လယ္သမားမိသားစုမွ ေမြးဖြားလာခဲ့ေပမယ့္ ဗီယက္နမ္ Miss 2020သရဖူကို အရယူနိုင္ခဲ့တဲ့ ၁၉ႏွစ္အရြယ္အလွမယ္

အသက္၁၉ႏွစ္အရြယ္Ðo Thi Hà အမည္ရွိတဲ့အခုအလွမယ္ဟာ လယ္သမားတစ္ဦးရဲ့သမီးျဖစ္ၿပီး မၾကာေသးခင္က Miss Vietnam 2020 အလွမယ္ျဖစ္လာဖို့ အျခားကိုယ္စားလွယ္ေလာင္း ၃၄ဦးကို ယွဥ္ၿပိဳင္ေက်ာ္ျဖတ္လာခဲ့တာပါ။ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဗီယက္နမ္နိုင္ငံ ေျမာက္အလယ္ပိုင္းျပည္နယ္ Thanh Hoaၿမိဳ့က အရပ္ ၅ေပ ၈လက္မရွိတဲ့အလွမယ္တစ္ဦးဟာ သရဖူေဆာင္းနိုင္ခဲ့ေၾကာင္း Tuoi Tre News သတင္းကေဖာ္ျပထားပါတယ္။Hàဟာ အမ်ိဳးသားစီးပြါးေရးတကၠသိုလ္မွ ဒုတိယႏွစ္ေက်ာင္းသူတစ္ဦးျဖစ္ၿပီး တစ္ဖက္မွာလည္း ဖက္ရွင္အလုပ္လုပ္ကိုင္ေနတဲ့အျပင္ သူမဟာ ႏြားေပါက္ေတြကို သယ္ေဆာင္ေပးတဲ့အလုပ္လည္း လုပ္ကိုင္ပါတယ္။

Hàဟာ ပထမဦးဆုံး NEUကက်င္းပတဲ့အလွၿပိဳင္ပြဲကိုစဝင္ၿပိဳင္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဗီယက္နမ္နိုင္ငံရဲ့အျမင့္ဆုံးဂုဏ္ျပဳၿပိဳင္ပြဲအထိ ပါဝင္နိုင္ခဲ့ပါတယ္။Hàဟာ Ho Chi Minh Cityမွာျပဳလုပ္က်င္းပတဲ့အလွၿပိဳင္ပြဲႀကီးမွာ ပန္းဦးသရဖူေဆာင္းနိုင္ဖို့ သူမကိုယ္ပိုင္စုေဆာင္းေငြေတြကို အသုံးျပဳၿပီးမွ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာပါ။Miss Vietnam 2020 ၿပိဳင္ပြဲဝင္အျဖစ္ Hàရဲ့ခရီးတစ္ေလၽွာက္မွာ သူမရဲ့မိဘေတြနဲ႔ ဇာတိၿမိဳ့ဟာ သူမရဲ့အနိုင္ရရွိမွုအတြက္ အရမ္းေထာက္ခံေပးၾကၿပီး အရမ္းလည္း စိတ္လွုပ္ရွားေနခဲ့ၾကပါတယ္။

သရဖူအျပင္ Hàဟာ ဗီယက္နမ္ေဒါင္ သန္း၃၅၀(ေဒၚလာ ၁၅,၁၀၀) နဲ႔ Miss World 2020 မွာ ဗီယက္နမ္ကိုယ္စားျပဳမယ့္အလွမယ္ေနရာကို ရရွိခဲ့ပါတယ္။Pham Ngoc Phuong Anh နဲ႔ Nguyen Le Ngoc Thao ဗီယက္နမ္အလွမယ္ေဟာင္းတို့နဲ႔Hàကို ေတြ႕ရမွာပါ။Hàကို ကိုယ့္ကိုကိုယ္ငယ္ရြယ္တဲ့မိန္းကေလးေတြအတြက္ စံျပတစ္ဦးလို့ထင္ပါသလားလို့ ေမးေတာ့ သူမဟာ လူငယ္ေတြအတြက္ စံျပျဖစ္ျဖစ္ မျဖစ္ျဖစ္ လူငယ္ေတြကိုေတာ့ အျမဲလွုံ႔ေဆာ္ေပးရမယ္လို့ထင္တယ္လို့ ျပန္ေျဖထားပါေသးတယ္။

Mia (Mckzone Daily)

Source : nextshark

1

2

3

Unicode

အသက်၁၉နှစ်အရွယ်Ðo Thi Hà အမည်ရှိတဲ့အခုအလှမယ်ဟာ လယ်သမားတစ်ဦးရဲ့သမီးဖြစ်ပြီး မကြာသေးခင်က Miss Vietnam 2020 အလှမယ်ဖြစ်လာဖို့ အခြားကိုယ်စားလှယ်လောင်း ၃၄ဦးကို ယှဉ်ပြိုင်ကျော်ဖြတ်လာခဲ့တာပါ။ပြီးခဲ့တဲ့ သောကြာနေ့က ဗီယက်နမ်နိုင်ငံ မြောက်အလယ်ပိုင်းပြည်နယ် Thanh Hoaမြို့က အရပ် ၅ပေ ၈လက်မရှိတဲ့အလှမယ်တစ်ဦးဟာ သရဖူဆောင်းနိုင်ခဲ့ကြောင်း Tuoi Tre News သတင်းကဖော်ပြထားပါတယ်။Hàဟာ အမျိုးသားစီးပွါးရေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး တစ်ဖက်မှာလည်း ဖက်ရှင်အလုပ်လုပ်ကိုင်နေတဲ့အပြင် သူမဟာ နွားပေါက်တွေကို သယ်ဆောင်ပေးတဲ့အလုပ်လည်း လုပ်ကိုင်ပါတယ်။

Hàဟာ ပထမဦးဆုံး NEUကကျင်းပတဲ့အလှပြိုင်ပွဲကိုစဝင်ပြိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဗီယက်နမ်နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုပြိုင်ပွဲအထိ ပါဝင်နိုင်ခဲ့ပါတယ်။Hàဟာ Ho Chi Minh Cityမှာပြုလုပ်ကျင်းပတဲ့အလှပြိုင်ပွဲကြီးမှာ ပန်းဦးသရဖူဆောင်းနိုင်ဖို့ သူမကိုယ်ပိုင်စုဆောင်းငွေတွေကို အသုံးပြုပြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။Miss Vietnam 2020 ပြိုင်ပွဲဝင်အဖြစ် Hàရဲ့ခရီးတစ်လျှောက်မှာ သူမရဲ့မိဘတွေနဲ့ ဇာတိမြို့ဟာ သူမရဲ့အနိုင်ရရှိမှုအတွက် အရမ်းထောက်ခံပေးကြပြီး အရမ်းလည်း စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။

သရဖူအပြင် Hàဟာ ဗီယက်နမ်ဒေါင် သန်း၃၅၀(ဒေါ်လာ ၁၅,၁၀၀) နဲ့ Miss World 2020 မှာ ဗီယက်နမ်ကိုယ်စားပြုမယ့်အလှမယ်နေရာကို ရရှိခဲ့ပါတယ်။Pham Ngoc Phuong Anh နဲ့ Nguyen Le Ngoc Thao ဗီယက်နမ်အလှမယ်ဟောင်းတို့နဲ့Hàကို တွေ့ရမှာပါ။Hàကို ကိုယ့်ကိုကိုယ်ငယ်ရွယ်တဲ့မိန်းကလေးတွေအတွက် စံပြတစ်ဦးလို့ထင်ပါသလားလို့ မေးတော့ သူမဟာ လူငယ်တွေအတွက် စံပြဖြစ်ဖြစ် မဖြစ်ဖြစ် လူငယ်တွေကိုတော့ အမြဲလှုံ့ဆော်ပေးရမယ်လို့ထင်တယ်လို့ ပြန်ဖြေထားပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment