ၾကည့္ေကာင္းလြန္းတဲ့႐ုပ္ရည္ေၾကာင့္ တစ္ရက္တည္းနဲ႔ ပရိတ္သတ္ ၃သန္းေက်ာ္ရ႐ွိခဲ့ၿပီး အလုပ္ကမ္းလွမ္းမႈအမ်ားအျပားရ႐ွိခဲ့တဲ့ ေကာင္ေလး (႐ုပ္သံ)

ေတာင္အာရွႏွင့္အေရွ႕အာရွ လမ္းဆုံအၾကားမွာေနထိုင္တဲ့တိဘက္လူမ်ိဳးစုေတြရဲ့ လက္ရွိလူဦးေရမွာ ၆.၅ သန္းခန႔္ရွိပါတယ္။တိဘက္လူမ်ိဳးအေျမာက္အမ်ားဟာ တိဘက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာေနထိုင္ၾကတဲ့အျပင္ တ႐ုတ္နိုင္ငံ ဂန္စူး၊ ကြင္ဟိုင္၊ စီခၽြမ္နဲ႔ယူနန္ၿမိဳ့ေတြအပါအဝင္ ပါကစၥတန္အေရွ႕ပိုင္း၊ အိႏၵိယေျမာက္ပိုင္း၊ နီေပါ၊ဘူတန္ နဲ႔ အေနာက္ကမၻာမွာလည္း ေနထိုင္ၾကပါတယ္။South China Morning Post မွေဖာ္ျပခ်က္အရ Khampa ေဒသ Ding Zhen အမည္ရွိတိဘက္လူမ်ိဳးႏြယ္ျဖစ္တဲ့အသက္၂၀ အရြယ္အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ့ေခ်ာေမာၾကည့္ေကာင္းတဲ့႐ုပ္ရည္အသြင္အျပင္ေၾကာင့္ လူႀကိဳက္မ်ားလာခဲ့ပါတယ္။

တိဘက္ Khampa ေဒသရွိ Litang ၿမိဳ့မွာေနထိုင္တဲ့ Ding Zhen ကို Nyima ေကာင္တီအစည္းအေဝးတစ္ခုမွာ ဓာတ္ပုံပညာရွင္bloggerတစ္ဦးက ဓာတ္ပုံဖမ္းယူခဲ့ၿပီးေနာက္ သူ႔ကို လူသိမ်ားသြားၿပီး ေက်ာ္ၾကားလာခဲ့တာပါ။Mandarin ဘာသာစကားကိုအနည္းအက်ဥ္းသာတတ္တဲ့ Ding Zhen ဟာ ျမင္းေတြေမြးျမဴရတာကိုႏွစ္သက္ေၾကာင္း ဆိုထားပါတယ္။တစ္ညတည္းနဲ႔ ပရိတ္သတ္ ၃ သန္းေက်ာ္ရရွိခဲ့တဲ့ Ding Zhen ကို နာမည္ႀကီးေအဂ်င္စီေတြ နဲ႔ TVအစီအစဥ္ဖိတ္ၾကားမွုေတြအပါအဝင္ အလုပ္ကုမၸဏီမ်ားစြာက ကမ္းလွမ္းလာခဲ့ၾကပါတယ္။

Ding Zhen ဟာ အစိုးရပိုင္ခရီးသြားကုမၸဏီထံမွလစဥ္ေပးေခ်တဲ့အက်ိဳးခံစားခြင့္ေတြနဲ႔အတူ အျခားကမ္းလွမ္းခ်က္ေတြကို လက္ခံခဲ့ပါတယ္။လူမ်ိဳးႏြယ္စုတစ္စုႏွင့္ပတ္သက္တဲ့ onlineေက်ာ္ၾကားမွုေၾကာင့္ အင္တာနက္ေပၚမွာအျငင္းပြါးမွုေတြျဖစ္ေပၚေစခဲ့ၿပီး စီးပြါးေရးလုပ္ငန္းရွင္ေတြကအျပစ္မဲ့တဲ့လူငယ္တစ္ဦးရဲ့႐ုပ္ရည္အတြက္ကို အက်ိဳးအျမတ္ရယူေနတယ္လို့လည္း အင္တာနက္အသုံးျပဳသူမ်ားစြာက ေျပာဆိုထားၾကပါေသးတယ္။ဒါေပမဲ့ Ding Zhenရဲ့႐ုပ္ရည္ေလးက တကယ္လည္းၾကည့္ေကာင္းေနတာကိုေတာ့ ခံစားမိေနပါတယ္။

Mia (Mckzone Daily)

Source : siakapkeli

Unicode

တောင်အာရှနှင့်အရှေ့အာရှ လမ်းဆုံအကြားမှာနေထိုင်တဲ့တိဘက်လူမျိုးစုတွေရဲ့ လက်ရှိလူဦးရေမှာ ၆.၅ သန်းခန့်ရှိပါတယ်။တိဘက်လူမျိုးအမြောက်အများဟာ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာနေထိုင်ကြတဲ့အပြင် တရုတ်နိုင်ငံ ဂန်စူး၊ ကွင်ဟိုင်၊ စီချွမ်နဲ့ယူနန်မြို့တွေအပါအဝင် ပါကစ္စတန်အရှေ့ပိုင်း၊ အိန္ဒိယမြောက်ပိုင်း၊ နီပေါ၊ဘူတန် နဲ့ အနောက်ကမ္ဘာမှာလည်း နေထိုင်ကြပါတယ်။South China Morning Post မှဖော်ပြချက်အရ Khampa ဒေသ Ding Zhen အမည်ရှိတိဘက်လူမျိုးနွယ်ဖြစ်တဲ့အသက်၂၀ အရွယ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချောမောကြည့်ကောင်းတဲ့ရုပ်ရည်အသွင်အပြင်ကြောင့် လူကြိုက်များလာခဲ့ပါတယ်။

တိဘက် Khampa ဒေသရှိ Litang မြို့မှာနေထိုင်တဲ့ Ding Zhen ကို Nyima ကောင်တီအစည်းအဝေးတစ်ခုမှာ ဓာတ်ပုံပညာရှင်bloggerတစ်ဦးက ဓာတ်ပုံဖမ်းယူခဲ့ပြီးနောက် သူ့ကို လူသိများသွားပြီး ကျော်ကြားလာခဲ့တာပါ။Mandarin ဘာသာစကားကိုအနည်းအကျဉ်းသာတတ်တဲ့ Ding Zhen ဟာ မြင်းတွေမွေးမြူရတာကိုနှစ်သက်ကြောင်း ဆိုထားပါတယ်။တစ်ညတည်းနဲ့ ပရိတ်သတ် ၃ သန်းကျော်ရရှိခဲ့တဲ့ Ding Zhen ကို နာမည်ကြီးအေဂျင်စီတွေ နဲ့ TVအစီအစဉ်ဖိတ်ကြားမှုတွေအပါအဝင် အလုပ်ကုမ္ပဏီများစွာက ကမ်းလှမ်းလာခဲ့ကြပါတယ်။

Ding Zhen ဟာ အစိုးရပိုင်ခရီးသွားကုမ္ပဏီထံမှလစဉ်ပေးချေတဲ့အကျိုးခံစားခွင့်တွေနဲ့အတူ အခြားကမ်းလှမ်းချက်တွေကို လက်ခံခဲ့ပါတယ်။လူမျိုးနွယ်စုတစ်စုနှင့်ပတ်သက်တဲ့ onlineကျော်ကြားမှုကြောင့် အင်တာနက်ပေါ်မှာအငြင်းပွါးမှုတွေဖြစ်ပေါ်စေခဲ့ပြီး စီးပွါးရေးလုပ်ငန်းရှင်တွေကအပြစ်မဲ့တဲ့လူငယ်တစ်ဦးရဲ့ရုပ်ရည်အတွက်ကို အကျိုးအမြတ်ရယူနေတယ်လို့လည်း အင်တာနက်အသုံးပြုသူများစွာက ပြောဆိုထားကြပါသေးတယ်။ဒါပေမဲ့ Ding Zhenရဲ့ရုပ်ရည်လေးက တကယ်လည်းကြည့်ကောင်းနေတာကိုတော့ ခံစားမိနေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ၾကည့္ေကာင္းလြန္းတဲ့႐ုပ္ရည္ေၾကာင့္ တစ္ရက္တည္းနဲ႔ ပရိတ္သတ္ ၃သန္းေက်ာ္ရ႐ွိခဲ့ၿပီး အလုပ္ကမ္းလွမ္းမႈအမ်ားအျပားရ႐ွိခဲ့တဲ့ ေကာင္ေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*