Ghost Rider ႐ုပ္ရွင္ဇာတ္ကားထဲကလို ဆိုင္ကယ္ကိုမီး႐ႈိ့ပစ္ၿပီး လက္ေတြ႔ေမာင္းႏွင္ျပခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

၂၀၀၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့နာမည္ႀကီး႐ုပ္ရွင္ဇာတ္ကားတစ္ခုျဖစ္တဲ့ Gost Rider ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ ၾကည့္ဖူးၾကမွာပါ။အိႏၵိယနိုင္ငံရွိ Mr. India Hacker အမည္ရွိ YouTuber အမ်ိဳးသားတစ္ဦးဟာ Ghost Rider ႐ုပ္ရွင္ဇာတ္ကားကိုအတုခိုးၿပီး မေၾကာက္မလန္႔နဲ႔ သူ႔ရဲ့ေမာ္ေတာ္ဆိုင္ကယ္အား တမင္ မီးေလာင္ေအာင္လုပ္ခဲ့ပါတယ္။ဒီဗီဒီယိုဟာ likes ၅၀၀,၀၀၀ ေက်ာ္ရရွိခဲ့ေပမဲ့ အႏၲရာယ္မ်ားတဲ့ သူတို့ရဲ့လုပ္ရပ္ေတြကိုမႀကိဳက္တဲ့လူအေရအတြက္လည္း ၁၆၀၀၀ ေက်ာ္တိုးမ်ားလာခဲ့ပါတယ္။ဒီ YouTuber ရဲ့လွုပ္ရွားမွုဟာ ၂၀၀၇ ခုႏွစ္ကထြက္ရွိခဲ့တဲ့ Ghost Rider ႐ုပ္ရွင္ဇာတ္ကားထဲက Nicholas အျဖစ္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့စိတ္ကူးယဥ္ဇာတ္ေကာင္ကို ျပန္လည္တုပထားတာပါ။

Nicholas ဟာလူ႔အရိုးစုတစ္စုရဲ့ပုံသ႑ာန္နဲ႔ မီးေလာင္ေနတဲ့ခႏၶာကိုယ္ျဖင့္ မီးေလာင္ေနတဲ့ ဂႏၴဝင္ ေမာ္ေတာ္ဆိုင္ကယ္ကို စီးနင္းခဲ့တာပါ။Mr. Indian Hacker ဟာ တန္ဖိုးႀကီးေပးရေလာက္မယ့္ သူ႔ရဲ့Pulsar 220 ေမာ္ေတာ္ဆိုင္ကယ္ရဲ့ဘီးတာယာကို အဝတ္စနဲ႔ပတ္ၿပီး အဝတ္စကိုဓာတ္ဆီေတြေလာင္းခ်ပစ္ခဲ့ပါတယ္။သူ ဆိုင္ကယ္ေမာင္းေနစဥ္အတြင္း Ghost Rider ႐ုပ္ရွင္ဇာတ္ကားမွာေတြ႕ရတဲ့အတိုင္း တကယ္လည္း သူ႔ရဲ့ဆိုင္ကယ္ဘီးမွာ မီးေတြတဟုန္းဟုန္းေတာက္ေလာင္ေနခဲ့ပါတယ္။

Mr. Indian Hacker ဟာ သူ႔ရဲ့ဗီဒီယိုဟာ ေဖ်ာ္ေျဖဖို့သက္သက္သာရည္ရြယ္ၿပီး ဒီဗီဒီယိုလုပ္ေဆာင္မွုအားလုံးက လုံျခဳံစိတ္ခ်ရတဲ့ေနရာ၊ၿပီးျပည့္စုံတဲ့စက္ကိရိယာေတြနဲ႔သာျပဳလုပ္ထားေၾကာင္း သတိေပး​ခဲ့ပါတယ္။Mr. Indian Hacker က အိမ္၊ေက်ာင္း ဒါမွမဟုတ္ အျခားဘယ္ေနရာမွာမဆို သူ႔လို Ghost Rider ကိုလိုက္မတုပဖို့ လူအမ်ားကိုေတာင္းဆိုခဲ့ပါေသးတယ္။ဒီဗီဒီယိုရိုက္ကူးေနတုန္း ဘယ္သူမွထိခိုက္ဒဏ္ရာမရရွိခဲ့ဘူးလို့ Mr. Indian Hacker ကထပ္မံေျဖၾကားခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : siakapkeli

