ေခြးေလးေတြအတြက္ ဇိမ္ခံပစၥည္းေတြအျပည့္အစုံပါတဲ့အဆင့္ျမင့္ႏွစ္ထပ္အိမ္တစ္လုံးေဆာက္လုပ္ေပးခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ့အခ်စ္ေတာ္ေခြးေလးေတြအတြက္ ဇိမ္ခံပစၥည္းေတြအျပည့္ပါတဲ့အဆင္ျမင့္ႏွစ္ထပ္အိမ္ကိုေဆာက္လပ္ေပးခဲ့ပါတယ္။တ႐ုတ္ Social media မွာ တင္ထားတဲ့ဗီဒီယိုထဲကအရ အဆိုပါအမ်ိဳးသားေဆာက္လုပ္ေပးထားတဲ့အထူးႏွစ္ထပ္ေခြးအိမ္ထဲမွာ အျပည့္အဝအလုပ္လုပ္ေပးနိုင္တဲ့ေလေအးေပးစက္တစ္လုံးတပ္ဆင္ထားတဲ့အျပင္ ေနေရာင္ျခည္စြမ္းအင္ကိုသုံးၿပီး ျခင္ေတြကိုသတ္ေပးနိုင္တဲ့စက္ နဲ႔ အျပည့္အဝလည္ပတ္ေနတဲ့ေရႏုတ္ေျမာင္းစနစ္ကိုပါ တပ္ဆင္ထားပါေသးတယ္။

အဆိုပါအမ်ိဳးသားဟာ ေခြးအိမ္ထဲက ဘယ္လိုလၽွပ္စစ္ပစၥည္းေတြထဲကိုမဆို လုံျခဳံေရးကိရိယာေတြထည့္သြင္းေပးထားၿပီး ေခြးေလးေတြအတြက္ အလိုအေလ်ာက္အစားေကၽြးေပးတဲ့စက္ပါ ထည့္သြင္းေပးထားပါေသးတယ္။AsianCrush မွမၽွေဝတဲ့ဗီဒီယိုမွာေတြ႕ရတဲ့အတိုင္း ေခြးေလးေတြက ညေနပိုင္းေရခ်ိဳးခန္းသြားခ်င္ခဲ့ရင္ေတာ့ အိမ္တြင္းမွာလည္း မီးအလင္းေရာင္ေတြ ပါရွိေနပါတယ္။

ဒီအဆင့္ျမင့္ေခြးအိမ္ရဲ့အျခားသာယာအဆင္ေျပမွုေတြကေတာ့ ေရကူးကန္၊လုံျခဳံေရးကိုစီမံေပးတဲဲ့စက္႐ုပ္တစ္လုံး၊႐ုပ္ရွင္ၾကည့္တဲ့ေနရာ၊ spa အခန္းငယ္တစ္ခန္း၊ င႐ုတ္သီး နဲ႔ Wasabi မွုန္႔ေတြကိုသန႔္ရွင္းေပးတဲ့စက္႐ုပ္ တို့ဘဲ ျဖစ္ပါတယ္။ေခြးေလးေတြက ကစားတာ ဒါမွမဟုတ္ ကိုက္ျဖတ္တာေတြလုပ္ခဲ့ရင္ သန႔္ရွင္းေရးစက္႐ုပ္က တားဆီးေပးလိမ့္မယ္လို့ အဆိုပါအမ်ိဳးသားက ဆိုထားပါေသးတယ္။ေခြးေလးေတြကေတာ့ ခ်စ္တတ္လြန္းတဲ့သခင္ကို ပိုင္ဆိုင္ထားရေတာ့ အေတာ္ေလးစိတ္ခ်မ္းသာေနပုံပါဘဲ။

Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်နိုင်ငံရှိ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အချစ်တော်ခွေးလေးတွေအတွက် ဇိမ်ခံပစ္စည်းတွေအပြည့်ပါတဲ့အဆင်မြင့်နှစ်ထပ်အိမ်ကိုဆောက်လပ်ပေးခဲ့ပါတယ်။တရုတ် Social media မှာ တင်ထားတဲ့ဗီဒီယိုထဲကအရ အဆိုပါအမျိုးသားဆောက်လုပ်ပေးထားတဲ့အထူးနှစ်ထပ်ခွေးအိမ်ထဲမှာ အပြည့်အဝအလုပ်လုပ်ပေးနိုင်တဲ့လေအေးပေးစက်တစ်လုံးတပ်ဆင်ထားတဲ့အပြင် နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး ခြင်တွေကိုသတ်ပေးနိုင်တဲ့စက် နဲ့ အပြည့်အဝလည်ပတ်နေတဲ့ရေနုတ်မြောင်းစနစ်ကိုပါ တပ်ဆင်ထားပါသေးတယ်။

အဆိုပါအမျိုးသားဟာ ခွေးအိမ်ထဲက ဘယ်လိုလျှပ်စစ်ပစ္စည်းတွေထဲကိုမဆို လုံခြုံရေးကိရိယာတွေထည့်သွင်းပေးထားပြီး ခွေးလေးတွေအတွက် အလိုအလျောက်အစားကျွေးပေးတဲ့စက်ပါ ထည့်သွင်းပေးထားပါသေးတယ်။AsianCrush မှမျှဝေတဲ့ဗီဒီယိုမှာတွေ့ရတဲ့အတိုင်း ခွေးလေးတွေက ညနေပိုင်းရေချိုးခန်းသွားချင်ခဲ့ရင်တော့ အိမ်တွင်းမှာလည်း မီးအလင်းရောင်တွေ ပါရှိနေပါတယ်။

ဒီအဆင့်မြင့်ခွေးအိမ်ရဲ့အခြားသာယာအဆင်ပြေမှုတွေကတော့ ရေကူးကန်၊လုံခြုံရေးကိုစီမံပေးတဲ့စက်ရုပ်တစ်လုံး၊ရုပ်ရှင်ကြည့်တဲ့နေရာ၊ spa အခန်းငယ်တစ်ခန်း၊ ငရုတ်သီး နဲ့ Wasabi မှုန့်တွေကိုသန့်ရှင်းပေးတဲ့စက်ရုပ် တို့ဘဲ ဖြစ်ပါတယ်။ခွေးလေးတွေက ကစားတာ ဒါမှမဟုတ် ကိုက်ဖြတ်တာတွေလုပ်ခဲ့ရင် သန့်ရှင်းရေးစက်ရုပ်က တားဆီးပေးလိမ့်မယ်လို့ အဆိုပါအမျိုးသားက ဆိုထားပါသေးတယ်။ခွေးလေးတွေကတော့ ချစ်တတ်လွန်းတဲ့သခင်ကို ပိုင်ဆိုင်ထားရတော့ အတော်လေးစိတ်ချမ်းသာနေပုံပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment