ဂ်ပန္ႏိုင္ငံက ကယ္ဆယ္ေရးလုပ္ေနတုန္းအျမင့္ေပ 40m ကေနျပဳတ္က်သြားခဲ့တဲ့ အမ်ိဳးသမီး(႐ုပ္/သံ)

ဂ်ပန္ႏိုင္ငံမွာ ဆက္လက္ျဖစ္ပြားေနလ်က္႐ွိတဲ့ Typhoon Hagibis ငလ်င္မုန္တိုင္းမွာေလေၾကာင္းျဖင့္ငလ်င္မုန္တိုင္းေၾကာင့္ အေရးေပၚကူညီကယ္ဆယ္ေရးအဖြဲ႔မ်ားဟာ မုန္တိုင္းဒဏ္အဆိုးဝါးဆံုးခံစားေနရတဲ့ေနရာေဒသမ်ားမွျပည္သူမ်ားကို အသက္ႏိုင္ဆံုးအလ်င္အျမန္ေဘးကင္းရာေဒသသို႔ ေျပာင္းေရႊ႔ေပးေနလ်က္႐ွိပါတယ္ ။ အဆိုပါ မုန္တိုင္းေၾကာင့္ ယခုဆိုလ်ွင္ ေသဆံုးသူေပါင္း 35ဦးခန္႔႐ွိေနၿပီျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။သို႔ေပမဲ့လည္း ယခုတစ္ေခါက္ျဖစ္ရပ္မွာေတာ့ သဘာဝေဘးအႏၱရာယ္ျဖစ္တဲ့ ငလ်င္မုန္တိုင္းေၾကာင့္ အသက္ေသဆံုးသြားခဲ့ရတာမဟုတ္ဘဲ Tokyo မီးသတ္တပ္ဖြဲ႔မွကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနတုန္းအသက္ေသဆံုးသြားခဲ့ရတာပါ ။ ၎ကေတာ့ အသက္ 77ႏွစ္အရြယ္အမ်ိဳးသမီးဟာ Helicopter ေလယာဥ္ျဖင့္သူမကို သယ္ၿပီးကယ္ဆယ္ေရးလုပ္ေနတုန္းမေတာ္တဆျပဳတ္က်သြားခဲ့၍ ေသဆံုးခဲ့ရျခင္းျဖစ္ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ဟာ Iwaki ၿမိဳ႕မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ ၎ေဒသဟာ မုန္တိုင္းဒဏ္ကိုပိုၿပီးခံစားေနရေသာေဒသလည္းျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ Helicopterေလယာဥ္ေတြက ကူညီကယ္ဆယ္ဖို႔အတြက္ၿမိဳ႕အႏွံ႔အျမဲ ပတ္ၾကည့္ေနခဲ့ၿပီးေနာက္ အဆိုပါအမ်ိဳးသမီးႀကီး ေသာင္တင္ေနခဲ့တာကိုေတြ႔႐ွိၿပီး လူသိုင္းႀကိဳးကိုခ်ေပးကာ သူမကို ေလယာဥ္႐ွိရာသို႔ေျမာက္ပင့္ၿပီးသယ္ကာ ကယ္ဆယ္ဖို႔ႀကိဳးစားခဲ့ပါတယ္ ။

ထို႔ေနာက္သူမကို လူသိုင္းႀကိဳးနဲ႔ေျမာက္ပင့္သယ္လာၿပီးေနာက္ Helicoper ထဲမွာ႐ွိေနတဲ့ကယ္ဆယ္ေရးသမားမ်ားကလည္း သူမကိုေရထဲကေနဆြဲတင္လာၿပီးေနာက္ ထိတ္လန္႔တုန္လႈပ္ေနၾကပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါအမ်ိဳးသမီးေလယာဥ္ေပၚသို႔ေရာက္ေတာ့မည့္အခ်ိန္က်မွ လူသိုင္းႀကိဳးဟာေျဖက်သြားခဲ့တဲ့အတြက္ ကံဆိုးစြာနဲ႔ပဲ အဆိုပါအသက္ 77ႏွစ္အရြယ္အမ်ိဳးသမီးဟာ အျမင့္ေပ 40m မွ ေအာက္ဖက္႐ွိေရထဲသို႔ျပဳတ္က်သြားခဲ့ပါတယ္ ။