Unicode

၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ Gost Rider ရုပ်ရှင်ဇာတ်ကားကိုတော့ ကြည့်ဖူးကြမှာပါ။အိန္ဒိယနိုင်ငံရှိ Mr. India Hacker အမည်ရှိ YouTuber အမျိုးသားတစ်ဦးဟာ Ghost Rider ရုပ်ရှင်ဇာတ်ကားကိုအတုခိုးပြီး မကြောက်မလန့်နဲ့ သူ့ရဲ့မော်တော်ဆိုင်ကယ်အား တမင် မီးလောင်အောင်လုပ်ခဲ့ပါတယ်။ဒီဗီဒီယိုဟာ likes ၅၀၀,၀၀၀ ကျော်ရရှိခဲ့ပေမဲ့ အန္တရာယ်များတဲ့ သူတို့ရဲ့လုပ်ရပ်တွေကိုမကြိုက်တဲ့လူအရေအတွက်လည်း ၁၆၀၀၀ ကျော်တိုးများလာခဲ့ပါတယ်။ဒီ YouTuber ရဲ့လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Ghost Rider ရုပ်ရှင်ဇာတ်ကားထဲက Nicholas အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ်ဇာတ်ကောင်ကို ပြန်လည်တုပထားတာပါ။

Nicholas ဟာလူ့အရိုးစုတစ်စုရဲ့ပုံသဏ္ဍာန်နဲ့ မီးလောင်နေတဲ့ခန္ဓာကိုယ်ဖြင့် မီးလောင်နေတဲ့ ဂန္ထဝင် မော်တော်ဆိုင်ကယ်ကို စီးနင်းခဲ့တာပါ။Mr. Indian Hacker ဟာ တန်ဖိုးကြီးပေးရလောက်မယ့် သူ့ရဲ့Pulsar 220 မော်တော်ဆိုင်ကယ်ရဲ့ဘီးတာယာကို အဝတ်စနဲ့ပတ်ပြီး အဝတ်စကိုဓာတ်ဆီတွေလောင်းချပစ်ခဲ့ပါတယ်။သူ ဆိုင်ကယ်မောင်းနေစဉ်အတွင်း Ghost Rider ရုပ်ရှင်ဇာတ်ကားမှာတွေ့ရတဲ့အတိုင်း တကယ်လည်း သူ့ရဲ့ဆိုင်ကယ်ဘီးမှာ မီးတွေတဟုန်းဟုန်းတောက်လောင်နေခဲ့ပါတယ်။

Mr. Indian Hacker ဟာ သူ့ရဲ့ဗီဒီယိုဟာ ဖျော်ဖြေဖို့သက်သက်သာရည်ရွယ်ပြီး ဒီဗီဒီယိုလုပ်ဆောင်မှုအားလုံးက လုံခြုံစိတ်ချရတဲ့နေရာ၊ပြီးပြည့်စုံတဲ့စက်ကိရိယာတွေနဲ့သာပြုလုပ်ထားကြောင်း သတိပေးခဲ့ပါတယ်။Mr. Indian Hacker က အိမ်၊ကျောင်း ဒါမှမဟုတ် အခြားဘယ်နေရာမှာမဆို သူ့လို Ghost Rider ကိုလိုက်မတုပဖို့ လူအများကိုတောင်းဆိုခဲ့ပါသေးတယ်။ဒီဗီဒီယိုရိုက်ကူးနေတုန်း ဘယ်သူမှထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ Mr. Indian Hacker ကထပ်မံဖြေကြားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "Ghost Rider ႐ုပ္ရွင္ဇာတ္ကားထဲကလို ဆိုင္ကယ္ကိုမီး႐ႈိ့ပစ္ၿပီး လက္ေတြ႔ေမာင္းႏွင္ျပခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*