖက္ရွင္နယ္က်တဲ့လူနဲ႔ မလုပ္ေပးခဲ့ေၾကာင္း ေဝဖန္ေျပာဆိုခဲ့ပါတယ္။အကယ္လို့သူမ ေဆး႐ုံကိုခ်က္ခ်င္းလာျပနိုင္ရင္ ျဖစ္ပြါးခဲ့တဲ့ပ်က္စီးမွုကို ေရွာင္ရွားနိုင္လိမ့္မယ္လို့ ဆရာဝန္က ေျပာၾကားခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ ေဒါသထြက္ေနတဲ့အစ္မျဖစ္သူက ညီမျဖစ္သူကိစၥအား အာဏာပိုင္ေတြထံတိုင္ၾကားခ်က္ေပးပို့ထားၿပီး အဆိုပါကိစၥကိုကိုင္တြယ္ဖို့ ေရွ႕ေနတစ္ဦးကိုလည္း ဌားရမ္းထားပါေသးတယ္။

Brazilian သတင္းစာက အလွျပင္ဆိုင္ကိုေမးခြန္းေမးဖို့ ႀကိဳးစားဆက္သြယ္ခဲ့ေပမယ့္ တုန႔္ျပန္လာျခင္းမရွိေသးပါဘူး။ထိခိုက္ဒဏ္ရာရရွိသူရဲ့အျဖစ္အပ်က္နဲ႔သက္ဆိုင္တဲ့သက္ေသအေထာက္အထားေတြကိုေတာ့ ကၽြန္ေတာ္တို့ အတိအက်မသိရေသးပါဘူး။အဆိုပါအမ်ိဳးသမီးရဲ့ဒဏ္ရာက အျမဲတမ္းရွိမရွိကိုလည္းေသခ်ာမသိရေသးပါဘူး။

Mia (Mckzone Daily)

Source : ladbible

Unicode

Brazil နိုင်ငံ Rondonia ပြည်နယ်ရှိ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ Porto Velhoမြို့ကအလှပြင်ဆိုင်တစ်ဆိုင်မှာ မှားယွင်းတဲ့မျက်တောင်ကော် သုံးခဲ့ပြီးနောက် သူမမျက်လုံးတွေကို ထိခိုက်သွားစေခဲ့ပါတယ်။သူမဟာ နောက်ပိုင်း သူမရဲ့အမာရွတ်မျက်နှာဓာတ်ပုံတွေကိုမျှဝေခဲ့ပြီး သူမရဲ့မျက်လုံးတစ်ဖက်ကိုအသုံးပြုဖို့လုံးဝဆုံးရှုံးခဲ့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအတိုင်းတရားစွဲဆိုမှုတွေပြုလုပ်သွားမယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။Brazilian သတင်းအရ အဆိုပါအမျိုးသမီးဟာ သူမမျက်လုံးကိစ္စအပြည့်အစုံကို ရဲတပ်ဖွဲ့နှင့်ကျန်းမာရေးတာဝန်ရှိသူတွေထံ တိုင်တန်းထားပါတယ်။သူမဟာ အလှပြင်ဆိုင်ဝန်ထမ်းတွေကို သူမညာဘက်မျက်လုံးက ဘာမှမမြင်နိုင်တော့ကြောင်း နဲ့ သူမရဲ့ဘယ်ဘက်မျက်လုံးကလည်း အမြင်အာရုံဝေဝါးနေကြောင်း ပြောဆိုခဲ့ပါသေးတယ်။

အဲ့ဒီနောက် သူမအလှပြင်ဆိုင်မှထွက်ပြီး အိမ်သို့ပြန်သွားခဲ့ပေမဲ့လည်း နာကျင်မှုကမသက်သာတဲ့အတွက် အနီးအနားကကျန်းမာရေးဆေးခန်းတစ်ခုမှာ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါတယ်။သူမရဲ့ အစ်မအရင်းက စာနယ်ဇင်းသမားတွေနဲ့စကားပြောခဲ့ပြီးအဲ့ဒီအချိန်က ညီမဖြစ်သူအား အလှအပဆိုင်ရာပရော်ဖက်ရှင်နယ်ကျတဲ့လူနဲ့ မလုပ်ပေးခဲ့ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။အကယ်လို့သူမ ဆေးရုံကိုချက်ချင်းလာပြနိုင်ရင် ဖြစ်ပွါးခဲ့တဲ့ပျက်စီးမှုကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ဆရာဝန်က ပြောကြားခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ဒေါသထွက်နေတဲ့အစ်မဖြစ်သူက ညီမဖြစ်သူကိစ္စအား အာဏာပိုင်တွေထံတိုင်ကြားချက်ပေးပို့ထားပြီး အဆိုပါကိစ္စကိုကိုင်တွယ်ဖို့ ရှေ့နေတစ်ဦးကိုလည်း ဌားရမ်းထားပါသေးတယ်။

Brazilian သတင်းစာက အလှပြင်ဆိုင်ကိုမေးခွန်းမေးဖို့ ကြိုးစားဆက်သွယ်ခဲ့ပေမယ့် တုန့်ပြန်လာခြင်းမရှိသေးပါဘူး။ထိခိုက်ဒဏ်ရာရရှိသူရဲ့အဖြစ်အပျက်နဲ့သက်ဆိုင်တဲ့သက်သေအထောက်အထားတွေကိုတော့ ကျွန်တော်တို့ အတိအကျမသိရသေးပါဘူး။အဆိုပါအမျိုးသမီးရဲ့ဒဏ်ရာက အမြဲတမ်းရှိမရှိကိုလည်းသေချာမသိရသေးပါဘူး။

Mia (Mckzone Daily)

  • Leave a Comment