အပင္သုခဘုံလို႔ တင္စားၾကတဲ့တိုက္ခန္းအေဆာက္အအံုရဲ႕ လူသိနည္းေသးတဲ့အခ်က္တစ္ခု

တစ္ကယ္ေတာ့ စည္ကားတဲ့ၿမိဳ့တစ္ၿမိဳ့ရဲ့အလယ္မွာ စိန္းလန္းစိုေျပတဲ့တိုက္အေဆာက္အဦးတစ္လုံးကိုျမင္ေတြ႕ရျခင္းဟာ လူေတြရဲ့စိတ္ကို ေအးခ်မ္းေနပါတယ္။အဆိုပါအေဆာက္အဦးေတြဟာ ဖြံ့ၿဖိဳးတိုးတက္တဲ့ပတ္ဝန္းက်င္ရဲ့တန္ဖိုးကို ျမင့္တင္ေပး႐ုံသာမက တ႐ုတ္နိုင္ငံ Chengduၿမိဳ့ရဲ့သုခဘုံတစ္ခုအျဖစ္ ပါဝင္ေနေစခဲ့ပါတယ္။ဒါေပမဲ့ The Straits Times သတင္းအရ ေဂဟစနစ္သုခဘုံလို့ယူဆၾကတဲ့အဆိုပါအေဆာက္အဦးေတြဟာ အခ်ိန္ၾကာျမင့္စြာ လ်စ္လ်ဴခံထားရတာေၾကာင့္ ျခင္ေတြရဲ့က်က္စားရာေနရာျဖစ္လာခဲ့ပါတယ္။ Qiyi City Forestလို့ေခၚတဲ့အဆိုပါတိုက္ဟာ အခန္းေပါင္း ၈၂၀ခန္႔ပါရွိၿပီး ဧၿပီလကတည္းက စတင္ေရာင္းခ်ခဲ့ေပမဲ့ မိသားစု ၁၀စုေလာက္သာ ေျပာင္းေရြ႕ေနထိုင္ခဲ့ၿပီး အခန္းတိုင္းရဲ့လသာေဆာင္မွာထားရွိတဲ့အပင္ေတြကို ျပဳျပင္ထိန္းသိမ္းျခင္းမလုပ္နိုင္တာေၾကာင့္ပါ။

အဲ့လို ေပါ့ဆမွုေတြေၾကာင့္ အပင္ေတြက စိမ္းလန္းစိုေျပၿပီးအလ်င္အျမန္ႀကီးထြားလာတာေၾကာင့္ အဆိုပါတိုက္ကို ဖုံးလႊမ္းသြားမလိုျဖစ္လာခဲ့ပါတယ္။ဒါေပမဲ့ အဲ့လိုျဖစ္သြားတာက မေကာင္းတဲ့အစိတ္အပိုင္းမဟုတ္ေပမဲ့လည္း ျခင္ေတြကို ဆြဲေဆာင္ေစတဲ့အခ်က္ေၾကာင့္ သူ႔ရဲ့မူလတန္ဖိုးထက္ ေစ်းနည္းလာေစခဲ့ပါတယ္။အဆိုပါတိုက္အား၂၀၁၈ခုႏွစ္တုန္းက သဘာဝကိုခ်စ္ျမတ္နိုးတဲ့လူေတြအတြက္ ရည္ရြယ္ၿပီး ေဆာက္လုပ္ခဲ့တာပါ။မ်ားျပားတဲ့ပန္းပင္ေတြနဲ႔စိမ္းလန္းစိုေျပေစခဲ့ေပမဲ့လည္း အဆုံးသတ္ကိုေတာ့ ျခင္နဲ႔အျခားပိုးမႊားေတြအတြက္ က်က္စားရာေနရာအျဖစ္ေျပာင္းလဲသြားခဲ့မယ္လို့ မေမၽွာ္လင့္ထားခဲ့ၾကပုံပါဘဲ။

ဒါေပမဲ့လည္း အဆိုတိုက္မွာေနထိုင္တဲ့လူေတြနဲ႔ သက္ဆိုင္သူေတြက အတူတကြစု႐ုံးၿပီး အစဥ္မျပတ္ႀကီးထြားလာေနတဲ့အပင္ေတြကို အတတ္နိုင္ဆုံးကူညီရွင္းလင္းနိုင္ဖို့ လုပ္ေဆာင္ခ်က္အခ်ိဳ့ေတြ ျပဳလုပ္ေနၾကပါတယ္။ၿမိဳ့လယ္ေခါင္ရဲ့သုခဘုံလို့တင္စားၾကတဲ့အဆိုပါတိုက္ကိုလည္း အျမန္ဆုံးရွင္းလင္းနိုင္ၿပီး လွပသာယာတဲ့ေနရာအျဖစ္ ျပန္လည္ေျပာင္းလဲနိုင္ပါေစလို့လည္း ေမၽွာ္လင့္မိပါတယ္။စာဖတ္သူတို့ေကာ အပင္ေတြနဲ႔စိမ္းလန္းစိုေျပေနတဲ့တိုက္ခန္းမွာ စိတ္ေအးလက္ေအးေနထိုင္ခ်င္ပါသလား။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

တစ်ကယ်တော့ စည်ကားတဲ့မြို့တစ်မြို့ရဲ့အလယ်မှာ စိန်းလန်းစိုပြေတဲ့တိုက်အဆောက်အဦးတစ်လုံးကိုမြင်တွေ့ရခြင်းဟာ လူတွေရဲ့စိတ်ကို အေးချမ်းနေပါတယ်။အဆိုပါအဆောက်အဦးတွေဟာ ဖွံ့ဖြိုးတိုးတက်တဲ့ပတ်ဝန်းကျင်ရဲ့တန်ဖိုးကို မြင့်တင်ပေးရုံသာမက တရုတ်နိုင်ငံ Chengduမြို့ရဲ့သုခဘုံတစ်ခုအဖြစ် ပါဝင်နေစေခဲ့ပါတယ်။ဒါပေမဲ့ The Straits Times သတင်းအရ ဂေဟစနစ်သုခဘုံလို့ယူဆကြတဲ့အဆိုပါအဆောက်အဦးတွေဟာ အချိန်ကြာမြင့်စွာ လျစ်လျူခံထားရတာကြောင့် ခြင်တွေရဲ့ကျက်စားရာနေရာဖြစ်လာခဲ့ပါတယ်။ Qiyi City Forestလို့ခေါ်တဲ့အဆိုပါတိုက်ဟာ အခန်းပေါင်း ၈၂၀ခန့်ပါရှိပြီး ဧပြီလကတည်းက စတင်ရောင်းချခဲ့ပေမဲ့ မိသားစု ၁၀စုလောက်သာ ပြောင်းရွေ့နေထိုင်ခဲ့ပြီး အခန်းတိုင်းရဲ့လသာဆောင်မှာထားရှိတဲ့အပင်တွေကို ပြုပြင်ထိန်းသိမ်းခြင်းမလုပ်နိုင်တာကြောင့်ပါ။

အဲ့လို ပေါ့ဆမှုတွေကြောင့် အပင်တွေက စိမ်းလန်းစိုပြေပြီးအလျင်အမြန်ကြီးထွားလာတာကြောင့် အဆိုပါတိုက်ကို ဖုံးလွှမ်းသွားမလိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့လိုဖြစ်သွားတာက မကောင်းတဲ့အစိတ်အပိုင်းမဟုတ်ပေမဲ့လည်း ခြင်တွေကို ဆွဲဆောင်စေတဲ့အချက်ကြောင့် သူ့ရဲ့မူလတန်ဖိုးထက် ဈေးနည်းလာစေခဲ့ပါတယ်။အဆိုပါတိုက်အား၂၀၁၈ခုနှစ်တုန်းက သဘာဝကိုချစ်မြတ်နိုးတဲ့လူတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာပါ။များပြားတဲ့ပန်းပင်တွေနဲ့စိမ်းလန်းစိုပြေစေခဲ့ပေမဲ့လည်း အဆုံးသတ်ကိုတော့ ခြင်နဲ့အခြားပိုးမွှားတွေအတွက် ကျက်စားရာနေရာအဖြစ်ပြောင်းလဲသွားခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ကြပုံပါဘဲ။

ဒါပေမဲ့လည်း အဆိုတိုက်မှာနေထိုင်တဲ့လူတွေနဲ့ သက်ဆိုင်သူတွေက အတူတကွစုရုံးပြီး အစဉ်မပြတ်ကြီးထွားလာနေတဲ့အပင်တွေကို အတတ်နိုင်ဆုံးကူညီရှင်းလင်းနိုင်ဖို့ လုပ်ဆောင်ချက်အချို့တွေ ပြုလုပ်နေကြပါတယ်။မြို့လယ်ခေါင်ရဲ့သုခဘုံလို့တင်စားကြတဲ့အဆိုပါတိုက်ကိုလည်း အမြန်ဆုံးရှင်းလင်းနိုင်ပြီး လှပသာယာတဲ့နေရာအဖြစ် ပြန်လည်ပြောင်းလဲနိုင်ပါစေလို့လည်း မျှော်လင့်မိပါတယ်။စာဖတ်သူတို့ကော အပင်တွေနဲ့စိမ်းလန်းစိုပြေနေတဲ့တိုက်ခန်းမှာ စိတ်အေးလက်အေးနေထိုင်ချင်ပါသလား။

Mia (Mckzone Daily)

  • Leave a Comment