ေမြးေန႔မွာ ရထားတဲ့မုန္႔ဖိုးေတြနဲ႔ မိခင္အတြက္ ေရႊလက္စြပ္တစ္ကြင္း ဝယ္ေပးခဲ့တဲ့ ကေလးငယ္ (႐ုပ္သံ)

အသက္၆ႏွစ္အရြယ္သာရွိေသးတဲ့ Afiq အမည္ရွိေကာင္ေလးတစ္ဦးဟာ သူ႔ကိုယ္ပိုင္ပိုက္ဆံနဲ႔ မိခင္အားလက္ေဆာင္ေပးရင္း သူ႔ရဲ့အခ်စ္နဲ႔တန္ဖိုးထားမွုကို ေဖာ္ျပခဲ့ပါတယ္။မေလးရွားနိုင္ငံ Kota Kinabaluၿမိဳ့မွာေနထိုင္တဲ့ Afiq ဟာ သူ႔ေမြးေန႔မွာ ေမြးေန႔ဖိုးပိုက္ဆံရခဲ့ၿပီး တစ္ေန႔မွာ Afiq ဟာ သူ႔အေဖ၊သူ႔အစ္ကိုနဲ႔အတူ ဆံပင္ညႇပ္ဖို့သြားခဲ့ရင္း ဆံပင္ညႇပ္ဆိုင္ေရွ႕က ရတနာေရႊဆိုင္တစ္ဆိုင္ကိုသတိထားမိသြားခဲ့ပါတယ္တဲ့။ထို့ေနာက္ Afiq က သူ႔ရဲ့အေဖကို ေရႊဆိုင္ေရွ႕ဆြဲေခၚသြားၿပီး သူ႔အေမအတြက္ လက္ေဆာင္ဝယ္ေပးခ်င္ေၾကာင္း ေျပာခဲ့ပါတယ္တဲ့။Afiq ဟာ သူ႔ေမြးေန႔မွာ ရရွိခဲ့တဲ့ ရင္းဂစ္ ၇၀ ပမာဏေလာက္ကိုအသုံးျပဳၿပီး Afiq ဟာ သူရဲ့မိခင္ကိုေရႊလက္စြပ္တစ္ကြင္းဝယ္ေပးခဲ့ပါတယ္။

Sumarnie ရဲ့ခင္ပြန္းက WhatsApp ကေန သူမကို အေၾကာင္းၾကားၿပီး ဒီကိစၥနဲ႔ပတ္သတ္ၿပီး သူမကို မသိခ်င္ေယာင္ေဆာင္ေနဖို့ ေျပာခဲ့ပါတယ္။သူတို့ရဲ့ဘတ္ဂ်က္က ရင္းဂစ္ ၃၀၀(၉ေသာင္းေက်ာ္) ဘဲပါတာေၾကာင့္ ရင္းဂစ္ ၂၆၀ (၈ေသာင္းေက်ာ္)ကုန္က်တဲ့ေရႊလက္စြပ္ကိုေရြးလိုက္ၿပီး Afiq လည္း ရင္းဂစ္ ၇၀(၂ေသာင္းေက်ာ္)စိုက္ေပးခဲ့တယ္လို့ ခင္ပြန္းျဖစ္သူက ေျပာျပခဲ့ပါတယ္။Afiqေလးက သူ႔အေမအတြက္ လက္စြပ္ကို ကိုယ္တိုင္ေတာင္ ေအးေဆးထိုင္ေရြးေပးေနပါေသးတယ္။

