၅ႏွစ္အတြင္း ၄၆၂သိန္းဖိုးကုန္က်တဲ့ေရာင္စုံတက္တူးကို ခႏၶာကိုယ္တစ္ခုလုံးနီးပါးအျပည့္ထိုးခဲ့ၿပီး ေဂၚထြက္ေနခဲ့တဲ့ အဖြား

ဂ်ာမနီနိုင္ငံ Leipzigၿမိဳ့က အသက္၅၅ႏွစ္အရြယ္ Kerstin Tristanအမည္ရွိတဲ့အမ်ိဳးသမီးတစ္ဦးဟာ ၿပီးခဲ့တဲ့၅ႏွစ္တာကာလအတြင္း သူမရဲ့ခႏၶာကိုယ္တစ္ခုလုံးနီးပါးကို ေဒၚလာ ၃၅,၀၀၀( ၄၆၂ သိန္း)ေလာက္ကုန္က်တဲ့ေရာင္စုံတက္တူးေတြနဲ႔ ဖုံးအုပ္ထားေစခဲ့ပါတယ္။တကၠစီဒရိုင္ဘာအလုပ္ကိုဘဝတစ္ေလၽွာက္လုံးလုပ္ကိုင္လာခဲ့တဲ့ Kerstinဟာ ၂၀၁၅ခုႏွစ္မွာ သူမဘဝကို အေရာင္ေလးအနည္းနည္းထည့္ၾကည့္ဖို့ သူမရဲ့ပထမဆုံးေရာင္စုံတက္တူးကို လက္ေမာင္းမွာ စထိုးခဲ့ပါတယ္။ထို့ေနာက္ Kerstinဟာ လြန္ခဲ့တဲ့၅ႏွစ္တာကာလအတြင္း လက္ေမာင္းကတက္တူးအစ ေရာင္စုံတဲ့ခႏၶာကိုယ္အထိကို ပိုက္ဆံအေျမာက္အမ်ားအကုန္ခံေစခဲ့ၿပီး သူမကိုၾကည့္ပုံအရ တက္တူးထိုးျခင္းကို ရပ္တန္႔သြားဖို့စိတ္ကူးလည္း မရွိေသးပုံပါဘဲ။

Kerstinက သူမဟာ အရင္ကထက္ပိုေပ်ာ္ၿပီး ေရာင္စုံတက္တူးေတြက သူမအတြက္ ေပ်ာ္ရႊင္မွုနဲ႔စြမ္းအင္ေတြသယ္ေဆာင္လာေပးေၾကာင္း ဆိုထားပါတယ္။အဆိုပါေရာင္စုံတက္တူးေတြက သူမရဲ့Instagramကို followerေတြထိုးေစခဲ့ၿပီး တက္တူးပရိသတ္ေတြကိုလည္း အခိုင္အမာရရွိေစခဲ့ပါတယ္။လည္ပင္းမွေျခေခ်ာင္းေတြအထိေရာင္စုံတက္တူးနဲ႔အသက္၅၅ႏွစ္အရြယ္သူမကို ျမင္ရတာယုံၾကည္ဖို့ခဲယဥ္းေပမဲ့ Kerstinဟာ သူမရဲ့ေရာင္စုံတက္တူးမရွိခင္တုန္းကပုံကို သူမကိုယ္တိုင္ပုံမွန္မၽွေဝေသးေနၿပီး တကယ့္ကို တစ္ျခားလူတစ္ေယာက္အတိုင္းလုံးဝကြဲျပားျခားနားေနခဲ့ပါတယ္။

လူအမ်ားရဲ့အျမင္မွာ သူမရဲ့တက္တူးေတြက ၾကည့္လို့မေကာင္းသလို အရမ္းမ်ားေနပုံထင္ရေပမဲ့ Kerstin ဟာ အဆိုပါေရာင္စုံတက္တူးေတြက သူမရဲ့အတြင္းစိတ္ကခံစားခ်က္နဲ႔အံ့ဝင္ခြင္က်ျဖစ္ေနေၾကာင္း ေနာက္ဆုံးေျဖၾကားေပးခဲ့ပါတယ္။အသက္ႀကီးသြားလည္း တစ္ျခားလူရဲ့အျမင္ကို ဂ႐ုမစိုက္ဘဲ တစ္ကိုယ္လုံးတက္တူးအျပည့္ထိုးရဲတဲ့သတၱိကေတာ့ ေလးစားစရာပါဘဲ။

Mia (Mckzone Daily)

Source : odditycentral

Unicode

ဂျာမနီနိုင်ငံ Leipzigမြို့က အသက်၅၅နှစ်အရွယ် Kerstin Tristanအမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့၅နှစ်တာကာလအတွင်း သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဒေါ်လာ ၃၅,၀၀၀( ၄၆၂ သိန်း)လောက်ကုန်ကျတဲ့ရောင်စုံတက်တူးတွေနဲ့ ဖုံးအုပ်ထားစေခဲ့ပါတယ်။တက္ကစီဒရိုင်ဘာအလုပ်ကိုဘဝတစ်လျှောက်လုံးလုပ်ကိုင်လာခဲ့တဲ့ Kerstinဟာ ၂၀၁၅ခုနှစ်မှာ သူမဘဝကို အရောင်လေးအနည်းနည်းထည့်ကြည့်ဖို့ သူမရဲ့ပထမဆုံးရောင်စုံတက်တူးကို လက်မောင်းမှာ စထိုးခဲ့ပါတယ်။ထို့နောက် Kerstinဟာ လွန်ခဲ့တဲ့၅နှစ်တာကာလအတွင်း လက်မောင်းကတက်တူးအစ ရောင်စုံတဲ့ခန္ဓာကိုယ်အထိကို ပိုက်ဆံအမြောက်အများအကုန်ခံစေခဲ့ပြီး သူမကိုကြည့်ပုံအရ တက်တူးထိုးခြင်းကို ရပ်တန့်သွားဖို့စိတ်ကူးလည်း မရှိသေးပုံပါဘဲ။

Kerstinက သူမဟာ အရင်ကထက်ပိုပျော်ပြီး ရောင်စုံတက်တူးတွေက သူမအတွက် ပျော်ရွှင်မှုနဲ့စွမ်းအင်တွေသယ်ဆောင်လာပေးကြောင်း ဆိုထားပါတယ်။အဆိုပါရောင်စုံတက်တူးတွေက သူမရဲ့Instagramကို followerတွေထိုးစေခဲ့ပြီး တက်တူးပရိသတ်တွေကိုလည်း အခိုင်အမာရရှိစေခဲ့ပါတယ်။လည်ပင်းမှခြေချောင်းတွေအထိရောင်စုံတက်တူးနဲ့အသက်၅၅နှစ်အရွယ်သူမကို မြင်ရတာယုံကြည်ဖို့ခဲယဉ်းပေမဲ့ Kerstinဟာ သူမရဲ့ရောင်စုံတက်တူးမရှိခင်တုန်းကပုံကို သူမကိုယ်တိုင်ပုံမှန်မျှဝေသေးနေပြီး တကယ့်ကို တစ်ခြားလူတစ်ယောက်အတိုင်းလုံးဝကွဲပြားခြားနားနေခဲ့ပါတယ်။

လူအများရဲ့အမြင်မှာ သူမရဲ့တက်တူးတွေက ကြည့်လို့မကောင်းသလို အရမ်းများနေပုံထင်ရပေမဲ့ Kerstin ဟာ အဆိုပါရောင်စုံတက်တူးတွေက သူမရဲ့အတွင်းစိတ်ကခံစားချက်နဲ့အံ့ဝင်ခွင်ကျဖြစ်နေကြောင်း နောက်ဆုံးဖြေကြားပေးခဲ့ပါတယ်။အသက်ကြီးသွားလည်း တစ်ခြားလူရဲ့အမြင်ကို ဂရုမစိုက်ဘဲ တစ်ကိုယ်လုံးတက်တူးအပြည့်ထိုးရဲတဲ့သတ္တိကတော့ လေးစားစရာပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment