Photoshop ကြောင့် သွားအပြည့်နဲ့ကြက်သီးထချင်စရာကောင်းအောင် ပြုံးရယ်နေကြတဲ့ ကလေးငယ်များ


1

2

3

4

5

6

7

8

9

10

11

Mia (Mckzone Daily)

Source : crafty

Unicode

Photoshop ဟာ ဘယ်ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာအတွက်မဆို မရှိမဖြစ်လိုအပ်တဲ့ကိရိယာတစ်ခုဖြစ်ပြီး ဓာတ်ပုံဆရာတို့အား ဖောက်သည်တွေလိုချင်တဲ့မှော်ဓာတ်ပုံတွေကိုဖန်တီးပေးဖို့ အမြဲကူညီပေးနိုင်ပါတယ်။ဒီပုံလေးတွေက Photoshop ဟာ ဘယ်သူမဆိုရဲ့မျက်နှာကို ပြုံးရယ်သွားအောင်လုပ်နိုင်ကြောင်းကို သက်သေပြနေပါတယ်။မိဘတိုင်းဟာ သူတို့ကလေးတွေ အသားနုပြီးသေးငယ်နေသေးတဲ့အချိန်မှာ ချစ်ဖို့ကောင်းတဲ့ဓာတ်ပုံလေးတွေ ရိုက်ထားတတ်ကြတာကို တွေ့ဖူးကြမှာပါ။ဒါပေမဲ့ Coffee Creek ဆိုတဲ့ဓာတ်ပုံစတူဒီယိုရဲ့ပိုင်ရှင် Amy Haehlကတော့ သူမရဲ့Photoshop စကေးနဲ့ သူမဆီလာရိုက်ဖူးတဲ့ကလေးလေးတွေကိုသွားအပြည့်ထည့်ပေးရင်း မိဘတိုင်းကို ပျော်ရွှင်သွားအောင်လုပ်ပေးလိုက်ပါတယ်။သွားအပြည့်နဲ့ရယ်နေတဲ့ကလေးတွေက အတော်လေးရယ်စရာကောင်းနေသလို ကြက်သီးထချင်စရာလည်းကောင်းနေပါတယ်။ကျွန်တော်ကတော့ ဒီပုံတွေကို ကြည့်ပြီး ကလေးတွေသဘာဝသွားမပါတာကို ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ဒီတော့ သွားအပြည့်နဲ့ပြုံးရယ်နေကြတဲ့ကလေးလေးတို့ရဲ့ပုံလေးတွေကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံး။

Mia (Mckzone Daily)

Be the first to comment on "Photoshop ကြောင့် သွားအပြည့်နဲ့ကြက်သီးထချင်စရာကောင်းအောင် ပြုံးရယ်နေကြတဲ့ ကလေးငယ်များ"

Leave a comment

Your email address will not be published.


*