Sumarnie က Afiqေလးစိတ္လွုပ္ရွားၿပီး သူမအားလက္ေဆာင္ေနေပးတဲ့ဗီဒီယိုကို မၽွေဝခဲ့ပါေသးတယ္။Sumarnie က Afiq ေလးအတြက္အရမ္းဂုဏ္ယူေနခဲ့ၿပီး သူမရဲ့ Facebook post မွာလည္း Shares ၈,၂၀၀ ေက်ာ္ရရွိခဲ့ေၾကာင္းေျပာၾကားခဲ့ပါတယ္။Afiq ေလးဟာ တကယ့္ကို ခ်ိဳသာတဲ့ေကာင္ေလးျဖစ္သလို မိဘအေပၚၾကင္နာၿပီးဂ႐ုစိုက္တတ္မွုနဲ႔ တန္ဖိုးထားတတ္မွုကို အျမဲျပသေပးေနမဲ့လူတစ္ေယာက္ျဖစ္လာနိုင္မွာပါ။ဘယ္လိုေတာင္ ခ်စ္ဖို့ေကာင္းတဲ့ေကာင္ေလးပါလားေနာ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အသက်၆နှစ်အရွယ်သာရှိသေးတဲ့ Afiq အမည်ရှိကောင်လေးတစ်ဦးဟာ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ မိခင်အားလက်ဆောင်ပေးရင်း သူ့ရဲ့အချစ်နဲ့တန်ဖိုးထားမှုကို ဖော်ပြခဲ့ပါတယ်။မလေးရှားနိုင်ငံ Kota Kinabaluမြို့မှာနေထိုင်တဲ့ Afiq ဟာ သူ့မွေးနေ့မှာ မွေးနေ့ဖိုးပိုက်ဆံရခဲ့ပြီး တစ်နေ့မှာ Afiq ဟာ သူ့အဖေ၊သူ့အစ်ကိုနဲ့အတူ ဆံပင်ညှပ်ဖို့သွားခဲ့ရင်း ဆံပင်ညှပ်ဆိုင်ရှေ့က ရတနာရွှေဆိုင်တစ်ဆိုင်ကိုသတိထားမိသွားခဲ့ပါတယ်တဲ့။ထို့နောက် Afiq က သူ့ရဲ့အဖေကို ရွှေဆိုင်ရှေ့ဆွဲခေါ်သွားပြီး သူ့အမေအတွက် လက်ဆောင်ဝယ်ပေးချင်ကြောင်း ပြောခဲ့ပါတယ်တဲ့။Afiq ဟာ သူ့မွေးနေ့မှာ ရရှိခဲ့တဲ့ ရင်းဂစ် ၇၀ ပမာဏလောက်ကိုအသုံးပြုပြီး Afiq ဟာ သူရဲ့မိခင်ကိုရွှေလက်စွပ်တစ်ကွင်းဝယ်ပေးခဲ့ပါတယ်။

Sumarnie ရဲ့ခင်ပွန်းက WhatsApp ကနေ သူမကို အကြောင်းကြားပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမကို မသိချင်ယောင်ဆောင်နေဖို့ ပြောခဲ့ပါတယ်။သူတို့ရဲ့ဘတ်ဂျက်က ရင်းဂစ် ၃၀၀(၉သောင်းကျော်) ဘဲပါတာကြောင့် ရင်းဂစ် ၂၆၀ (၈သောင်းကျော်)ကုန်ကျတဲ့ရွှေလက်စွပ်ကိုရွေးလိုက်ပြီး Afiq လည်း ရင်းဂစ် ၇၀(၂သောင်းကျော်)စိုက်ပေးခဲ့တယ်လို့ ခင်ပွန်းဖြစ်သူက ပြောပြခဲ့ပါတယ်။Afiqလေးက သူ့အမေအတွက် လက်စွပ်ကို ကိုယ်တိုင်တောင် အေးဆေးထိုင်ရွေးပေးနေပါသေးတယ်။

Sumarnie က Afiqလေးစိတ်လှုပ်ရှားပြီး သူမအားလက်ဆောင်နေပေးတဲ့ဗီဒီယိုကို မျှဝေခဲ့ပါသေးတယ်။Sumarnie က Afiq လေးအတွက်အရမ်းဂုဏ်ယူနေခဲ့ပြီး သူမရဲ့ Facebook post မှာလည်း Shares ၈,၂၀၀ ကျော်ရရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။Afiq လေးဟာ တကယ့်ကို ချိုသာတဲ့ကောင်လေးဖြစ်သလို မိဘအပေါ်ကြင်နာပြီးဂရုစိုက်တတ်မှုနဲ့ တန်ဖိုးထားတတ်မှုကို အမြဲပြသပေးနေမဲ့လူတစ်ယောက်ဖြစ်လာနိုင်မှာပါ။ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ကောင်လေးပါလားနော်။

Mia (Mckzone Daily)

Be the first to comment on "ေမြးေန႔မွာ ရထားတဲ့မုန္႔ဖိုးေတြနဲ႔ မိခင္အတြက္ ေရႊလက္စြပ္တစ္ကြင္း ဝယ္ေပးခဲ့တဲ့ ကေလးငယ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*