ဆပ္ကပ္ေလာကမွာဘဲ ဘဝအခ်ိန္ကုန္ဆုံးခဲ့ရၿပီး ေနာက္ဆံုး ေနေရာင္ျခည္ေအာက္မွာ ေရမိုးခ်ိဳးရင္းဇိမ္ခံခြင့္ရခဲ့တဲ့ အၿငိမ္းစားဝက္ဝံႀကီး(႐ုပ္သံ)

ဆပ္ကပ္ေလာကမွာဘဲ သူ႔ရဲ့ဘဝအခ်ိန္ေတာ္ေတာ္မ်ားမ်ားကုန္ဆုံးခဲ့ရတဲ့အသက္ႀကီးႀကီးဝက္ဝံတစ္ေကာင္ဟာ အၿငိမ္းစားယူၿပီးေနာက္မွာ ေရမိုးခ်ိဳးရင္း ေရစိုစိုနဲ႔ေနေရာင္ျခည္ေအာက္မွာ ေအးေဆးဇိမ္ခံေနခဲ့တဲ့ပုံကို ဝန္ထမ္းေတြက ရိုက္ယူေပးခဲ့ပါတယ္။ Toshkaလို့ေခၚတဲ့အဆိုပါဝက္ဝံဟာ လူေတြအတြက္ လွည့္ကြက္အဆန္းေတြျပဳလုပ္ေပးရင္း ဆပ္ကပ္ေလာကမွာ ၂၅ႏွစ္ခန္႔လုပ္ကိုင္ခဲ့ရတာပါ။ဒါေပမဲ့ “ျပန္လည္ထူေထာင္ေရးနဲ႔ဘဝေထာက္ပံ့ေရး”အတြက္ မၾကာေသးခင္ကမွ Ukraineနိုင္ငံ Satanovအေျခခ်စခန္းရဲ့ဌာနတစ္ခုကို ေျပာင္းေရြ႕လာခဲ့တာပါ။ၿပီးခဲ့တဲ့လက ရိုက္ကူးခဲ့တဲ့ဗီဒီယိုမွာ Toshka ဟာ ေျမႀကီးေပၚေအးေဆးထိုင္ၿပီး သူ႔ကိုပတ္ျဖန္းလာတဲ့ေရကိုလၽွာနဲ႔ လ်က္ရင္း သူ႔ေျခေထာက္ကိုကုတ္ေနတာကို ေတြ႕ရမွာပါ။

Ukraineနိုင္ငံရဲ့အပူခ်ိန္က ၃၅စင္တီဂရိတ္အထိရွိေနတာေၾကာင့္ ေရေအးဟာ သူ႔အတြက္အေတာ္ေလးအဆင္ေျပေနပါတယ္။သူ႔ကိုၾကည့္ရွုေစာင့္ေရွာက္ေပးတဲ့ဝန္ထမ္းတစ္ဦးက ေနပူထဲေရခ်ိဳးရတာကသူ႔ရဲ့အႀကိဳက္ဆုံးအပန္းေျဖမွုျဖစ္တယ္လို့ဆိုထားၿပီး ထို့ေနာက္ သူတို့က” သူက သူ႔ဘဝအခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုကုန္ဆုံးခဲ့ရတဲ့ဆပ္ကပ္ျပဝက္ဝံတစ္ေကာင္ပါ။သူ႔ရဲ့ေနာက္ဆုံးပိုင္ရွင္က ျပန္လည္ထူေထာင္ေရးနဲ႔ေထာက္ပံ့ေရးအတြက္ ကၽြန္မတို့ဆီကို ပို့ခဲ့တာ”လို့လည္းထပ္မံေျပာဆိုထားပါေသးတယ္။

Toshkaဟာ ဆပ္ကပ္ေလာကမွာႏွစ္ေပါင္းမ်ားစြာက်င္လည္ခဲ့ရၿပီး လူေတြကိုအရမ္းေၾကာက္လန္႔ေနခဲ့ရတာေၾကာင့္ စစေရာက္ခ်င္း ခ်ဳံပုတ္ထဲမွာဘဲ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ႏွစ္ပတ္အၾကာ ပုန္းေနခဲ့ပါတယ္။ဒါေပမဲ့ ဝန္ထမ္းေတြရဲ့ဂ႐ုစိုက္ေပးမွုနဲ႔အာ႐ုံစိုက္ေပးမွုေတြက သူ႔ရဲ့ေၾကာက္စိတ္ကို ေျပေလ်ာ့သြားေစခဲ့ပါတယ္။အခုေတာ့ သူ႔ရဲ့အိမ္အသစ္မွာ အဆင္ေျပေနၿပီး ေနေရာင္ျခည္ေအာက္မွာ နာရီေပါင္းမ်ားစြာထိုင္ရင္းအခ်ိန္ျဖဳန္းဖို့လည္း အဆင္သင့္ျဖစ္ေနပါၿပီ။

Mia (Mckzone Daily)

Source : ladbible

Unicode

ဆပ်ကပ်လောကမှာဘဲ သူ့ရဲ့ဘဝအချိန်တော်တော်များများကုန်ဆုံးခဲ့ရတဲ့အသက်ကြီးကြီးဝက်ဝံတစ်ကောင်ဟာ အငြိမ်းစားယူပြီးနောက်မှာ ရေမိုးချိုးရင်း ရေစိုစိုနဲ့နေရောင်ခြည်အောက်မှာ အေးဆေးဇိမ်ခံနေခဲ့တဲ့ပုံကို ဝန်ထမ်းတွေက ရိုက်ယူပေးခဲ့ပါတယ်။ Toshkaလို့ခေါ်တဲ့အဆိုပါဝက်ဝံဟာ လူတွေအတွက် လှည့်ကွက်အဆန်းတွေပြုလုပ်ပေးရင်း ဆပ်ကပ်လောကမှာ ၂၅နှစ်ခန့်လုပ်ကိုင်ခဲ့ရတာပါ။ဒါပေမဲ့ “ပြန်လည်ထူထောင်ရေးနဲ့ဘဝထောက်ပံ့ရေး”အတွက် မကြာသေးခင်ကမှ Ukraineနိုင်ငံ Satanovအခြေချစခန်းရဲ့ဌာနတစ်ခုကို ပြောင်းရွေ့လာခဲ့တာပါ။ပြီးခဲ့တဲ့လက ရိုက်ကူးခဲ့တဲ့ဗီဒီယိုမှာ Toshka ဟာ မြေကြီးပေါ်အေးဆေးထိုင်ပြီး သူ့ကိုပတ်ဖြန်းလာတဲ့ရေကိုလျှာနဲ့ လျက်ရင်း သူ့ခြေထောက်ကိုကုတ်နေတာကို တွေ့ရမှာပါ။

Ukraineနိုင်ငံရဲ့အပူချိန်က ၃၅စင်တီဂရိတ်အထိရှိနေတာကြောင့် ရေအေးဟာ သူ့အတွက်အတော်လေးအဆင်ပြေနေပါတယ်။သူ့ကိုကြည့်ရှုစောင့်ရှောက်ပေးတဲ့ဝန်ထမ်းတစ်ဦးက နေပူထဲရေချိုးရတာကသူ့ရဲ့အကြိုက်ဆုံးအပန်းဖြေမှုဖြစ်တယ်လို့ဆိုထားပြီး ထို့နောက် သူတို့က” သူက သူ့ဘဝအချိန်တော်တော်များများကိုကုန်ဆုံးခဲ့ရတဲ့ဆပ်ကပ်ပြဝက်ဝံတစ်ကောင်ပါ။သူ့ရဲ့နောက်ဆုံးပိုင်ရှင်က ပြန်လည်ထူထောင်ရေးနဲ့ထောက်ပံ့ရေးအတွက် ကျွန်မတို့ဆီကို ပို့ခဲ့တာ”လို့လည်းထပ်မံပြောဆိုထားပါသေးတယ်။

Toshkaဟာ ဆပ်ကပ်လောကမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့ရပြီး လူတွေကိုအရမ်းကြောက်လန့်နေခဲ့ရတာကြောင့် စစရောက်ချင်း ချုံပုတ်ထဲမှာဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နှစ်ပတ်အကြာ ပုန်းနေခဲ့ပါတယ်။ဒါပေမဲ့ ဝန်ထမ်းတွေရဲ့ဂရုစိုက်ပေးမှုနဲ့အာရုံစိုက်ပေးမှုတွေက သူ့ရဲ့ကြောက်စိတ်ကို ပြေလျော့သွားစေခဲ့ပါတယ်။အခုတော့ သူ့ရဲ့အိမ်အသစ်မှာ အဆင်ပြေနေပြီး နေရောင်ခြည်အောက်မှာ နာရီပေါင်းများစွာထိုင်ရင်းအချိန်ဖြုန်းဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။

Mia (Mckzone Daily)

Be the first to comment on "ဆပ္ကပ္ေလာကမွာဘဲ ဘဝအခ်ိန္ကုန္ဆုံးခဲ့ရၿပီး ေနာက္ဆံုး ေနေရာင္ျခည္ေအာက္မွာ ေရမိုးခ်ိဳးရင္းဇိမ္ခံခြင့္ရခဲ့တဲ့ အၿငိမ္းစားဝက္ဝံႀကီး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*