Video ၾကည့္ရန္ပံုကိုႏွိပ္ပါ

ဆိုးဝါးလြန္းၿပီး မေမ်ွာ္လင့္ထားခဲ့တဲ့မေတာ္တဆမႈေၾကာင့္ အဆိုပါအမ်ိဳးသမီးႀကီးဟာ ေသဆံုးသြားခဲ့ရေၾကာင္းသိ႐ွိရပါတယ္ ။ အဆိုပါအျဖစ္အပ်က္အတြက္ Tokyo မီးသတ္တပ္ဖြဲ႔မွ လူသိုင္ႀကိဳးကိုေသခ်ာစြာမခ်ည္ေႏွာင္ထားခဲ့၍ျပဳတ္က်ေသဆံုးသြားခဲ့ရတာျဖစ္ေၾကာင္း ဝန္ခ်ေတာင္းပန္သြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဂျပန်နိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေလျက်ရှိတဲ့ Typhoon Hagibis ငလျင်မုန်တိုင်းမှာလေကြောင်းဖြင့်ငလျင်မုန်တိုင်းကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များဟာ မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံစားနေရတဲ့နေရာဒေသများမှပြည်သူများကို အသက်နိုင်ဆုံးအလျင်အမြန်ဘေးကင်းရာဒေသသို့ ပြောင်းရွှေ့ပေးနေလျက်ရှိပါတယ် ။ အဆိုပါ မုန်တိုင်းကြောင့် ယခုဆိုလျှင် သေဆုံးသူပေါင်း 35ဦးခန့်ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ် ။သို့ပေမဲ့လည်း ယခုတစ်ခေါက်ဖြစ်ရပ်မှာတော့ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ငလျင်မုန်တိုင်းကြောင့် အသက်သေဆုံးသွားခဲ့ရတာမဟုတ်ဘဲ Tokyo မီးသတ်တပ်ဖွဲ့မှကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေတုန်းအသက်သေဆုံးသွားခဲ့ရတာပါ ။ ၎င်းကတော့ အသက် 77နှစ်အရွယ်အမျိုးသမီးဟာ Helicopter လေယာဉ်ဖြင့်သူမကို သယ်ပြီးကယ်ဆယ်ရေးလုပ်နေတုန်းမတော်တဆပြုတ်ကျသွားခဲ့၍ သေဆုံးခဲ့ရခြင်းဖြစ်ပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ Iwaki မြို့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ၎င်းဒေသဟာ မုန်တိုင်းဒဏ်ကိုပိုပြီးခံစားနေရသောဒေသလည်းဖြစ်ပါတယ် ။ ထို့ကြောင့် Helicopterလေယာဉ်တွေက ကူညီကယ်ဆယ်ဖို့အတွက်မြို့အနှံ့အမြဲ ပတ်ကြည့်နေခဲ့ပြီးနောက် အဆိုပါအမျိုးသမီးကြီး သောင်တင်နေခဲ့တာကိုတွေ့ရှိပြီး လူသိုင်းကြိုးကိုချပေးကာ သူမကို လေယာဉ်ရှိရာသို့မြောက်ပင့်ပြီးသယ်ကာ ကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ် ။

ထို့နောက်သူမကို လူသိုင်းကြိုးနဲ့မြောက်ပင့်သယ်လာပြီးနောက် Helicoper ထဲမှာရှိနေတဲ့ကယ်ဆယ်ရေးသမားများကလည်း သူမကိုရေထဲကနေဆွဲတင်လာပြီးနောက် ထိတ်လန့်တုန်လှုပ်နေကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသမီးလေယာဉ်ပေါ်သို့ရောက်တော့မည့်အချိန်ကျမှ လူသိုင်းကြိုးဟာဖြေကျသွားခဲ့တဲ့အတွက် ကံဆိုးစွာနဲ့ပဲ အဆိုပါအသက် 77နှစ်အရွယ်အမျိုးသမီးဟာ အမြင့်ပေ 40m မှ အောက်ဖက်ရှိရေထဲသို့ပြုတ်ကျသွားခဲ့ပါတယ် ။

ဆိုးဝါးလွန်းပြီး မမျှော်လင့်ထားခဲ့တဲ့မတော်တဆမှုကြောင့် အဆိုပါအမျိုးသမီးကြီးဟာ သေဆုံးသွားခဲ့ရကြောင်းသိရှိရပါတယ် ။ အဆိုပါအဖြစ်အပျက်အတွက် Tokyo မီးသတ်တပ်ဖွဲ့မှ လူသိုင်ကြိုးကိုသေချာစွာမချည်နှောင်ထားခဲ့၍ပြုတ်ကျသေဆုံးသွားခဲ့ရတာဖြစ်ကြောင်း ဝန်ချတောင်းပန်သွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဂ်ပန္ႏိုင္ငံက ကယ္ဆယ္ေရးလုပ္ေနတုန္းအျမင့္ေပ 40m ကေနျပဳတ္က်သြားခဲ့တဲ့ အမ်ိဳးသမီး(႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*