McDonald ဆိုင္အျပင္ဘက္မွာျဖာက်ေနတဲ့ အလင္းေရာင္ကိုအားကိုးၿပီး အိမ္စာလုပ္ေနခဲ့တဲ့ အိုးမဲ့အိမ္မဲ့ကေလးငယ္

အခုသတင္းဟာ ၿပီးခဲ့တဲ့၂၀၁၉အေစာပိုင္းေလာက္ကသတင္းျဖစ္ၿပီး inspireျဖစ္ေစဖို့ေဖာ္ျပေပးလိုက္တာပါ။ကေလးေတာ္ေတာ္မ်ားမ်ားဟာ အိမ္စာလုပ္ဖို့မဝံ့မရဲျဖစ္ၾကၿပီး အိမ္စာလုပ္ဖို့လည္း ေရွာင္ဖယ္ေနတတ္ၾကသလိုေက်ာင္းကိုလုံးဝမသြားခ်င္ၾကတဲ့ကေလးေတြက onlineမွာအခ်ိန္ျဖဳန္းျခင္း သို့မဟုတ္ ဗီဒီယိုဂိမ္းကစားျခင္းေတြလုပ္တတ္ၾကပါတယ္။အဲဒီကေလးေတြက သူတို့ဘယ္ေလာက္ကံေကာင္းတယ္ဆိုတာကိုမသိၾကပါဘူး။ဖိလစ္ပိုင္နိုင္ငံ Mandaue ၿမိဳ့က ရည္မွန္းခ်က္ႀကီးတဲ့Daniel Cabrera အမည္ရွိအသက္၉ ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ဟာ McDonald စားေသာက္ဆိုင္ရဲ့အျပင္ဘက္မွာျဖာက်ေနတဲ့အလင္းေရာင္နဲ႔ ယာယီခုံတန္းရွည္ကိုသုံးၿပီး စိတ္ရွည္ရွည္နဲ႔ စာေလ့လာေနခဲ့ပါတယ္။သူ႔အိမ္စာလုပ္ေနတုန္း တစ္ေယာက္တည္းလမ္းေလၽွာက္ေနတဲ့Joyce Torrefranca အမည္ရွိေဆးေက်ာင္းသူတစ္ဦးက ေတြ႕သြားခဲ့ၿပီး စိတ္လွုပ္ရွားစရာေကာင္းတဲ့ျမင္ကြင္းေၾကာင့္ သူမဓာတ္ပုံရိုက္ကာ Facebook မွာ မၽွေဝလိုက္ၿပီးေနာက္ လ်င္ျမန္စြာ ပ်ံ႕ႏွံ့သြားခဲ့ၿပီး Netizen ေတြက Danielရဲ့ဇြဲလုံ႔လကိုသေဘာက်သြားခဲ့ၾကပါတယ္။

Torrefranca က လူအမ်ားရဲ့ေမတၱာကိုရခဲ့တာေၾကာင့္ “ရိုးရွင္းတဲ့ဓာတ္ပုံတစ္ပုံက ႀကီးမားတဲ့ျခားနားခ်က္ျဖစ္ေစနိုင္တာကို ကၽြန္မမသိခဲ့ဘူး။”လို့ဆိုကာ ေက်းဇူးတင္ခဲ့ပါတယ္။ဓာတ္ပုံေဝမၽွေပးခဲ့အတြက္ေၾကာင့္ သူမဟာ Danielရဲ့အိပ္မက္ကိုအေကာင္အထည္ေပၚေအာင္ ကူညီနိုင္ခဲ့ပါတယ္။သိပ္မၾကာခင္မွာပဲ လူေတြက က်ဥ္းက်ဳတ္ၿပီးနံရံမရွိတဲ့စားေသာက္ခန္းထဲမွာေနထိုင္တဲ့ တတိယတန္းေက်ာင္းသားDaniel တို့မိသားစုကို ေတြ႕ရွိခဲ့ၾကပါတယ္။သူတို့အိမ္ေဟာင္းကိုမီးရွို့ပစ္တဲ့ အေဖျဖစ္သူကေထာင္ထဲမွာဆုံးသြားခဲ့ၿပီး မိသားစုကဆင္းရဲႏြမ္းပါးေပမဲ့ Daniel က စာေလ့လာျခင္းကိုမရပ္တန႔္ခဲ့ပါဘူး။

အတန္းေဖာ္ေတြလမ္းေဘးမွာကစားေနတုန္း Daniel ဟာ McDonald ဆိုင္ရဲ့အလင္းေရာင္ကိုအသုံးျပဳၿပီး စာႀကိဳးစားေလ့လာေနခဲ့တာပါ။ခဲတံ၂ေခ်ာင္းတည္းသာရွိတဲ့Daniel ဟာ အျခားေက်ာင္းသားကသူ႔ရဲ့ခဲတံကိုခိုးယူခဲ့တာေၾကာင့္ တစ္ေန႔ ဆရာဝန္ ဒါမွမဟုတ္ ရဲတစ္ေယာက္ျဖစ္ဖို့ အိပ္မက္မက္ခဲ့ပါတယ္။တာဝန္ရွိတဲ့နိုင္ငံသားေတြက Daniel ရဲ့ပညာေရးရန္ပုံေငြအတြက္ ေဖာင္ေဒးရွင္းတစ္ခုကိုေထာင္ေပးခဲ့ၿပီး သူတို့ရဲ့ႀကိဳးပမ္းမွုေတြဟာ အရာထင္သြားခဲ့ပါတယ္။လွူဒါန္းမွုမွာ PHP ၂၂,၉၀၀ (အေမရိကန္ေဒၚလာ ၅၀၇ ခန႔္)ရွိခဲ့ၿပီး သူ႔ရဲ့ေက်ာင္းလိုအပ္ခ်က္ေတြအတြက္ PHP ၅၀,၀၀၀(ေဒၚလာ ၁၁၀၇ ခန႔္)ရရွိခဲ့ပါတယ္။ဒီေတာ့ ဘဝရဲ့ အႀကီးျမတ္ဆုံးသင္ခန္းစာေတြကို ေက်ာ္ၾကားတဲ့ပုဂၢိဳလ္ေတြဆီမွမဟုတ္ဘဲ Danielလို လုံလဝီရိယေကာင္းတဲ့လူေတြဆီကေနလည္း သင္ယူေလ့လာနိုင္ပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

အခုသတင်းဟာ ပြီးခဲ့တဲ့၂၀၁၉အစောပိုင်းလောက်ကသတင်းဖြစ်ပြီး inspireဖြစ်စေဖို့ဖော်ပြပေးလိုက်တာပါ။ကလေးတော်တော်များများဟာ အိမ်စာလုပ်ဖို့မဝံ့မရဲဖြစ်ကြပြီး အိမ်စာလုပ်ဖို့လည်း ရှောင်ဖယ်နေတတ်ကြသလိုကျောင်းကိုလုံးဝမသွားချင်ကြတဲ့ကလေးတွေက onlineမှာအချိန်ဖြုန်းခြင်း သို့မဟုတ် ဗီဒီယိုဂိမ်းကစားခြင်းတွေလုပ်တတ်ကြပါတယ်။အဲဒီကလေးတွေက သူတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုမသိကြပါဘူး။ဖိလစ်ပိုင်နိုင်ငံ Mandaue မြို့က ရည်မှန်းချက်ကြီးတဲ့Daniel Cabrera အမည်ရှိအသက်၉ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ McDonald စားသောက်ဆိုင်ရဲ့အပြင်ဘက်မှာဖြာကျနေတဲ့အလင်းရောင်နဲ့ ယာယီခုံတန်းရှည်ကိုသုံးပြီး စိတ်ရှည်ရှည်နဲ့ စာလေ့လာနေခဲ့ပါတယ်။သူ့အိမ်စာလုပ်နေတုန်း တစ်ယောက်တည်းလမ်းလျှောက်နေတဲ့Joyce Torrefranca အမည်ရှိဆေးကျောင်းသူတစ်ဦးက တွေ့သွားခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းကြောင့် သူမဓာတ်ပုံရိုက်ကာ Facebook မှာ မျှဝေလိုက်ပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး Netizen တွေက Danielရဲ့ဇွဲလုံ့လကိုသဘောကျသွားခဲ့ကြပါတယ်။

Torrefranca က လူအများရဲ့မေတ္တာကိုရခဲ့တာကြောင့် “ရိုးရှင်းတဲ့ဓာတ်ပုံတစ်ပုံက ကြီးမားတဲ့ခြားနားချက်ဖြစ်စေနိုင်တာကို ကျွန်မမသိခဲ့ဘူး။”လို့ဆိုကာ ကျေးဇူးတင်ခဲ့ပါတယ်။ဓာတ်ပုံဝေမျှပေးခဲ့အတွက်ကြောင့် သူမဟာ Danielရဲ့အိပ်မက်ကိုအကောင်အထည်ပေါ်အောင် ကူညီနိုင်ခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ လူတွေက ကျဉ်းကျုတ်ပြီးနံရံမရှိတဲ့စားသောက်ခန်းထဲမှာနေထိုင်တဲ့ တတိယတန်းကျောင်းသားDaniel တို့မိသားစုကို တွေ့ရှိခဲ့ကြပါတယ်။သူတို့အိမ်ဟောင်းကိုမီးရှို့ပစ်တဲ့ အဖေဖြစ်သူကထောင်ထဲမှာဆုံးသွားခဲ့ပြီး မိသားစုကဆင်းရဲနွမ်းပါးပေမဲ့ Daniel က စာလေ့လာခြင်းကိုမရပ်တန့်ခဲ့ပါဘူး။

အတန်းဖော်တွေလမ်းဘေးမှာကစားနေတုန်း Daniel ဟာ McDonald ဆိုင်ရဲ့အလင်းရောင်ကိုအသုံးပြုပြီး စာကြိုးစားလေ့လာနေခဲ့တာပါ။ခဲတံ၂ချောင်းတည်းသာရှိတဲ့Daniel ဟာ အခြားကျောင်းသားကသူ့ရဲ့ခဲတံကိုခိုးယူခဲ့တာကြောင့် တစ်နေ့ ဆရာဝန် ဒါမှမဟုတ် ရဲတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပါတယ်။တာဝန်ရှိတဲ့နိုင်ငံသားတွေက Daniel ရဲ့ပညာရေးရန်ပုံငွေအတွက် ဖောင်ဒေးရှင်းတစ်ခုကိုထောင်ပေးခဲ့ပြီး သူတို့ရဲ့ကြိုးပမ်းမှုတွေဟာ အရာထင်သွားခဲ့ပါတယ်။လှူဒါန်းမှုမှာ PHP ၂၂,၉၀၀ (အမေရိကန်ဒေါ်လာ ၅၀၇ ခန့်)ရှိခဲ့ပြီး သူ့ရဲ့ကျောင်းလိုအပ်ချက်တွေအတွက် PHP ၅၀,၀၀၀(ဒေါ်လာ ၁၁၀၇ ခန့်)ရရှိခဲ့ပါတယ်။ဒီတော့ ဘဝရဲ့ အကြီးမြတ်ဆုံးသင်ခန်းစာတွေကို ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေဆီမှမဟုတ်ဘဲ Danielလို လုံလဝီရိယကောင်းတဲ့လူတွေဆီကနေလည်း သင်ယူလေ့လာနိုင်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment