ေငြးေၾကးေျမာက္မ်ားစြာအကုန္က်ခံၿပီး မ်က္ရစ္ခြဲစိတ္ခဲ့ေပမဲ့ မ်က္လံုး လံုးဝပိတ္လို႔မရေတာ့တဲ့အျဖစ္မ်ိဳးၾကံဳခဲ့ရတဲ့ အမ်ိဳးသမီး

တ႐ုတ္မေလးေတြအေတာ္မ်ားမ်ားက မ်က္ရစ္မပါတဲ့အလွတစ္မ်ိဳးနဲ႔ ဆြဲေဆာင္မႈ႐ွိလြန္းလွပါတယ္ ။ သို႔ေပမဲ့လည္း တစ္ခ်ိဳ႕ေတြကေတာ့ မ်က္လံုးေဘးပတ္ပတ္လည္နားကအေရးျပားေတြကိုခြဲစိတ္ၿပီး မူလမ်က္လံုးရဲ႕ပံုစံကိုေျပာင္းလဲပစ္ဖို႔ႀကိဳးစားခဲ့ၾကပါတယ္ ။ တစ္ခ်ိဳ႕လူေတြရဲ႕ ခြဲစိတ္မႈဟာအဆင္ေျပၿပီး ပိုၿပီးလွပသြားၾကေပမဲ့လည္း တစ္ခ်ိဳ႕ေတြကေတာ့အခန္႔မသင့္ပဲ အေတာ္ေလးဒုကၡေရာက္သြားၾကတာမ်ိဳးလည္း ႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတစ္ဦးဟာ 13,000 yuan (ျမန္မာေငြ 28သိန္းခန္႔) အကုန္က်ခံၿပီး မ်က္ရစ္ေဖာ္ၿပီး ၊ မ်က္လံုးပိုၿပီးက်ယ္သြားေအာင္ မ်က္လံုးအတြင္းပိုင္ဖက္ကိုပါ ခြဲစိတ္ျပဳျပင္မႈမ်ိဳးျပဳလုပ္ခဲ့ပါတယ္ ။သို႔ေပမဲ့လည္းခြဲစိတ္ျပဳျပင္ၿပီးေနာက္ ရလဒ္အေနနဲ႔သူမရဲ႕ မ်က္လံုးဟာအဆံုးထိပိတ္လို႔မရေတာ့တဲ့ အေျခအေနမ်ိဳးသို႔ေရာက္႐ွိသြားခဲ့ပါေတာ့တယ္ ။

ထို႔ေၾကာင့္ သူမဟာေဆးခန္းသို႔သြားၿပီးေလ်ာ္ေၾကးေငြ ေတာင္းခံခဲ့ေပမဲ့လည္း ၊ ေဆးခန္းဖက္က သူမ၏အေျခအေနဟာပံုမွန္သာျဖစ္ၿပီး တစ္ျဖည္းျဖည္းႏွင့္ျပန္ၿပီးအဆင္ေျပလာမည္ျဖစ္ေၾကာင္းသာ ေျပာဆိုခဲ့ပါတယ္ ။ ပိုဆိုးဝါးတာကေတာ့ ခြဲစိတ္ျပဳျပင္မႈခံယူၿပီးခဲ့ခ်ိန္မွစၿပီး သူမမ်က္လံုးမ်ားဟာအဆံုးထိပိတ္မရခဲ့တဲ့အတြက္ သူမ၏အျမင္အာရံုမွာ တေျဖးေျဖးမႈန္ဝါးလာခဲ့ပါေတာ့တယ္ ။ ပထမဆံုးအႀကိမ္ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ သူမ၏မ်က္လံုးဟာေရာင္ကိုင္းလာခဲ့ၿပီး မ်က္ရစ္ႏွစ္ထပ္ေဖာ္တာကလည္း မေပၚလြင္ခဲ့ပါဘူး ။ ထို႔ေၾကာင့္ သူမကေဆးခန္းကို ဒုတိယအႀကိမ္ျပန္ၿပီးခြဲစိတ္ျပဳျပင္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ဒုတိယအႀကိမ္ခြဲစိတ္မႈဟာ သူမေမ်ွာ္လင့္ထားသလိုျဖစ္မလာခဲ့ပဲ သူမမ်က္လံုးေတြဟာပိုၿပီး႐ုပ္ဆိုးသြားခဲ့ကာ မ်က္လံုးမ်ားဟာလည္းပိတ္လို႔မရေတာ့ပါဘူး ။ ထို႔ေၾကာင့္ေဆးခန္းမွ သူမကိုတတိယအႀကိမ္ျပန္လည္ခြဲစိတ္ေပးဖို႔ ကမ္းလွမ္းခဲ့ေပမဲ့လည္း သူမကျငင္းဆန္ခဲ့ပါေတာ့တယ္ ။ ဆရာဝန္၏ေျပာျပခ်က္အရ ပထမအႀကိမ္ခြဲစိတ္မႈနဲ႔ ဒုတိယအႀကိမ္ခြဲစိတ္မႈဟာ အခ်ိန္ကာလသိပ္မကြာတဲ့အတြက္ေၾကာင့္မို႔ အမာရြတ္မ်ားဟာခြဲစိတ္မႈၿပီးဆံုးခ်ိန္မွာေတာ့ တစ္ခုနဲ႔တစ္ခုပူးကပ္သြားခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ယခုအခ်ိန္ဟာပံုမွန္အေျခအေနမ်ိဳးသာျဖစ္ၿပီး တစ္ေျဖးေျဖးျပန္လည္ေကာင္းမြန္သြားမွာျဖစ္ေၾကာင္း ထပ္ေလာင္းေျပာဆိုခဲ့ပါေသးတယ္ ။

သူမရဲ႕မ်က္ရစ္ေတြျပန္လည္ေကာင္းမြန္လာဖို႔ သူမဟာအခ်ိန္ေပးၿပီးေစာင့္ခဲ့တဲ့တစ္ေလ်ွာက္လံုး သူမဟာမ်က္လံုးတစ္ဝက္ခန္႔ကိုသာပိတ္ၿပီးအိပ္စက္ခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ေနာက္ဆံုးမွာေတာ့ သူမရဲ႕အေျခအေနဟာလံုးဝျပန္ေကာင္းမလာခဲ့တဲ့အတြက္ ေလ်ာ္ေၾကးေငြ 30,000yuan (ျမန္မာေငြ 64သိန္းေက်ာ္)လက္ခံၿပီး ေဆးခန္းႏွင့္ေက်ေအးေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်မလေးတွေအတော်များများက မျက်ရစ်မပါတဲ့အလှတစ်မျိုးနဲ့ ဆွဲဆောင်မှုရှိလွန်းလှပါတယ် ။ သို့ပေမဲ့လည်း တစ်ချို့တွေကတော့ မျက်လုံးဘေးပတ်ပတ်လည်နားကအရေးပြားတွေကိုခွဲစိတ်ပြီး မူလမျက်လုံးရဲ့ပုံစံကိုပြောင်းလဲပစ်ဖို့ကြိုးစားခဲ့ကြပါတယ် ။ တစ်ချို့လူတွေရဲ့ ခွဲစိတ်မှုဟာအဆင်ပြေပြီး ပိုပြီးလှပသွားကြပေမဲ့လည်း တစ်ချို့တွေကတော့အခန့်မသင့်ပဲ အတော်လေးဒုက္ခရောက်သွားကြတာမျိုးလည်း ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ 13,000 yuan (မြန်မာငွေ 28သိန်းခန့်) အကုန်ကျခံပြီး မျက်ရစ်ဖော်ပြီး ၊ မျက်လုံးပိုပြီးကျယ်သွားအောင် မျက်လုံးအတွင်းပိုင်ဖက်ကိုပါ ခွဲစိတ်ပြုပြင်မှုမျိုးပြုလုပ်ခဲ့ပါတယ် ။သို့ပေမဲ့လည်းခွဲစိတ်ပြုပြင်ပြီးနောက် ရလဒ်အနေနဲ့သူမရဲ့ မျက်လုံးဟာအဆုံးထိပိတ်လို့မရတော့တဲ့ အခြေအနေမျိုးသို့ရောက်ရှိသွားခဲ့ပါတော့တယ် ။

ထို့ကြောင့် သူမဟာဆေးခန်းသို့သွားပြီးလျော်ကြေးငွေ တောင်းခံခဲ့ပေမဲ့လည်း ၊ ဆေးခန်းဖက်က သူမ၏အခြေအနေဟာပုံမှန်သာဖြစ်ပြီး တစ်ဖြည်းဖြည်းနှင့်ပြန်ပြီးအဆင်ပြေလာမည်ဖြစ်ကြောင်းသာ ပြောဆိုခဲ့ပါတယ် ။ ပိုဆိုးဝါးတာကတော့ ခွဲစိတ်ပြုပြင်မှုခံယူပြီးခဲ့ချိန်မှစပြီး သူမမျက်လုံးများဟာအဆုံးထိပိတ်မရခဲ့တဲ့အတွက် သူမ၏အမြင်အာရုံမှာ တဖြေးဖြေးမှုန်ဝါးလာခဲ့ပါတော့တယ် ။ ပထမဆုံးအကြိမ်ခွဲစိတ်ကုသမှုခံယူပြီးနောက် သူမ၏မျက်လုံးဟာရောင်ကိုင်းလာခဲ့ပြီး မျက်ရစ်နှစ်ထပ်ဖော်တာကလည်း မပေါ်လွင်ခဲ့ပါဘူး ။ ထို့ကြောင့် သူမကဆေးခန်းကို ဒုတိယအကြိမ်ပြန်ပြီးခွဲစိတ်ပြုပြင်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဒုတိယအကြိမ်ခွဲစိတ်မှုဟာ သူမမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပဲ သူမမျက်လုံးတွေဟာပိုပြီးရုပ်ဆိုးသွားခဲ့ကာ မျက်လုံးများဟာလည်းပိတ်လို့မရတော့ပါဘူး ။ ထို့ကြောင့်ဆေးခန်းမှ သူမကိုတတိယအကြိမ်ပြန်လည်ခွဲစိတ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့လည်း သူမကငြင်းဆန်ခဲ့ပါတော့တယ် ။ ဆရာဝန်၏ပြောပြချက်အရ ပထမအကြိမ်ခွဲစိတ်မှုနဲ့ ဒုတိယအကြိမ်ခွဲစိတ်မှုဟာ အချိန်ကာလသိပ်မကွာတဲ့အတွက်ကြောင့်မို့ အမာရွတ်များဟာခွဲစိတ်မှုပြီးဆုံးချိန်မှာတော့ တစ်ခုနဲ့တစ်ခုပူးကပ်သွားခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ယခုအချိန်ဟာပုံမှန်အခြေအနေမျိုးသာဖြစ်ပြီး တစ်ဖြေးဖြေးပြန်လည်ကောင်းမွန်သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။

သူမရဲ့မျက်ရစ်တွေပြန်လည်ကောင်းမွန်လာဖို့ သူမဟာအချိန်ပေးပြီးစောင့်ခဲ့တဲ့တစ်လျှောက်လုံး သူမဟာမျက်လုံးတစ်ဝက်ခန့်ကိုသာပိတ်ပြီးအိပ်စက်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း နောက်ဆုံးမှာတော့ သူမရဲ့အခြေအနေဟာလုံးဝပြန်ကောင်းမလာခဲ့တဲ့အတွက် လျော်ကြေးငွေ 30,000yuan (မြန်မာငွေ 64သိန်းကျော်)လက်ခံပြီး ဆေးခန်းနှင့်ကျေအေးပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေငြးေၾကးေျမာက္မ်ားစြာအကုန္က်ခံၿပီး မ်က္ရစ္ခြဲစိတ္ခဲ့ေပမဲ့ မ်က္လံုး လံုးဝပိတ္လို႔မရေတာ့တဲ့အျဖစ္မ်ိဳးၾကံဳခဲ့ရတဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*