ဆင္းရဲသားနဲ႔သူႂကြယ္တို့အၾကား ဘဝကြဲျပားျခားနားပုံကို ရင္ထဲဆို့နစ္သြားေအာင္ ဖမ္းယူရိုက္ျပထားခဲ့တဲ့ဓာတ္ပုံမ်ား

Johnny Millerအမည္ရွိတဲ့ဓာတ္ပုံဆရာတစ္ဦးဟာ ေတာင္အာဖရိကရဲ့ ခ်မ္းသာႂကြယ္ဝသူနဲ႔ဆင္းရဲသားတို့အၾကားရွိကြာဟမွုကို ဖမ္းယူရိုက္ကူးခဲ့ကာ ႏွစ္ဖက္အၾကားသိသာထင္ရွားတဲ့ကြဲျပားျခားနားေနမွုေတြကို ရိုက္ကူးေပၚလြင္ေစခဲ့ပါတယ္။ Drone တစ္ခုတည္းကိုသာအသုံးျပဳထားၿပီး သူ႔ရဲ့Unequal Scenes လို့ေခၚတဲ့ဓာတ္ပုံစီးရီးမွတစ္ဆင့္ ျမင္နိုင္တဲ့ေတာင္အာဖရိကရဲ့ေသြဖည္မွုကို ျပသခဲ့ပါတယ္။ရွုခင္းေတြနဲ႔စိမ္းလန္းစိုေျပေနတဲ့တစ္ဖက္တစ္ခ်က္ရဲ့ေနအိမ္ေတြ နဲ႔ ယိုယြင္းပ်က္စီးၿပီးစြန္႔ပစ္ထားတဲ့ေျမေတြေပၚကိုမွ ပါးလႊာတဲ့လမ္းေတြခြဲထားရတဲ့အျခားတစ္ဖက္ကို မီးေမာင္းထိုးျပထားခဲ့ပါတယ္။

အဆိုပါကြဲျပားျခားနားမွုေတြကို လူတစ္ေယာက္ရဲ့ပုံမွန္ရွုေထာင့္မွ အလြယ္တကူမျမင္နိုင္တာေၾကာင့္ Millerဟာ ေလထဲပ်ံသန္းရင္း ရိုက္ကူးခဲ့ၿပီး သူ႔ရဲ့လိမၼာပါးနပ္တဲ့ဓာတ္ပုံေတြမွတစ္ဆင့္ ရွုေထာင့္အသစ္ေတြကို ျပသေပးခဲ့ပါတယ္။လူျဖဴမဟုတ္တဲ့လူေတြအား နိုင္ငံေရး၊စီးပြါးေရးႏွင့္ ဥပေဒအရခြဲျခားဆက္ဆံမွုေတြပါဝင္တဲ့လူမွုေရးမူဝါဒ သို့မဟုတ္ လူမ်ိဳးေရးခြဲျခားထားျခင္းကို ၁၉၄၇မူဝါဒအသားအေရာင္ခြဲျခားမွုအၿပီး ေနာက္မွာေတာ့ အဆိုပါအရာအားလုံးကို ကြဲျပားျခားနားၿပီးျပဳျပင္ထားတဲ့ခြဲျခားမွုကိုဖန္တီးဖို့အတြက္ သိသာတဲ့လမ္း၊တံတား၊ျမစ္စတဲ့အတားအဆီးေတြလုပ္ၿပီး ခြဲျခားထားခဲ့ၾကတာပါ။

Millerရဲ့ဓာတ္ပုံစီးရီးဟာ လူေတြအား သူတို့ရဲ့နည္းပညာေတြကိုအေကာင္းဆုံးအသုံးျပဳဖို့၊ကမၻာတစ္ဝွမ္းလုံးကကြဲျပားျခားနားမွုေတြမျပဳလုပ္ၾကဖို့ေမၽွာ္လင့္ထားတာပါ။သူ႔ရဲ့ရည္ရြယ္ခ်က္က စစ္ပြဲတစ္ခုစတင္ဖို့ မဟုတ္ဘဲ သူဟာ အျပဳသေဘာေဆာင္တဲ့ျမင္ကြင္းေတြကိုသာျပသခဲ့တာပါ။အဆိုပါဓာတ္ပုံေတြက ကြဲျပားျခားနားေနတဲ့အရာအားလုံးကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြနဲ႔ေျဖရွင္းဖို့ကူညီေပးလိမ့္မယ္လို့လည္း ေမၽွာ္လင့္မိပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

Johnny Millerအမည်ရှိတဲ့ဓာတ်ပုံဆရာတစ်ဦးဟာ တောင်အာဖရိကရဲ့ ချမ်းသာကြွယ်ဝသူနဲ့ဆင်းရဲသားတို့အကြားရှိကွာဟမှုကို ဖမ်းယူရိုက်ကူးခဲ့ကာ နှစ်ဖက်အကြားသိသာထင်ရှားတဲ့ကွဲပြားခြားနားနေမှုတွေကို ရိုက်ကူးပေါ်လွင်စေခဲ့ပါတယ်။ Drone တစ်ခုတည်းကိုသာအသုံးပြုထားပြီး သူ့ရဲ့Unequal Scenes လို့ခေါ်တဲ့ဓာတ်ပုံစီးရီးမှတစ်ဆင့် မြင်နိုင်တဲ့တောင်အာဖရိကရဲ့သွေဖည်မှုကို ပြသခဲ့ပါတယ်။ရှုခင်းတွေနဲ့စိမ်းလန်းစိုပြေနေတဲ့တစ်ဖက်တစ်ချက်ရဲ့နေအိမ်တွေ နဲ့ ယိုယွင်းပျက်စီးပြီးစွန့်ပစ်ထားတဲ့မြေတွေပေါ်ကိုမှ ပါးလွှာတဲ့လမ်းတွေခွဲထားရတဲ့အခြားတစ်ဖက်ကို မီးမောင်းထိုးပြထားခဲ့ပါတယ်။

အဆိုပါကွဲပြားခြားနားမှုတွေကို လူတစ်ယောက်ရဲ့ပုံမှန်ရှုထောင့်မှ အလွယ်တကူမမြင်နိုင်တာကြောင့် Millerဟာ လေထဲပျံသန်းရင်း ရိုက်ကူးခဲ့ပြီး သူ့ရဲ့လိမ္မာပါးနပ်တဲ့ဓာတ်ပုံတွေမှတစ်ဆင့် ရှုထောင့်အသစ်တွေကို ပြသပေးခဲ့ပါတယ်။လူဖြူမဟုတ်တဲ့လူတွေအား နိုင်ငံရေး၊စီးပွါးရေးနှင့် ဥပဒေအရခွဲခြားဆက်ဆံမှုတွေပါဝင်တဲ့လူမှုရေးမူဝါဒ သို့မဟုတ် လူမျိုးရေးခွဲခြားထားခြင်းကို ၁၉၄၇မူဝါဒအသားအရောင်ခွဲခြားမှုအပြီး နောက်မှာတော့ အဆိုပါအရာအားလုံးကို ကွဲပြားခြားနားပြီးပြုပြင်ထားတဲ့ခွဲခြားမှုကိုဖန်တီးဖို့အတွက် သိသာတဲ့လမ်း၊တံတား၊မြစ်စတဲ့အတားအဆီးတွေလုပ်ပြီး ခွဲခြားထားခဲ့ကြတာပါ။

Millerရဲ့ဓာတ်ပုံစီးရီးဟာ လူတွေအား သူတို့ရဲ့နည်းပညာတွေကိုအကောင်းဆုံးအသုံးပြုဖို့၊ကမ္ဘာတစ်ဝှမ်းလုံးကကွဲပြားခြားနားမှုတွေမပြုလုပ်ကြဖို့မျှော်လင့်ထားတာပါ။သူ့ရဲ့ရည်ရွယ်ချက်က စစ်ပွဲတစ်ခုစတင်ဖို့ မဟုတ်ဘဲ သူဟာ အပြုသဘောဆောင်တဲ့မြင်ကွင်းတွေကိုသာပြသခဲ့တာပါ။အဆိုပါဓာတ်ပုံတွေက ကွဲပြားခြားနားနေတဲ့အရာအားလုံးကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ဖြေရှင်းဖို့ကူညီပေးလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment