တိုက္ခန္းမွာ ေသဆံုးလ်က္ေတြ႔႐ွိခဲ့တဲ့K-pop နာမည္ႀကီး f(x)အဖြဲ႔ရဲ့ အဖြဲ႔ဝင္ေဟာင္း Sulli

ေတာင္ကိုးရီးယားႏိုင္ငံရဲ႕ နာမည္ႀကီးသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့အျပင္ ၊ f(x) အဖြဲ႔ရဲ႕ အဖြဲ႔ဝင္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ Sulli ဟာ သူမေနထိုင္တဲ့ ဆိုလ္ၿမိဳ႕ရဲ႕ Seongnam မွာ႐ွိတဲ့သူမရဲ႕တိုက္ခန္းမွာေသဆံုးလ်က္ေတြ႔႐ွိခဲ့ေၾကာင့္ ကိုးရီးယားရဲတပ္ဖြဲ႔မွတရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္ ။ သူမ၏အမည္ရင္းမွာ Choi Jin-ri ျဖစ္ၿပီး အသက္ 25ႏွစ္သာ႐ွိပါေသးတယ္ ။

ရဲအရာ႐ွိေတြရဲ႕ေျပာဆိုခ်က္အရ သူမကိုအဆက္အသြယ္မရလို႔ သူမ၏မန္ေနဂ်ာျဖစ္သူက သူမ၏တိုက္ခန္းသို႔သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကိုးရီးယားစံေတာ္ခ်ိန္ 3:20 ခန္႔မွာ သူမကိုေသဆံုးလ်က္ေတြ႔႐ွိခဲ့တာျဖစ္ၿပီး ၊ သူမ၏မန္ေနဂ်ာမွ ရဲဌာနသို႔ခ်က္ခ်င္းတိုင္ၾကားခဲ့တာပါ ။

Sulli ဟာ f(x) အဖြဲ႔ဝင္တစ္ေယာက္အေနနဲ႔ ပြဲဦးထြက္ခဲ့တာျဖစ္ၿပီး ၊ 2014 ခုႏွစ္ကေနစၿပီး 5ႏွစ္ခန္႔ online ေပၚကေန comment မ်ား ၊ မဟုတ္မမွန္အတင္းအဖ်င္းမ်ားႏွင့္ မနာလိုအၿငိဳထားမုန္းတီးျခင္းကိုခံခဲ့ရသူ ျဖစ္ပါတယ္ ။ ထို႔ေနာက္သူမဟာ သ႐ုပ္ေဆာင္ဖက္အပိုင္းကိုသာ အာရံုစိုက္ခ်င္ခဲ့၍ August 2015မွာေတာ့ f(x) အဖြဲ႔ဝင္မွ ႏုတ္ထြက္သြားခဲ့တာျဖစ္ပါတယ္ ။ သူမရဲ႕ေသဆံုးမႈအေသးစိတ္ကိုေတာ့ ထုတ္ျပန္ေၾကညာခဲ့ျခင္းမ်ိဳးမ႐ွိေသးပါဘူး ။

Jasmine (Mckzone Daily)

Source: Yonhap

Unicode

တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ၊ f(x) အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Sulli ဟာ သူမနေထိုင်တဲ့ ဆိုလ်မြို့ရဲ့ Seongnam မှာရှိတဲ့သူမရဲ့တိုက်ခန်းမှာသေဆုံးလျက်တွေ့ရှိခဲ့ကြောင့် ကိုးရီးယားရဲတပ်ဖွဲ့မှတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ သူမ၏အမည်ရင်းမှာ Choi Jin-ri ဖြစ်ပြီး အသက် 25နှစ်သာရှိပါသေးတယ် ။

ရဲအရာရှိတွေရဲ့ပြောဆိုချက်အရ သူမကိုအဆက်အသွယ်မရလို့ သူမ၏မန်နေဂျာဖြစ်သူက သူမ၏တိုက်ခန်းသို့သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ ကိုးရီးယားစံတော်ချိန် 3:20 ခန့်မှာ သူမကိုသေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပြီး ၊ သူမ၏မန်နေဂျာမှ ရဲဌာနသို့ချက်ချင်းတိုင်ကြားခဲ့တာပါ ။

Sulli ဟာ f(x) အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ၊ 2014 ခုနှစ်ကနေစပြီး 5နှစ်ခန့် online ပေါ်ကနေ comment များ ၊ မဟုတ်မမှန်အတင်းအဖျင်းများနှင့် မနာလိုအငြိုထားမုန်းတီးခြင်းကိုခံခဲ့ရသူ ဖြစ်ပါတယ် ။ ထို့နောက်သူမဟာ သရုပ်ဆောင်ဖက်အပိုင်းကိုသာ အာရုံစိုက်ချင်ခဲ့၍ August 2015မှာတော့ f(x) အဖွဲ့ဝင်မှ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ် ။ သူမရဲ့သေဆုံးမှုအသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်းမျိုးမရှိသေးပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "တိုက္ခန္းမွာ ေသဆံုးလ်က္ေတြ႔႐ွိခဲ့တဲ့K-pop နာမည္ႀကီး f(x)အဖြဲ႔ရဲ့ အဖြဲ႔ဝင္ေဟာင္း Sulli"

Leave a comment

Your email address will not be published.


*