မနက္ခင္းေကာ္ဖီပူပူေလးနဲ႔ေတာေတာင္ရွုခင္းအလွကိုခံစားၾကည့္ရွုနိုင္ဖို႔ ေခ်ာက္ကမ္းပါးေဘးမွာေဆာက္လုပ္ထားတဲ့တည္းခိုခန္း (႐ုပ္သံ)

Colombia နိုင္ငံ Antioquiaၿမိဳ့ရဲ့ Abejorral ေက်းလက္ေဒသရွိဧရာမေက်ာက္ေဆာင္တုံးႀကီးေပၚက ေကာ္ဖီရွုခင္းလို့လူသိမ်ားတဲ့ La Casa en el Aire (‘The House in the air’) အမည္ရွိသစ္သားျဖင့္တည္ေဆာက္ထားၿပီးအမိုးျဖဴနဲ႔ျပဳလုပ္ထားတဲ့အိမ္ဟာ ေျမျပင္အထက္မီတာ ၃၀ ခန႔္မွာရွိတဲ့ေခ်ာက္ကမ္းပါးေပၚမွာ တည္ရွိပါတယ္။La Casa en el Aire ကို သံမဏိဝါယာႀကိဳးေတြနဲ႔ခ်ိတ္ဆက္ထားၿပီး ေခ်ာက္ကမ္းပါးကိုဆန႔္က်င္ထားတဲ့ရွည္လ်ားတဲ့သစ္သားတိုင္ႀကီးတစ္ခုနဲ႔တည္ေဆာက္ထားတာပါ။La Casa en el Aire ဟာ ေျမမ်က္ႏွာျပင္အထက္မီတာ ၂၀ ခန႔္၊ ပင္လယ္ေရမ်က္ႏွာျပင္အထက္မီတာ ၂၅၀၀ ခန႔္မွာတည္ရွိတာပါ။ေခ်ာက္ကမ္းပါးမ်က္ႏွာျပင္တစ္ေလၽွာက္ကိုဆြဲထားတဲ့တံတားမွ ခရီးသည္ေတြကို ေတာင္ေပၚေတာင္ေအာက္ သယ္ေဆာင္နိုင္ဖို့အတြက္ ခိုင္ခံ့တဲ့သံႀကိဳးဆြဲယာဥ္ကိုပါ ခ်ိတ္ဆက္ထားပါတယ္။

La Casa en el Aire အိမ္ကို Nilton López အမည္ရွိတဲ့ေတာင္တက္သမားတစ္ဦးက တီထြင္ေဆာက္လုပ္ေပးခဲ့တာပါ။Niltonက ဒီထူးဆန္းတဲ့တည္းခိုခန္းကိုတည္ေဆာက္ရျခင္းက သူ႔ရဲ့အိမ္မက္ေဟာင္းကိုအေကာင္အထည္ေဖာ္နိုင္ဖို့လို့ဆိုထားပါတယ္။သူ႔တီထြင္မွုက ေရရွည္တည္တံ့ေနၿပီးလၽွပ္စစ္ဓာတ္အားကိုေနေရာင္ျခည္စြမ္းအင္ျဖင့္ထုတ္လုပ္နိုင္ျခင္း နဲ႔ အမွိုက္အားလုံးကိုလည္းစုေဆာင္းၿပီး Medellin သို့ပို့ေဆာင္နိုင္ျခင္းတို့ေၾကာင့္ သူအေတာ္ေလး စိတ္ခ်မ္းသာေနရပါတယ္တဲ့။

ဧရာမေက်ာက္တုံးႀကီးေပၚကတည္ေဆာက္ထားတဲ့အခန္းမွာ အနားယူ၊တည္းခိုနိုင္တဲ့အျပင္ La Casa en el Aire ရဲ့ခရီးသြားဧည့္သည္ေတြအတြက္ အလြန္စိတ္လွုပ္ရွားစရာေကာင္းတဲ့လွုပ္ရွားမွုေတြလည္း ပါဝင္ၿပီး အခန္းထဲကေန ခုန္ထြက္တာ ဒါမွမဟုတ္ အခန္းအထက္ကသံမဏိႀကိဳးေတြေပၚမွာ တပ္ထားတဲ့ပုခက္ထဲမွာ တစ္ညတာအိပ္စက္နိုင္တာပါဘဲ။La Casa en el Aire က Abejorralေက်းလက္ေဒသရဲ့ေဝးလံတဲ့ေနရာမွာတည္ရွိၿပီး အစားအစာကိုအလြယ္တကူမရရွိနိုင္တဲ့အတြက္ေၾကာင့္ အကယ္လို့ သြားေရာက္လည္ပတ္ခ်င္ရင္ ခရီးသြားဧည့္သည္ေတြအေနနဲ႔ ၾကာရွည္ခံအစားအစာေတြ (ေျခာက္ေသြ႕တဲ့ေပါင္မုန႔္၊ cookies စတာေတြ) အျပင္ ေရ ၅ လီတာဘူးကိုလည္းယူလာဖို့ တိုက္တြန္းထားပါေသးတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

Colombia နိုင်ငံ Antioquiaမြို့ရဲ့ Abejorral ကျေးလက်ဒေသရှိဧရာမကျောက်ဆောင်တုံးကြီးပေါ်က ကော်ဖီရှုခင်းလို့လူသိများတဲ့ La Casa en el Aire (‘The House in the air’) အမည်ရှိသစ်သားဖြင့်တည်ဆောက်ထားပြီးအမိုးဖြူနဲ့ပြုလုပ်ထားတဲ့အိမ်ဟာ မြေပြင်အထက်မီတာ ၃၀ ခန့်မှာရှိတဲ့ချောက်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။La Casa en el Aire ကို သံမဏိဝါယာကြိုးတွေနဲ့ချိတ်ဆက်ထားပြီး ချောက်ကမ်းပါးကိုဆန့်ကျင်ထားတဲ့ရှည်လျားတဲ့သစ်သားတိုင်ကြီးတစ်ခုနဲ့တည်ဆောက်ထားတာပါ။La Casa en el Aire ဟာ မြေမျက်နှာပြင်အထက်မီတာ ၂၀ ခန့်၊ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၂၅၀၀ ခန့်မှာတည်ရှိတာပါ။ချောက်ကမ်းပါးမျက်နှာပြင်တစ်လျှောက်ကိုဆွဲထားတဲ့တံတားမှ ခရီးသည်တွေကို တောင်ပေါ်တောင်အောက် သယ်ဆောင်နိုင်ဖို့အတွက် ခိုင်ခံ့တဲ့သံကြိုးဆွဲယာဉ်ကိုပါ ချိတ်ဆက်ထားပါတယ်။

La Casa en el Aire အိမ်ကို Nilton López အမည်ရှိတဲ့တောင်တက်သမားတစ်ဦးက တီထွင်ဆောက်လုပ်ပေးခဲ့တာပါ။Niltonက ဒီထူးဆန်းတဲ့တည်းခိုခန်းကိုတည်ဆောက်ရခြင်းက သူ့ရဲ့အိမ်မက်ဟောင်းကိုအကောင်အထည်ဖော်နိုင်ဖို့လို့ဆိုထားပါတယ်။သူ့တီထွင်မှုက ရေရှည်တည်တံ့နေပြီးလျှပ်စစ်ဓာတ်အားကိုနေရောင်ခြည်စွမ်းအင်ဖြင့်ထုတ်လုပ်နိုင်ခြင်း နဲ့ အမှိုက်အားလုံးကိုလည်းစုဆောင်းပြီး Medellin သို့ပို့ဆောင်နိုင်ခြင်းတို့ကြောင့် သူအတော်လေး စိတ်ချမ်းသာနေရပါတယ်တဲ့။

ဧရာမကျောက်တုံးကြီးပေါ်ကတည်ဆောက်ထားတဲ့အခန်းမှာ အနားယူ၊တည်းခိုနိုင်တဲ့အပြင် La Casa en el Aire ရဲ့ခရီးသွားဧည့်သည်တွေအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့လှုပ်ရှားမှုတွေလည်း ပါဝင်ပြီး အခန်းထဲကနေ ခုန်ထွက်တာ ဒါမှမဟုတ် အခန်းအထက်ကသံမဏိကြိုးတွေပေါ်မှာ တပ်ထားတဲ့ပုခက်ထဲမှာ တစ်ညတာအိပ်စက်နိုင်တာပါဘဲ။La Casa en el Aire က Abejorralကျေးလက်ဒေသရဲ့ဝေးလံတဲ့နေရာမှာတည်ရှိပြီး အစားအစာကိုအလွယ်တကူမရရှိနိုင်တဲ့အတွက်ကြောင့် အကယ်လို့ သွားရောက်လည်ပတ်ချင်ရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကြာရှည်ခံအစားအစာတွေ (ခြောက်သွေ့တဲ့ပေါင်မုန့်၊ cookies စတာတွေ) အပြင် ရေ ၅ လီတာဘူးကိုလည်းယူလာဖို့ တိုက်တွန်းထားပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment